HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါ

HIV ဟာ ဗိုင်းရပ်စ်ပိုးကိုပြောတာဖြစ်တယ်။ AIDS ဟာ အဲဒီပိုးကြောင့်ဖြစ်လာတဲ့ ရောဂါအစုအဝေးကို ဆိုလိုတယ်။ HIV ပိုးက

November 15, 2014
HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါ

HIV ဟာ ဗိုင်းရပ်စ်ပိုးကိုပြောတာဖြစ်တယ်။ AIDS ဟာ အဲဒီပိုးကြောင့်ဖြစ်လာတဲ့ ရောဂါအစုအဝေးကို ဆိုလိုတယ်။ HIV ပိုးက သွေး-အရည်ထဲမှာ ရှိနေပေမဲ့ ဘာမှမဖြစ်သေးဘဲ နေသေးတယ်။ ခုခံအားကျဆင်းလာမှသာ HIV Opportunistic infections (အိတ်ချ်အိုင်ဗွီ) ရှိနေစဉ် အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေဝင်လာတယ်။ အဲဒီအချိန်ရောက်မှ ခံစားရတာဖြစ်မယ်။ ဝင်လာတဲ့ရောဂါအရ ရောဂါလက္ခဏာ ဖြစ်မယ်။ တယောက်နဲ့ တယောက်မတူနိုင်ဘူး။

Acute HIV infection ချက်ချင်းဖြစ်လာသော HIV ကူးစက်ခြင်း
Human immunodeficiency virus (HIV) ဗိုင်းရပ်စ်ပိုက လူ့ကိုယ်ထဲကို တနည်းနည်းနဲ့ ဝင်လာရင် ဖြစ်စေတယ်။
၁။ လိင်ဆက်ဆံရာကနေဝင်တာ၊
၂။ ပိုးပါနေတဲ့သွေးက ကိုယ်ထဲကို တနည်းနည်းနဲ့ဝင်တာ၊
၃။ ပိုးပါနေတဲ့ ဆေးထိုးပိုက်နဲ့ ဆေးထိုးအပ်ကို သုံးတာ၊
၄။ ပိုးရှိနေတဲ့ မိခင်ကနေ သူမွေးလာမဲ့ကလေးကိုကူးစက်တာ၊
၅။ ပိုးရှိနေတဲ့ မိခင်ကနေ သူ့ကလေးကို နို့တိုက်တာ (ရှားတယ်)။

ပိုးဝင်ခံထားရသူကို သွေးစစ်ရင် HIV antibodies (အင်တီဘော်ဒီ) ဆိုတာ ရှိနေတာ ပြမယ်။ သွေးစစ်တာက အပေါင်းလက္ခဏာ ပြနေပေမဲ့ လူက ရောဂါလက္ခဏာ ပြချင်မှ ပြတာလဲ ဖြစ်နိုင်တယ်။ ဒါမျိုးကို HIV seroconversion လို့ သတ်မှတ်တယ်။ ဒါမျိုးဟာ ပိုးဝင်အပြီး ၃ လအကြာမှာ ဖြစ်တာများတယ်။ တနှစ်အထိနေတာလဲ ရှိတတ်တယ်။

Acute Retroviral Syndrome (ARS) လို့လဲ ခေါ်သေးတယ်။ တုပ်ကွေးလိုခံစားရသူပေါင်း ၅ဝ% ကနေ ၉ဝ% ရှိတယ်။ စောစောပိုင်း ပိုးဝင်ခံရတဲ့ ရောဂါ လက္ခဏာတွေ ခံစားရပြီးတဲ့နောက် ၁ဝ နှစ်လောက်ကြာတဲ့အထိ ဘာမှ မခံစားရဘဲနေနိုင်တယ်။ ဒီအဆင့်မျိုးကို Asymptomatic HIV infection လို့ ခေါ်တယ်။ တကယ့်ရောဂါဖြစ်တဲ့ (AIDS) ကို တခါထဲ တန်းဖြစ်မသွားသေးဘူး။ နောက်ဆိုရင်တော့ လူအများစုကြီးက တကယ့်ရောဂါဆိုတာ ဖြစ်လာမယ်။ လူတိုင်း ဖြစ်မယ်လို့ ကံသေကမ္မ ပြောဘို့ရာ အထောက်အထား မပြည့်စုံသေးဘူး။

ပိုးကနေ လူရဲ့ Immune system ခုခံအားစနစ်ကို ဖျက်ဆီးပြစ်လိမ့်မယ်။ ပိုးဝင်ခံရပြီးနောက် ၂-၄ ပါတ်အကြာမှာ ရောဂါ လက္ခဏာတွေ ခံစားရနိုင်တယ်။

Acute HIV infection Symptoms ရောဂါလက္ခဏာတွေ -
Flu တုပ်ကွေး၊ Kissing disease အနမ်းရောဂါလို့လဲခေါ်တဲ့ Glandular fever (ဂလင်ကျူလာ-ဖီဗာ) စတဲ့ ဗိုင်းရပ်စ်ရောဂါနဲ့ အတော်ဆင်တူတယ်။ ခံစားရတာက အများဆုံး ၄ ပါတ်အထိသာ ကြာမယ်။ ခံစားရတာတွေကလဲ နည်းနည်း-သင့်သင့်ကနေ ဆိုးဝါးတာအထိ မတူတတ်ဘူး။ ရေးပြတာ အားလုံး လူတိုင်းမှာ မဖြစ်ပါ။ တပြိုင်တည်းလို့ ပြောနိုင်တယ်။ တချီထဲလို့ ပြောရင် ပိုမှန်မယ်။

