Submucous fibroids သားအိမ် အတွင်းလွှာက အလုံး

(၁) ကျွန်မ အသက်မှာ 40 ဖြစ်ပြီး 2005 ခုနှစ်တွင် အိမ်ထောင်ကျခဲ့ပြီး ယခု သမီး ၇ နှစ်နှင့် သား ၄ နှစ် ထွန်းကားခဲ့ပြီ

November 20, 2014
Submucous fibroids သားအိမ် အတွင်းလွှာက အလုံး

Submucous fibroids

(၁) ကျွန်မ အသက်မှာ 40 ဖြစ်ပြီး 2005 ခုနှစ်တွင် အိမ်ထောင်ကျခဲ့ပြီး ယခု သမီး ၇ နှစ်နှင့် သား ၄ နှစ် ထွန်းကားခဲ့ပြီး ဖြစ်သည်။ယခုလက်ရှိ ရန်ကုန်မြို့ တွင်နေထိုင်လျှက်ရှိပြီး ဆရာဝန့် နှင့် ပြသလျှက်ရှိပါသည်။ လွန်ခဲ့တဲ့ Nov. 13 လောက်မှ Ultrasound ရိုက်ကြည့်တာ၊သားအိမ်ထဲမှာ အလုံးတွေ့ရှိနေကြောင်းနဲ့ အခုဆိုရင် 3.2cm x 2.7cm လောက် ရှိနေပြီး တွေ့သမျှ OG တိုင်းကတော့ ခွဲထုတ်ပြီး သားအိမ်ပါထုတ်ပစ်မည့်အကြောင်း ပြောကြသည်။ ကျွန်မမှာ Thyroid နဲ့ပက်သက်ပြီး cazole ဆေးစားခဲ့သည်မှာ တနှစ်ခွဲရှိပြီး သွေးခုန်နှုန်း မြန်နေသောကြောင့် မခွဲခိုင်းသေးသောကြောင့် မခွဲရသေးပါ။ကာလကြာမြင့်စွာ ကြာနေသောကြောင့် အလုံးများထပ်ပွားလာမည်ထင်ပါသည်။ ဆရာ့ဆေးစာကို facebook မှာ တင်ထားတာတွေ့သောကြောင့် သားအိမ်ထုတ်ပစ်စရာ မလိုသောနည်းလမ်းကို အသုံးပြုချင်ပါသည်။ မြန်မာနိုင်ငံတွင် လုပ်ပေးပါသလား။ ဘယ်နေရာမျိုးတွေမှာ လုပ်ပေးပါသလဲဆိုတာသိချင်ပါသည်။ လက်ရှိခံစားနေရသော အမျိုးအစားမှာ သားအိမ်အတွင်းတွင်အလုံးများဖြစ်ခြင်း ထင်ပါသည်။ တစ်လတစ်ခါ ရာသီလာချိန်တွင် မခံမရပ်နိုင်အောင် နာကျင်ခံစားရပြီး သွေးခဲများဆင်းခြင်းဖြစ်ပါသည်။ ယခုဆိုလျှင် ၅ ရက်လောက် ဆင်းတတ်ပါသည်။ ကျန်ခဲ့သော တလလုံးတွင် မည်သို့သောခံစားချက်မျှမဖြစ်ပါ။ ယခင် Ultrasound ရိုက်ရာတွင် သားအိမ်ကြီးနေသည်ဟုပြောဘူးပါသည်။

