Supraventricular Tachycardia နှလုံးခုန်မြန်ရောဂါ

လူနာက အသက် ၆၂ နှစ်၊ အမျိုးသမီးပါ။ ဆီးချိုူလည်း ရှိပါတယ်။ ရန်ကုန်မှာ လုပ်ရမှာဖြစ်ပါတယ်။ ၂ဝဝ၉ မှာတစ်ကြိမ်

November 22, 2014
Supraventricular Tachycardia နှလုံးခုန်မြန်ရောဂါ

Supraventricular Tachycardia

လူနာက အသက် ၆၂ နှစ်၊ အမျိုးသမီးပါ။ ဆီးချိုူလည်း ရှိပါတယ်။ ရန်ကုန်မှာ လုပ်ရမှာဖြစ်ပါတယ်။ ၂ဝဝ၉ မှာတစ်ကြိမ်ဘဲဖြစ်ခဲ့ဖူးပါတယ်။ လူနာက လုပ်ရမှာကြောက်နေလို့ လုပ်သင့် မသင့်မသိလို့ပါ။ SVT အကြောင်းလည်း ဗဟုသုတအနေနဲ့ သိချင်လို့ပါဆရာ။

Supraventricular tachycardia (SVT) ဆိုတာ ပုံမှန်ဖြစ်တတ်တဲ့ ကိုယ်လက်လှုတ်ရှားမှုလုပ်တာ၊ ကိုယ်ပူတာ၊ စိတ်ဖိအားများတာတွေကြောင့် မဟုတ်ဘဲ နှလုံးခုန်မြန်တာမျိုးဖြစ်တယ်။

အမျိုးအစား (၂) ခုရှိတယ်။
၁။ Atrioventricular nodal reentrant tachycardia (AVNRT) နဲ့
၂။ Atrioventricular reciprocating tachycardia (AVRT), including Wolff-Parkinson-White syndrome တွေ ဖြစ်တယ်။

တမိနစ်မှာ ၁ဝဝ ကျော်နေမယ်။ ၃ဝဝ အထိလဲ ရောက်နိုင်တယ်။ ဆေးကုလို့ဖြစ်ဖြစ်၊ သူ့အလိုလိုဖြစ်ဖြစ် ၆ဝ-၁ဝဝ ပြန်ရောက်နိုင်တယ်။ တချို့မှာ ရုတ်တရက်ဖြစ်ပြီး ရုတ်ရက်ပျောက်နိုင်တယ်။ တချို့မှာ ဘာမှ မခံစားရဘူး။ ခံစားရရင်၊ ခဏခဏဖြစ်နေရင်၊ ဖြစ်နေတာကြာရင် ဆေးကုဘို့လိုမယ်။ ဆေးစာမှာ SVT ကို Paroxysmal supraventricular tachycardia (PSVT) နဲ့ Paroxysmal atrial tachycardia (PAT) လို့လဲခေါ်သေးတယ်။

ဘာလို့ဖြစ်သလဲ
နှလုံးထဲက လျှပ်စစ်သွယ်တန်းမှုမှာ ချို့ယွင်းလို့ဖြစ်လာရတယ်။ ဘာလို့ အဲလိုလာဖြစ်သလဲကတော့ မရှင်းဘူး။ Digoxin နှလုံးဆေးနဲ့ Theophylline ပန်းနာဆေးတွေကြောင့်လဲ အဲလိုဖြစ်နိုင်တယ်။ Wolff-Parkinson-White syndrome က မိသားစုမျိုးရိုးလိုက်နိုင်တယ်။ COPD or Pneumonia အဆုပ်ရောဂါတွေကနေလဲ ဆက်ဖြစ်နိုင်တယ်။

