Submucous fibroids
Uterine Fibroid Treatments သားအိမ်အကျိတ်ကုသနည်း အမျိုးမျိုး
ယမုန်နာဒုက္ခသည်ဆေးခန်းလေးမှာ ပဌမဆုံးခွဲစိတ် ထုတ်ပေးခဲ့ရတဲ့ Fibroid/Myoma သားအိမ်အလုံးက အချင်းမျဉ်း ရ့၅ စင်တီမီတာရှိတယ်။ လူနာက ကလေးတယောက် ရထားပြီး အိမ်ထောင်နဲ့ ကွဲသွားတာတဲ့။ မေ့ဆေးဆရာဝန်လဲ မရှိပါ။ အရေးထဲ မေ့ဆေးက မလောက်လို့ အိပ်ဆေးနဲ့ဆက်ပြီး ခက်ခက်ခဲခဲခွဲတယ်။ ခက်တယ်ဆိုတာက အကျိတ်က သားအိမ်နောက်ဖက်မှာနေလို့ လက်ဝင်ရခက်တယ်။ နောက်ပြီး ကလေးလဲ ယူနိုင်သေးတော့ အလုံးသပ်သပ်ရအောင်၊ သားအိမ်လဲ အကောင်းအတိုင်း ကျန်နိုင်အောင် မရမက ထုတ်ပေးလိုက်ပါတယ်။ မကြာပါဘူး၊ အိမ်ထောင် ထပ်ကျပြီး နောက်ကလေးကို ၃-၁-၂ဝ၁၁ ရက်က ဆေးခန်းမှာဘဲ လာမွေးသွားပြီ။ ခွဲလူနာနံပါတ် ၄၈၂ နဲ့ မွေးလူနာနံပါတ် ၁၆၅ ဖြစ်တယ်။ မိခင်ရော ကလေးပါ ကျန်းမာလျက်ပါ။ အခုတော့ အမေရိကားလားမသိဘူး ရောက်သွားပြီ။
သားအိမ်အလုံးရောဂါကို ခွဲရာမှာလဲ သားအိမ်ပါထုတ်တာလဲ တချို့လူနာတွေကို လုပ်ပါတယ်။ အဲလို (၁) Surgery သမားရိုးကျခွဲစိတ်နည်းမဟုတ်တာနဲ့လဲ ကုသနိုင်တာတွေရှိပါသေးတယ်။
(၂) Uterine Fibroid Embolization (UFE) သားအိမ်မဆုံးဘဲ အလုံးပျောက်စေနည်းအကြောင်း သပ်သပ် ရေးထားပါတယ်။
(၃) Hormonal ဟော်မုန်းပေးနည်း
ခွဲစိတ်တာမဟုတ်ဘဲ တချို့ကို ဟော်မုန်းပေးနည်း နဲ့ သဘာဝဆေးနည်းတွေ လုပ်နိုင်တယ်။ လုံးဝပျောက်မှာတော့ မဟုတ်ပါ။ ဟော်မုန်းရဲ့ အလိုချင်တဲ့ အကျိုးတွေလဲ ရှိလို့ ခွဲစိတ်ကုသတာ အကောင်းဆုံး ဖြစ်တယ်။ Laser surgery နည်းလဲ တချို့အတွက် သုံးလို့ရတယ်။ အထက်မှာရေးခဲ့သလို (UFE) နည်းကိုလဲ လုပ်နိုင်တယ်။ ခွဲစိတ်ကုသရာမှာ အလုံးသပ်သပ်ထုတ်တာ နဲ့ သားအိမ်ကိုပါ ထုတ်တာဆိုပြီး ၂ နည်းရှိတယ်။ အကောင်းဆုံးနည်းက ဗိုက်ဖွင့်ပြီး အလုံးသပ်သပ် ထုတ်နည်း ဖြစ်တယ်။ ဆေးရုံတိုင်းမှာ လုပ်နိုင်ပြီး အကုန်အကျလဲ မများဘူး။
(၄) Laser Treatment သာအိမ်အကျိတ်အား လေးဆာနည်းဖြင့်ကုသခြင်း
ခွဲစိတ်ဓါးမသုံးလို့ ဓါးရာနဲ့ အမာရွတ်မရှိပါ။ သွေးထွက်တာနည်းတယ်။ ရိုးရိုးခွဲစိတ်နည်းထက် နောက်ဆက်တွဲဖြစ်တတ်တာ ပိုနည်းတယ်။ နောင်မှာ ကလေးမရ ဖြစ်နိုင်တဲ့ အခွင့်အလမ်း ပိုနည်းတယ်။ သားအိမ်က အတိုင်းသားကျန်နေမယ်။ ဆေးရုံနေရတာနအချိန်တိုတယ်။ နလံထမြန်မယ်။
ကုသနည်းက အသစ်ဖြစ်နေလို့ လေ့လာမှု မစုံလှသေးပါ။ ဘယ်လောက်အထိ ပိုသလဲ၊ နည်းသလဲပြောဘို့ စောပါသေးတယ်။ သားအိမ်အကျိတ်ကနေ ကင်ဆာဖြစ်မှ အခွင့်အလမ်း အင်မတန်နည်းပေမဲ့ လိုလိုမယ်မယ် ကင်ဆာ (ဆဲလ်) တွေ ရှိ-မရှိ စစ်ဆေးဘို့ အသားစ မရနိုင်ပါ။
ခွဲပြီးတာနဲ့ ၆ လ အတွင်း ၄ဝ% သေးငယ်သွားစေမယ်။ ပြန်မဖြစ်ဘူးလို့ မပြောနိုင်ပါ။ နောက်ကလေးရနိုင်တယ်။
ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/uterine-fibroid-treatments.html