(၂) ကျမရဲ့အသက်က ၃၃ နှစ် ဖြစ်ပါတယ်။ အိမ်ထောင်သက် ၅ လကျော် ကြာမြင့်ခဲ့ပါပြီ။ အိမ်ထောင်ပြုတဲ့ အသက်အရွယ် အပိုင်းအခြားအရ Generation Gap ဖြစ်နိုင်မည်ကိုစိုးရွံ့မိပြီး မည့်သည့်တားဆေးသုံးစွဲမှုကိုမှ မပြုလုပ်ခဲ့ပါ။ ငယ်စဉ်ကတည်းက မိခင်ကောင်းတစ်ယောက်ဖြစ်ခွင့်ရလိုခဲ့ပြီး အိမ်ထောက်ကျစဉ်မှစပြီး အဲဒီ့အခွင့်အရေးအတွက် အမြဲတမ်း မျှော်လင့်တမ်းတမိခဲ့ပါတယ်။ ပြီးခဲ့သောလမှစတင်ပြီး ပုံမှတ်လစဉ် ရာသီသွေး ပမာဏထက် ပိုများလာသလို ခံစားမိသောကြောင့် OG ထံပြကြည့်ရာမှ Ultrasound Result မှာ Sub-mucous Fibroid (3.5 x 4.2 cm) ရှိကြောင်းသိရှိခဲ့ရပါတယ်။ Ultrasound ရိုက်ပေးသော ဆရာမကြီးမှ သားသမီးရရန် ခက်ခဲနိုင်ကြောင်းပြောခဲ့ပြီး OG ထံ အကြံရယူစေပါတယ်။ သမီးလက်ရှိ OG့ နှင့်ပြနေပြီး လစဉ် လာအပြီး ၁၅ ရက်မြောက်မှာ Duphaston 10 mg အား ၁၅ ရက် သောက်စေခဲ့ပါတယ်။ ရာသီကာလ အတွင်းမှာ Ferrovit + Kstat + Kremil S ကို ၅ ရက်ကြာ သောက်စေခဲ့ပါတယ်။့ မှ ခွဲစိတ်မှု မလုပ်သေးဘဲ သဘာဝအတိုင်း သားသမီးရနိုင်ရန် ၃ လ ကြိုးစားစေလိုပြီး နောက်သုံးလအကြာမှာ ပြန်လာပြဖို့ ပြောပါတယ်။ မိသားစုတွင်းမှာလည်း ဆရာဝန်များရှိတာမို့ Major Operation တစ်ခုရဲ့ နောက်ဆက်တွဲ အကျိုးဆက် တွေကိုလည်း အထိုက်အလျှေက်တော့ သိခဲ့ရပါတယ်။ ဒါ့အပြင် Sub-mucous Fibroid အကြောင်း အင်တာနက်မှ စာတွေ ထပ်ဖတ်တိုင်း ဖြစ်လာနိုင်တဲ့အရာတွေကို တွေ့မြင်ရတဲ့ အခါလည်း တွေးကြောက်မိပြီး ညအိမ်မပျော်ဖြစ်ရပါတယ်။ Sub-mucous Fibroid တွေဟာ In-fertilize ဖြစ်ဖို့ တကယ်ကို ခက်ခဲတာလား၊ တကယ်လို့ သားသမီး ရလာခဲ့ရင်ရော ပျက်တာ၊ စောမွေးတာတွေ တကယ်ဖြစ်စေနိုင်သလား ဆိုတာကိုပါ။ ဒီမေးခွန်းတွေကို ဆရာမကြီး့ က စိတ်မပူပန်စေချင်လို့လား မသိပါဘူး၊ သီအိုရီထဲကအတိုင်း လူနာတိုင်းက ခံစားရတာ မဟုတ်ဘူးလို့ပဲ အဖြေပေးခဲ့ပါတယ်။ နောက်နှစ်လဆို ခွဲစိတ်ဖို့ လုပ်သင့်၊ မသင့် ဆုံးဖြတ်ရတော့မှာပါ။ ခွဲစိတ်ဖြစ်ပြီး နှစ်နှစ်အကြာ သားသမီး ပြန်ယူနိုင်မယ်ဆိုရင်တော့ စွန့်စားသင့်ပြီး တကယ်လို့ ခွဲစိတ်ရင်းဖြစ်လာနိုင်တဲ့ သားအိမ်မျက်နှာပြင်ထိခိုက်ခဲ့ရင် ထုတ်ပစ်လိုက်ရမှာမလား ဆိုတာကိုလည်း ကြိုတင်မသိနိုင်တာမို့ ခွဲခန်းထဲကို ဝင်ရမှာကို စိုးထိတ်နေမိပြန်တယ်။ ဆရာဝန် ပေးတဲ့ဆေးတွေကိုလည်း မှန်မှန်သောက်နေရတာကလွဲရင် သမီးတခြားဘာမှလည်း ထပ်မလုပ်တတ်တာမို့ ဆရာက တစ်ခုခု အကြံဉာဏ်ပေးစေလိုပါတယ်။

ပဌမမေးတာ သိပ်မရှင်းပါ။ သားအိမ်အကျိတ် (အလုံး) ရောဂါအမည်စာလုံးပေါင်း သိပါသလား။ တလုံးထဲလား တလုံးမကရှိသလား။ ရာသီဆင်းတာများပြီး Myoma/Fibroid ဖြစ်မယ်ဆိုရင် အကျိတ် (အလုံး) က သားအိမ် အတွင်းဆုံးလွှာ အောက်မှာရှိနေတာဖြစ်ပါမယ်။ သားအိမ်ထုတ်-မထုတ်ကို ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။
Fibroids Cure without losing Uterus သားအိမ်မဆုံးဘဲ အလုံးပျောက်စေနည်း ကိုလဲ ကုသပေးမဲ့ဆရာဝန်ကိုဘဲ ဆွေးနွေးပါ။ မြန်မာပြည်ထဲမှာ လုပ်-မလုပ်ကို ဆရာမသိပါ။ စာတပုဒ်ပို့ပါတယ်။ လိုသေးရင်မေးပါ။

