Pregnancy and Sleeping pills ကိုယ်ဝန် နဲ့ အိပ်ဆေး

ဆရာရှင်‌့ သမီးကအခုကိုယ်ဝန် ၂ လထဲမှာပါ။ ပြီးခဲ့တဲ့ရက် ၂ဝ ‌လောက်ကမှ ကိုယ်ဝန်ရှိပြီဆိုတာ ဆီးစစ်ကြည့်လို့

Pregnancy and Sleeping pills ကိုယ်ဝန် နဲ့ အိပ်ဆေး

ဆရာရှင်‌့ သမီးကအခုကိုယ်ဝန် ၂ လထဲမှာပါ။ ပြီးခဲ့တဲ့ရက် ၂ဝ ‌လောက်ကမှ ကိုယ်ဝန်ရှိပြီဆိုတာ ဆီးစစ်ကြည့်လို့ သိရပါတယ်။ ညဘက်အိပ်မရတာ အိပ်‌‌ဆေး‌သောက်လို့ရလားဆရာ။

ကိုယ်ဝန် နောက်ဆုံး ၃ လမှာ အအိပ်ပျက်တာများကြတယ်။ နုသေးရင် ကိုယ်ရောစိတ်ရော အကြောင်းခံတွေကနေ အိပ်ရေးကို ဒုက္ခပေးနိုင်တယ်။ ကြွက်တက်တာ၊ ဆီးထသွားချင်တာ၊ အလွန်ဆော့တဲ့ကလေး၊ ကိုယ်ဝန်အရွယ်အစား ကြီးလာလို့ ဘယ်ညာလှည့်တိုင်းနိုးလာတာ၊ ခါးနာတာ၊ အိပ်မက်၊ မွေးဖွါးရမှာကို ကြိုပြီးကြောင့်ကျစိတ်ဝင်တာတွေကနေ ဖြစ်စေတယ်။

ကြွက်တက်တာသက်သာအောင် ခြေပိုင်းလေ့ကျင့်ခန်းလို လှုတ်ရှားမှုမျိုး အမြဲလုပ်ပါ။ Calcium ဆေးသောက်ပေးပါ။ အိပ်ရင် တဖက်စောင်း၊ ဒူးကွေးအိပ်ပါ။ ခါးနာသက်သာအောင် ခေါင်းအုံးပို လိုတဲ့နေရာမှာ ုံးပါ။ ဆီးထမသွာရအောင် အိပ်ခါနီး ရေ-အရည် (ကော်ဖီ၊ လဖက်ရည်) လျှော့သောက်ပါ။ နေ့ခင်းမှာ ပိုသောက်ဘို့ မမေ့ပါနဲ့။ Two-ply sheet with two glossy sides စပါယ်ရှယ်အိပ်ယာခင်းသုံးပါ။ မအိပ်ခင် တီဗွီကြည့်တာ၊ စာဖတ်တာတွေထဲ စိတ်ထိခိုက်၊ အနှောင့် အယှက်ပြုမှာတွေ ရှောင်ပါ။ စိတ်ငြိမ်နည်း၊ ပုတီးစိတ်၊ တရားထိုင်၊ ချည်ထိုး၊ ရေနွေးချိုး၊ သာယာညင်သာတဲ့ တေးဂီတ။

• Benadryl နဲ့ Ambien တွေကို Class B medications လို့ သတ်မှတ်ထားတယ်။ ဆိုလိုတာက ကိစ္စမရှိတဲ့ သဘောပါ။
• Sonata, Lunesta, and Rozerem တွေကတော့ Class C ဖြစ်လို့ မရေရာဘူး ပြောတာပါ။ Class A ဆိုတာ မရှိသေးပါ။
• အရင်ကတည်းကသုံးတဲ့ Depressants ငြိမ်ဆေး Zolpidem (Ambien®) and zaleplon (Sonata®) တွေ ရှိတယ်။ ရာနှုန်းပြည့် စိတ်ချရတယ်လို့ ဆရာဝန်တွေက အာမမခံပါ။ ဆေးက ကလေးဆီ ရောက်နိုင်တယ်။
• Lunesta (Eszopiclone) အိပ်ဆေးက Pregnancy Category C ဖြစ်လို့ ရောဂါနဲ့ ဖြစ်ခြင်တာ ချိန်ဆရတယ်။
• Nonbenzodiazepine Hypnotic Medications (Zaleplon, Zolpidem Tartrate (Ambien) and Eszopiclone) တွေကို ရေတိုအတွက် ပေးတတ်ပါတယ်။
• Benzodiazepine Hypnotic Medications (Estazolam, Triazolam and Temazepam) တွေကိုလဲ သုံးခဲ့ကြတယ်။
• Sedative Antidepressants (Amitriptyline, Trazodone and Nortriptyline) တွေကိုလဲ သုံးခဲ့ကြတယ်။
• Antihistamines ဆေးတွေကလဲ အိပ်ဆေးမဟုတ်ပေမဲ့ အိပ်ခြင်စေတယ်။ ဆေးဆိုင်းတိုင်းမှာ ဝယ်ရတယ်။ ဥပမာ Doxylamine and Diphenhydramine တွေက အမေရိကမှာရောင်းတယ်။ နိုင်ငံတိုင်းမှာ နယ်မည်အမျိုးမျိုးနဲ့ရှိတယ်။ အအေးမိ၊ အလာဂျီဖြစ် စတာတွေအတွက် သုံးနေကြတဲ့ဆေးတွေ ဖြစ်တယ်။
• FDA ကနေ ကိုယ်ဝန်ဆောင်မှာ လုံးဝစိတ်ချရတဲ့ အိပ်ဆေးရယ်လို့ အာမခံတာ မရှိသေးပါ။

Dr. တင့်ဆွေ
SHARE
Credit Source: https://doctortintswe.blogspot.com/2014/11/pregnancy-and-sleeping-pills.html


Healthy Life

253 Blog posts

Comments