• Decreased appetite အစားပျက်မယ်၊
• Fatigue အားယုတ်မယ်၊
• Fever ကိုယ်ပူမယ်၊
• Headache ခေါင်းကိုက်မယ်၊
• Malaise မအီမသာဖြစ်မယ်၊
• Muscle stiffness or aching ကြွက်သားတွေ နာ-ကိုက်မယ်၊
• Rash အရေပြားမှာ အနီပြင်လေးတွေထွက်မယ်၊
• Sore throat လည်ချောင်းနာမယ်၊
• Swollen lymph glands တက်စိတွေရောင်မယ်၊
• Night sweats ညပိုင်းချွေးထွက်မယ်။
• လူနည်းနည်းမှာ ကိုယ်အလေးချိန်ကျမယ်။ ဝမ်းလျှောမယ်။ ပျို့-အန်မယ်။ နှာစေး၊ ဆိုင်းနပ်စ်၊ ချောင်းဆိုး၊ နှာခြေ ဖြစ်နိုင်တယ်။ ပါးစပ်နဲ့ အစာမျိုပြွန်မှာ အနာဖြစ်မယ်။ မှက်ခရုလို မှိုပိုးဝင်မယ်။

Acute HIV infection Exams and Tests
• HIV ELISA/Western blot test စမ်းသပ်နည်းလုပ်ရင် အနုတ်လက္ခဏာသာပြမယ်။ ဒါမှမဟုတ် မရေမရာသာဖြစ်နေမယ်။ ၃ လနေရင်တော့ အပေါင်းဖြစ်လာမယ်။
• HIV RNA test (viral load) ကတော့ အပေါင်းပြမယ်။
• Lower-than-normal CD4 သွေးဖြူဥ အရေအတွက် နည်းနေရင်တော့ ခုခံအားနည်းလာတာကို ဆိုလိုတယ်။ CD4 count က အခုအဆင့်ဖြစ်ပြီး ၁-၂ လဆိုရင် ပြန်တက်လာမယ်။
• White blood cell differential သွေးဖြူဥတွေကိုစစ်ဆေးရင် ပုံမှန်မဟုတ်ထာတွေပါတွေ့လာမယ်။

Acute HIV infection Treatment ဘယ်လို ကုသမလဲ
• လူနာကို ပညာပေးရမယ်။ ဒါမှ သူ့ကိုဆေးကုပေးမဲ့သူတွေ၊ အကူအညီပေးမဲ့သူတွေနဲ့ တွဲပြီး အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ချနိုင်လာစေမယ်။
• ဒီလိုအဆင့်သာ ရှိသေးသူတွေကို Aggressive early treatment ဆေးတွေ ကြပ်ကြပ်မတ်မတ်ပေးမလား၊ မပေးသေးဘူးလား ဆိုတာကို ဆရာဝန်တွေကြားမှာ သဘောတူတာ၊ မတူတာတွေ ရှိနေသေးတယ်။ Anti-HIV medications ဆေးဆိုတာကို Antiretroviral ဆေးလို့ ခေါ်တယ်။ Standard antiretroviral therapy (ART) ခေါ်တဲ့ ဆေးကုနည်းမှာ Antiretroviral (ARV) drugs အနည်းဆုံး ၃ မျိုးပါတယ်။

• ကူးစက်ရောဂါ တခုခု ရှိနေသူတွေနဲ့ ဝေးဝေး၊ ကင်းကင်းနေပါ။
• စိတ်ပိုင်းဆိုင်ရာ နိမ့်ကျစေမဲ့ ပတ်ဝန်းကျင်၊ အပေါင်းအသင်းမျိုးကို ရှောင်ရှားပါ။
• စိတ်ဖိအား လျှော့ချနည်းလုပ်ပါ၊
• အစာအာဟာရ ပြည့်ဝ မျှတအောင်စားသောက်ပါ၊
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ၊ အလွန်အကျွံမဖြစ်စေပါနဲ့၊
• လိင်ဆက်ဆံတဲ့ အခါတိုင်းမှာ (ကွန်ဒွမ်) အကာအကွယ်သုံးပါ၊ ကူးစက်ခံရကာစ အစောပိုင်းလတွေမှာ သူများကို ပိုပြီး ကူးစက်စေနိုင်တယ်။ (ကွန်ဒွမ်) အရည်အသွေး ကောင်းပါစေ၊ လိင်ဆက်ဆံဖေါ်များသူနဲ့ မဆက်ဆံပါနဲ့၊ ကိုယ်တိုင်လဲ အဖေါ်များတာ ရှောင်ပါ။
• မူးယစ်ဆေးထိုးတာ ရှောင်ပါ။ သွေးမလှူပါနဲ့။ သုက်ပိုး မလှူပါနဲ့၊ ကိုယ်အင်္ဂါအစိတ်အပိုင်း မလှူပါနဲ့။
• ဆေးပုံမှန်စစ်နေပါ။ ဆေးသောက်ဘို့ လိုလာချိန်ကို စောစောသိနိုင်စေမယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/hiv-acute-infection.html


Healthy Life

253 Blog posts

Comments