သားအိမ်အကျိတ် (အလုံး၊ အသားပို)၊ Myoma (မိုင်ယိုးမား)၊ နဲ့ Fibroids (ဖိုက်ဘရွိုက်) အကြောင်း ရေးပြီးဖြစ်ပါတယ်။ အခုမေတးာက အဲဒီအလုံးတည်ရှိတဲ့နေရာ ထူးခြားမှုကြောင့် ထူးခြားတာတွေရှိတယ်။

သားအိမ်အတွင်းဆုံးအလွှာအောက်မှာရှိတဲ့အမျိုးအစားဖြစ်နေတယ်။ ကျန်တဲ့ သားအိမ်ကြွက်သားလွှာထဲရှိတာနဲ့ သားအိမ်အပြင်လွှာအောက်မှာရှိနေတာမျိုးတွေနဲ့ ခံစားရတာ မတူပါ။ အခုအမျိုးအစားမှာ ရာသီသွေးပိုဆင်းမယ်။ ရာသီဆိုတာ သားအိမ်အတွင်းဆုံးလွှာကနေဆင်းတာ။ သူ့အောက်မှာ အလုံးကြောင့်ဖေါင်းကြွနေပြီး မျက်နှာပြင် ပိုကျယ်ပြန့်နေမယ်။ ဒါကြောင့် ရာသီပိုများတယ်။

ကုသနည်းမှာလဲ တမျိုးစဉ်းစာရတယ်။ ရာသီပိုများမနေတာကို ကြာကြာထားလို့ တော်သေးတယ်။ များနေတာက ကြာရင် သွေးအားနည်းလာမယ်။ ခွဲရင်လဲ နောင်ကိုယ်ဝန်ယူဘို့အတွက် ခက်နိုင်ပြန်တယ်။

သားအိမ်အလုံး ရှိနေတုံးမှာ ကိုယ်ဝန်ဆောင်လာရင် ဘာဖြစ်လာနိုင်သလဲဆိုတာ ကြိုပြောမရပါ။ အများအားဖြင့်တော့ Fibroids ကပိုကြီးမလာကြပါ။ ကလေးကိုလဲ ဘာမှ မဖြစ်စေပါ။ ကိုယ်ဝန်နဲ့တွဲရှိနေလို့လဲ ဗိုက်ခွဲမွေးကိုမွေးရမယ်လို့ မဆိုလိုပါ။ လူနာတဦးချင်းအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရတယ်။ Fibroids ရှိနေတုံးမှာ ခံစားနေရတာတွေ (သွေးဆင်းများ၊ နာ) မရှိရင် မခွဲသေးဘဲ နေနိုင်တယ်။ တခုခုခံစားလာပြီဆိုရင် -
1. Submucous fibroids အများစုကို ခွဲထုတ်သင့်တယ်။
2. Intramural fibroids ဆိုရင်လဲ ကိုယ်ဝန်မဆောင်ခင် ခွဲထုတ်သင့်တယ်။
3. Intramural myomas ဆိုရင် မခွဲသေးဘဲ နေနိုင်တယ်။
4. Subserous myomas ဆိုရင် မခွဲသေးဘဲ နေနိုင်တယ်။

ဆန်းစစ်မှုတခုရဲ့ ကောက်ချက်
“Submucosal သားအိမ်အတွင်းဆုံးလွှာအောက် နဲ့ Intracavitary သာအိမ်ခေါင်းထဲမှာနေတဲ့ Fibroids တွေဟာ ကလေးရစေနိုင်စွမ်း နည်းတယ်။ Hysteroscopic myomectomy ခွဲစိတ်နည်းနဲ့ဆိုရင် သက်သာတယ်” လို့ တွေ့ရတယ်။ ကလေး မရနိုင်တော့တာလို့ မဆိုလိုပါ။ ကိရိယာသုံးပြီး ခွဲစိတ်နည်းနဲ့လုပ်ရင် ကိုယ်ဝန်ရနိုင်မှု တိုးစေမယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/submucous-fibroids.html


Healthy Life

253 Blog posts

Comments