Hepatitis C latest အသည်းရောင် (စီ) ပိုး နောက်ဆုံးအခြေအနေ

ဆရာရှင့် သမီးရဲ့အဒေါ်က အသက် ၅၂ နှစ်ပါ။ စီပိုးရှိပါတယ်။ ပိုးကောင်ရေစစ်ကြည့်တော့ သန်းချီပြီး ရှိနေပါတယ်ဆ

November 15, 2014
Hepatitis C latest အသည်းရောင် (စီ) ပိုး နောက်ဆုံးအခြေအနေ

Hepatitis C latest

ဆရာရှင့် သမီးရဲ့အဒေါ်က အသက် ၅၂ နှစ်ပါ။ စီပိုးရှိပါတယ်။ ပိုးကောင်ရေစစ်ကြည့်တော့ သန်းချီပြီး ရှိနေပါတယ်ဆရာ။ အသိတွေက ဣသရမူလီအရွက်စားရင် ပျောက်တယ်ဆိုလို့ ၆ လလောက်စားပြီး ပြန်စစ်ကြည့်တော့ ပိုးကောင်ရေက လျော့မသွားဘဲ ပိုတိုးနေပါတယ်ဆရာ။ အခုဆိုရင် ၅ သန်းကျော်တောင်ရှိနေပါပြီ။ ပိုးကောင်ရေ လျော့သွားအောင် ထပ်မတိုးလာအောင် ဘယ်လိုဆေးတွေသောက်ရမယ်ဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါရှင့်။

• အသည်းရောင် (စီ) ဗိုင်းရပ်စ်ပိုးကူးစက်ခံရလို့ ရက်တိုဖြစ်ဖြစ် နာတာရှည်ဖြစ်ဖြစ် အသည်းရောင်လာတာကို ခေါ်တယ်။ ပေါ့သေးသေးကနေစပြီး တသက်လုံးရနေမဲ့ရောဂါမျိုးဖြစ်တယ်။
• အသည်းရောင် (စီ) ဗိုင်းရပ်စ်ပိုးဟာ သွေးကတဆင့်ကူးစက်တယ်။
• လူပေါင်း သန်း ၁၃ဝ ကနေ ၁၅ဝ အထိ နာတာရှည်အသည်းရောင်ရောဂါရနေကြတယ်။ သူတို့ထဲက အတော်များများ (အကုန်မဟုတ်ပါ) ဟာ အသည်းခြောက်တာနဲ့ အသည်းကင်ဆာဖြစ်လာနိုင်တယ်။ တနှစ်မှာ လူပေါင်း ၃ သိန်းခွဲကနေ ၅ သိန်းခွဲ ဒီရောဂါနဲ့သေဆုံးနေကြရတယ်။
• ဗိုင်းရပ်စ်ဆေးပေးရင် ပျောက်နိုင်တယ်။ ခက်နေတာက ရောဂါရှာရတာနဲ့ ဆေးကို လက်လှမ်းမီသူ နည်းလွန်းနေသေးတယ်။ ဆေးပေးရင် ၅ဝ% ကနေ ၉ဝ% အောင်မြင်မှုရှိတယ်။
• အခုထိ ကာကွယ်ဆေးမပေါ်သေးပါ။
• ပိုးဝင်ထားပေမဲ့ ၁၅-၄၅% မှာ ၆ လအတွင်းမှာ အလိုလိုပိုးကင်းသွားတာတွေ့ရတယ်။ ကျန်တဲ့ ၅၅-၈၅% ကတော့ နာတာရှည်အသည်းရောင်ဖြစ်လာတယ်။ သူတို့ထဲက ၁၅-၃ဝ% မှာ အနှစ် ၂ဝ အတွင်း အသည်းခြောက်တာ ဖြစ်လာနိုင်တယ်။
• သွေးကနေကူးတယ်ဆိုတာ ဆေးထိုး-ဆေးသွင်းအပ်၊ သွေးသွင်းခြင်း၊ မူယစ်ဆေးထိုးရာ ဆေးထိုးအပ်မျှသုံးခြင်း၊ ဆေးရုံ-ဆေးခန်းတွေမှာ သန့်ရှင်မှု အားနည်းခြင်း၊
• တချို့နေရာတွေမှာ လိင်ကတဆင့်ကူးစက်တယ်။ ပိုးရှိနေတဲ့မိခင်ကနေ မွေးလာတဲ့ကလေးကိုလဲ ကူးစက်နိုင်ပေမဲ့ အဲလိုဖြစ်တာ အတော်နည်းတယ်။ မိခင်နို့တိုက်လို့တော့ မကူးစက်ပါ။ ရေနဲ့ အစားအသောက်တွေကနေလဲ မကူးစက်ပါ။ ကိုယ်ချင်းထိကပ်မိတာနဲ့လဲ မကူးပါ။
• ပိုးဝင်တာခံရရင် ၂ ပါတ်ကနေ ၆ လအတွင်းခံစားရတာတွေရှိမယ်။ ၈ဝ% မှာတော့ ဘာမှမသိလိုက်ဘဲနေတယ်။ ခံစားရတာတွေက ဖျားမယ်၊ အားယုတ်မယ်၊ အစားပျက်မယ်၊ အန်ချင်မယ်၊ ဗိုက်အောင့်မယ်၊ ဆီးအရောင်ရင့်မယ်၊ ဝမ်းအရောင်ရွံ့လိုနေမယ်၊ အဆစ်နာမယ်၊ ဆီး-အသားဝါမယ်။
• ရောဂါရှာတာမှာ ၂ ဆင့်ရှိတယ်။ Screening for anti-HCV antibodies (အင်တီဘော်ဒီ) စစ်တယ်။ အပေါင်းပြသူကို Nucleic acid test for HCV RNA နူကလီယစ်အက်စစ်နည်းစမ်းမယ်။
• နာတာရှည်အသည်းရောင်ဖြစ်လာသူကို အသည်းအခြေအနေတွေစစ်ဆေးမယ်။ သွေးစစ်တာအပြင် Liver biopsy အသည်းသားစ ထုတ်ယူစစ်ဆေးနည်းလဲလုပ်မယ်။
• Genotype of the hepatitis C strain ဂျီနို အမျိုးအစားခွဲမယ်။ ဆေးကုရာမှာ အမျိုးမတူရင် မတူပါ။
• ပိုးရှိသူတိုင်း ဆေးမလိုပါ။ ဆေးကုသနည်း လက်ရှိသုံးနေတာကတော့ antiviral therapy ဗိုင်းရပ်စ်ဆေးနဲ့ interferon + ribavirin တွဲပေးတယ်။ ဂျီနိုအမျိုးအစား အားလုံးကို ပေးနိုင်တယ်။ Interferon ဆေးက အရှာရခက်နိုင်တယ်။ တချို့လူနာတွေက ဆေးဒဏ်မခံနိုင်ဘူး။ ဘာဘဲဖြစ်ဖြစ် ဒီ interferon နဲ့ ribavirin ဆေးတွေက အသက်ကယ်နိုင်တယ်။

