Hepatitis B Incubation period

• Hepatitis B အသဲရောင် (ဘီ) ပိုးဟာ HIV ကူးစက်နည်းအတိင်းကူးစက်ပါတယ်။ ဒါပေမဲ့ (ဘီ) ပိုးက အဆ ၁ဝဝ ပိုကူးနိုင်တယ်။ (ဘီ) ပိုး

November 15, 2014
Hepatitis B Incubation period

Hepatitis B Incubation period

• Hepatitis B အသဲရောင် (ဘီ) ပိုးဟာ HIV ကူးစက်နည်းအတိင်းကူးစက်ပါတယ်။ ဒါပေမဲ့ (ဘီ) ပိုးက အဆ ၁ဝဝ ပိုကူးနိုင်တယ်။ (ဘီ) ပိုးဟာ (ကွန်ဒွမ်) ပေါက်ပြဲလို့ဖြစ်ဖြစ်၊ (ကွန်ဒွမ်) မသုံးဘဲ အတူနေလို့ဖြစ်ဖြစ် ပိုးရှိသူတယောက်ကအနေ အဖေါ်ကို ကူးစက်လာနိုင်ပါတယ်။
• Incubation period ပိုးဝင်ပြီးနောက် ရောဂါလက္ခဏာတွေစပေါ်တဲ့အထိ အချိန်ကာလ ၄၅-၁၈ဝ ရက် (ပျမ်းမျှ ၆ဝ-၉ဝ ရက်) ကြာတယ်။
• (ဘီ) ပိုးစမ်းသပ်နည်းတွေ များတယ်။ (၁) antigen tests အင်တီဂျင်စမ်းနည်းနဲ့ (၂) antibody tests အင်တီဘော်ဒီ စမ်းနည်းတွေဖြစ်တယ်။
• Hepatitis B Surface Antigen (HBsAg) test စမ်းနည်းမှာ အပေါင်းဖြစ်တာဟာ ရောဂါလက္ခဏာတွေ မပေါ်ခင် ရက်သတ္တပါတ်တွေစောပြီး ဖြစ်မယ်။
• Chronic infection နာတာရှည်ဖြစ်နေသူတွေမှာ ဒီစမ်းသပ်နည်းက နှစ်ပေါင်းများစွာ အပေါင်းဆက်ဖြစ်နေမယ်။ တချို့မှာ တသက်လုံးအပေါင်းပြမယ်။
• အပေါင်းပြနေသူဆိုတာ သူများဆီကိုကူးစက်နိုင်သူဖြစ်တယ်။

• Antibody tests အင်တီဘော်ဒီစမ်းနည်းတွေထဲမှာ တချို့ဟာ တသက်လုံးအပေါင်းပြနေမယ်။ ဒါပေမဲ့
• IgM ဆိုတာကတော့ acute infection ပိုးဝင်ကာစမှာသာအပေါင်းဖြစ်မယ်။ ၅ လနေရင် အနုတ်ပြလာမယ်။

• စမ်းနည်းအစုံစစ်ရတာကို Hepatitis Panel လို့ခေါ်တယ်။
• Liver function tests အသဲအလုပ်လုပ်နိုင်စွမ်းကိုပါစမ်းရမယ်။

• Hepatitis C (စီ) ပိုးဟာလဲ လိင်ကတဆင့်ကူးစက်ချင် ကူစက်နိုင်တယ်။ သွေးကနေကူးတာက အများဆုံးဖြစ်တယ်။
• Incubation period ပိုးဝင်ပြီးနောက် ရောဂါလက္ခဏာတွေစပေါ်တဲ့အထိ အချိန်ကာလ ၂ ပါတ်ကနေ ၅ လအထိကြာမယ်။ အများဆုံးက ၆-၉ ပါတ်ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/hepatitis-b-incubation-period.html


Healthy Life

253 Blog posts

Comments