Ovarian cancer မျိုးဥအိမ်ကင်ဆာ

• မျိုးဥအိမ်ထဲမှာ တစ်ရှူး အမျိုးမျိုးတွေကနေ ကင်ဆာအမျိုးမျိုးကိုဖြစ်စေနိုင်တယ်။ ဥပမာ epithelial ovarian, fallopian tube, and primary pe

November 20, 2014
Ovarian cancer မျိုးဥအိမ်ကင်ဆာ

Ovarian cancer

• မျိုးဥအိမ်ထဲမှာ တစ်ရှူး အမျိုးမျိုးတွေကနေ ကင်ဆာအမျိုးမျိုးကိုဖြစ်စေနိုင်တယ်။ ဥပမာ epithelial ovarian, fallopian tube, and primary peritoneal တွေဖြစ်တယ်။ germ cell tumors နဲ့ sex cord-stromal tumors ဆိုတာတွေက ရှားတဲ့အမျိုးအစားတွေဖြစ်တယ်။
• Epithelial ovarian cancer ဆိုတာက ၇ဝ% ရှိတယ်။ ဒီအထဲမှာ Borderline ovarian tumors ကြားကျတဲ့ အမျိုးအစားက ၁ဝ% ရှိတယ်။
• ဘယ်လို အမျိုးသမီးတွေမှာ ပိုဖြစ်တတ်သလဲ။ ရာသီနဲ့ဆိုင်တယ်။ အပျိုဖြစ်စောတာနဲ့ သွေးဆုံးနောက်ကျတာ၊ ကလေးမရတာတွေကနေ ပိုဖြစ်စေနိုင်တယ်။ ၁ဝ% က မျိုးရိုးလိုက်တယ်။
• ရောဂါရှိနေတာကို ဘယ်လိုသမလဲ၊
- စစ်ဆေးတာ၊ ဓါတ်ခွဲခန်းစစ်တာတွေနဲ့တော့ မသိသာဘူး။ ခွဲထုတ်တာနဲ့ Biopsyအသားစဖြတ်စစ်မှသာ သေချာတယ်။
- Ultrasound နဲ့ CT (CAT) လုပ်ကြတာများတယ်။
- သွေးစစ်ရင် CA-125 များနေနိုင်တယ်။ လူတိုင်းမဟုတ်ပြန်ဘူး။
- HE4 စစ်ဆေးနည်းကအသစ်ဖြစ်တယ်။
- OVA-1 နည်းဆိုတာလဲရှိသေးတယ်။
• အဆင့် (၁) မျိုးဥအိမ် တဖက်တည်း၊ ဒါမှမဟုတ် ၂ ဖက်လုံးမှာသာရှိပြီး တခြားနေရာတွေကိုမရောက်သေးဘူး၊
• အဆင့် (၂) တင်ပါးဆုံတွင်းမှာသာရောက်သေးတယ်၊
• အဆင့် (၃) အသဲကလွဲပြီး ဗိုက်ထဲကအင်္ဂါတွေနဲ့ တက်စေ့တွေဆီရောက်နေပြီ၊
• အဆင့် (၄) တခြားနေရာတွေဆီရောက်ပြီ။
• ကုသနည်းတွေ = (၁) ခွဲစိတ်ခြင်း နဲ့ (၂) ကင်ဆာဆေးပေးခြင်း၊
• Epithelial ovarian cancer ဆိုတာ သေစေနိုင်တဲ့ဆိုးတဲ့အမျိုးအစားဖြစ်တယ်။
• စောစောသိလို့ ဆေးကုသရင် အလားအလာကောင်းတယ်။ အဆင့် (၁) ၉၂% ဟာ ၅ နှစ်အသက်ရှင်တယ်။ ပျမ်းမျှဆိုရင် ၄၅% သာရှိတယ်။
• Germ cell နဲ့ stromal tumors တွေကသက်သာတယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/ovarian-cancer.html


Healthy Life

253 Blog posts

Comments