၂ဝ၁၄ ဧပြီလမှာ WHO ကနေ (ဆခရင်) လုပ်ဘို့ လမ်းညွှန်သစ်ထုတ်ထားတယ်။
1. Screening to identify persons with HCV infection သံသယရှိသူတွေကိုစစ်မယ်။
2. When to confirm the diagnosis of chronic HCV infection နာတာရှည်သေချာအောင်စစ်မယ်။ Nucleic acid testing (NAT) နည်းနဲ့ HCV ribonucleic acid (RNA) ကိုတွေ့မယ်။
3. Screening for alcohol use and counselling အရက်သောက်သူတွေကို ဆန်ကာတင်စစ်ပြီး (ကောင်တယ်လင်း) လုပ်ပေးမယ်။
4. Assessing degree of liver fibrosis and cirrhosis အသည်းဘယ်လောက်ပျက်စီးနေသလဲစစ်မယ်။ Aminotransferase/platelet ratio index (APRI) or FIB4 tests နည်းတွေလုပ်မယ်။ Hepatic fibrosis အသည်း မာခြောက်နေတာကိုသိမယ်။
5. Assessing for HCV treatment ဆေးပေးဘို့စစ်မယ်။
6. Treatment with Pegylated interferon and Ribavirin ဆေးတွေပေးမယ်။
7. Treatment with telaprevir or Boceprevir ဆေးပေးမယ်။
8. Treatment with Sofosbuvir ဆေးပေးမယ်။ Ribavirin နဲ့တွဲပေးမယ်။ တချို့ကိုသာ Pegylated interferon ပါပေးမယ်။
9. Treatment with simeprevir ဆေးပေးမယ်။ Genotype 1b HCV ကို Pegylated interferon and Ribavirin နဲ့ တွဲပေးမယ်။ Genotype 1a HCV ကို without the Q80K polymorphism rather than pegylated interferon ပေးမယ်။

အသည်းရောင် (စီ) ပိုးအတွက်ကုသဆေး အိန္ဒိယမှာ ၉၉% ဈေးချိုမယ်ဆိုတဲ့သတင်း ၆-၈-၂ဝ၁၄ နေ့ကထွက်ပါတယ်။
Sovaldi (ဆိုဗာလ်ဒီ) လို့ခေါ်တဲ့ဆေးဖြစ်တယ်။ အမေရိကန် Gilead Sciences ကနေအဲလိုဈေးချိုချိုနဲ့ထုတ်ဘို့ ကမ်းလှမ်းလိုက်တာပါ။ ၁၂ ပါတ်စာအတွက် ဒေါ်လာ ၉ဝဝ (ရူးပီး ၅၄ဝဝဝ) သာကုန်ကျပါမယ်။ ယူအက်စ်မှာကုသရင် ဒေါ်လာ ၈၄ဝဝဝ (ရူးပီး သိန်း ၅ဝ) ကုန်ပါမယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/hepatitis-c-latest.html


Healthy Life

253 Blog posts

Comments