အသက်ကိုအန္တရာယ်ပေးနိုင်တယ်ဆိုတာထက် နေရထိုင်ရခက်တာက ပြဿနာပိုဖြစ်တယ်။ ခံစားရရင်
• ရင်တုန်မယ်၊
• သွေးလွှတ်ကြောစမ်းရင် အတင်းအားကောင်းကောင်းနဲ ခုန်နေတာ စမ်းလို့ရမယ်။
• ခေါင်းမူးဝေဝေနဲ့ ပေါ့နေပြီး နေမထိဖြစ်နေမယ်။
• သတိလစ်ချင်သလောက်နီးနီး၊ တကယ်သတိလစ်ခြင်း၊
• အသက်ရှူတိုတောင်းခြင်း၊
• အသက်ရှူမြန်မယ်၊
• ရင်ပတ်နာမယ်၊
• လည်ပင်းထဲတင်းကျပ်နေမယ်၊
• ချွေးပြန်မယ်။

Electrocardiogram (EKG, ECG) ရိုက်ရမယ်။

ဘယ်လိုကုသမလဲ
SVTs ကို AV node ဆိုတဲ့နှလုံးနေရာလေးတခုနဲ့ဆိုင်တာနဲ့ မဆိုင်တာဆိုပြီး ၂ မျိုးရှိတယ်။

ဆိုင်တဲ့ဟာဆိုရင် AV nodal blocking နည်းသုံးတယ်။ Physical maneuvers ရုပ်ပိုင်းနည်း = Vagal maneuvers လို့ခေါ်တယ်။ ရင်ပတ်ထဲမှာ ဖိအားကိုများစေအာင် တမင် လုပ်နည်းဖြစ်တယ်။ ချောင်းဆိုးမယ်၊ အသက်မရှူဘဲ အောင့်ထားမယ်၊ ရှူထုတ်တဲ့အခါ အားနဲ့ထုတ်မယ်၊ နှာခေါင်းကို ပိတ်ထားပြီးမှ အသက်ရှူထုတ်မယ်။ မျက်နှာပေါ်ရေခဲတင်တာ၊ Carotid sinus massage လည်ပင်းမှာ နေရာလေးတခုကို နှိပ်ပေးနည်းလဲ သုံးနိုင်တယ်။ အသက်သိပ်ကြီးနေသူကိုတော့ မလုပ်စေပါ။

Adenosine ဆေးကို အထက်ကနည်းတွေနဲ့ မရရင် ဆေးမယ်။ ဒီဆေးနဲ့သက်သာရင် Diltiazem, Verapamil or Aetoprolol တွေနဲ့ ထိန်းထားပေးမယ်။ Adenosine ဆေးကို ကိုယ်ဝန်ဆောင်နေချိန်မှာလဲ ပေးနိုင်တယ်။

AV node နဲ့မဆိုင်တဲ့ SVT ရောဂါအမျိုးအစားဆိုရင် Sotalol နဲ့ Amiodarone ဆေးတွေပေးတယ်။

Electrical cardioversion လျှပ်စစ်နည်းနဲ့လဲ ကုသပေးချင်ပေးမယ်။ လူနာအခြေအနေက မတည်ငြိမ်ရင်၊ ဆေးတွေနဲ့လဲ မနိုင်ရင် ဒီနည်းသုံးနိုင်တယ်။ Synchronized electrical cardioversion လို့လဲခေါ်တယ်။ Catheter ablation ခွဲစိတ်နည်းလဲ ရှိတယ်။

အရက်နဲ့မတည့်ပါ။ ကေဖင်း (ကော်ဖီ) နဲ့ မတည့်ပါ။ ဆေးလိပ်နဲ့ မတည့်ပါ။ တိုင်းရင်းဆေး၊ ဟာဗယ်လ်ဆေး၊ အားဆေးဆိုပြီးဆိုင်တွေမှာ ကြော်ညာပြီးရောင်းတဲ့ဆေးတွေနဲ့ မတည့်ပါ။ Decongestants အအေးမိပျောက်ဆေး သောက်ရင် သတိထားပါ။ Cocaine, Ecstasy, or Methamphetamine တရားမဝင်ဆေးတွေနဲ့ မတည့်ပါ။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/supraventricular-tachycardia.html


Healthy Life

253 Blog posts

Comments