Malaria ငှက်ဖျားရောဂါ

ငှက်ဖျားဟာ Protozoan (ပါရာဆိုက်) ဖြစ်ပြီး၊ Anopheles (အနောဖလီစ်) ခြင်မကတဆင့်ကူးစက်တယ်။ (၄) မျိုးရှိတယ်။ P Falciparum, P Vivax, P Ovale, P Malariae

December 21, 2014
Malaria ငှက်ဖျားရောဂါ

Malaria

ငှက်ဖျားဟာ Protozoan (ပါရာဆိုက်) ဖြစ်ပြီး၊ Anopheles (အနောဖလီစ်) ခြင်မကတဆင့်ကူးစက်တယ်။ (၄) မျိုးရှိတယ်။ P Falciparum, P Vivax, P Ovale, P Malariae တွေဖြစ်ကြတယ်။

ရောဂါလက္ခဏာများ = ငှက်ဖျားခြင် အကိုက်ခံရပြီး ၁-၃ ပါတ်ကြာမှ ရောဂါလက္ခဏာများ ပေါ်မည်။ အချိန်မှန် အဖျား တက်-ကျ၊ ချမ်း၊ အဆစ်နာ၊ ပျို့အန်၊ ဝမ်းပျက်၊ သွေးအားနည်း၊ ဆီးထဲသွေးပါ၊ ခေါင်းကိုက်-ကိုယ်လက်ကိုက်ခဲ၊ ကျောက်ကပ်အလုပ်မလုပ်ခြင်း၊ ဘေလုံးကြီး၊ တက်၊ သတိမေ့၊ သေဆုံး။

ငှက်ဖျားပိုးရှိသူတယောက်ကို ခြင်ကိုက်ရင် ငှက်ဖျားပိုးတွေခြင်ထဲရောက်လာမယ်။ ခြင်အစာအိမ်ထဲကတဆင့် တံတွေးအိပ်ထဲရောက်လာမယ်။ အဲဒီခြင်အကိုက်ခံရသူကိုယ်ထဲ ငှက်ဖျားပိုးဝင်လာမယ်။ အသည်းထဲရောက်လာမယ်။ ပွားများလာမယ်။ အသည်းဆဲလ်တွေ ပေါက်ကွဲထွက်ရာက သွေးထဲပြန်ဝင်လာမယ်။ သွေးနီဥတွေကို ကူးစက်လာမယ်။ လက်စွပ်ပုံသဏ္ဌာန်ဖြစ်နေမယ်။ trophozoites, schizonts, merozoites again အဆင့်ဆင့်ပြောင်းလာမယ်။ သွေးနီဥတွေထဲက ကွဲထွက်လာပြီး သွေးထဲပြန်ဝင်လာမယ်။ စောစောရောဂါရှာပြီး ထိရောက်အောင်ကုသရမယ်။ P. vivax, P. ovale or P. malariae ကိုအပြင်လူနာအဖြစ် ကုသပေးနိုင်သည်။ P. falciparum ကို အရေးပေါ်ဆေးရုံတင် ကုသပေးရမယ်။

Chloroquine Phosphate ငှက်ဖျားကုသဆေး၊
• ချက်ချင်း ၄ ပြား၊ ၆ နာရီခြားပြီး ၄ ပြား၊ နောက်နေ့ ၂ ပြား၊ စုစုပေါင်း ၁ဝ ပြား၊ (သို့မဟုတ်)
• ချက်ချင်း ၄ ပြား၊ ၆ နာရီခြားပြီး ၂ ပြား၊ နောက်နေ့ ၂ ပြား၊ နောက်နေ့ ၂ ပြား၊ စုစုပေါင်း ၁ဝ ပြား၊
• ကလေး = 10 mg base/kg (600 mg ထက်မများရ) စတိုက်၊ ထို့နောက် 5 mg base/kg (300 mg ထက်မများရ) ကို နောက် ၆-၂၄-၄၈ နာရီမှာဆက်တိုက်။
• ကာကွယ်လို့ ငှက်ဖျားဒေသသို့မသွားခင် Chloroquine ကို တပါတ်လျင် ၂ ပြားသောက်ရမယ်။ Chloroquine ၏ ဘေးထွက်သက်ရောက်မှုမှား = ခေါင်းကိုက်၊ ယား၊ အရေပြားအနီပြင်ထွက်၊ ဆံပင်ကြွတ်၊ အမြင်အားနည်း၊ အစားပျက်။

Chloroquine မနိုင်တဲ့ (ဖယ်စီပယ်ရမ်) ပိုးကုသရန်အတွက်
(၁) Artemether-lumefantrine (Artemether 20 Mg + Lumefantrine 120 Mg)
• နည်း (၁) ၄ ပြားကို ဝ-၈-၂၄-၄၈ နာရီ။ သို့မဟုတ်
• နည်း (၂) ၂ ပြားကို ဝ-၈-၂၄-၄၈ နာရီ။ သို့မဟုတ်
• နည်း (၃) ၄ ပြားကို ဝ-၈-၂၄ နာရီ။

(၂) Artesunate 50 Mg
• လူကြီး 100 Mg တနေ့ ၂ ကြိမ်စတိုက်၊ ထို့နောက် 50 Mg တနေ့ ၂ ကြိမ်၊ ၄ ရက်။ ကလေး 1.2 Mg/Kg ၅ ရက်။
• Artesunate 600 Mg (စုစုပေါင်း) + Clindamycin 300 Mg တနေ့ ၂ ကြိမ်၊ ၇ ရက်။
• Artesunate 600 Mg (စုစုပေါင်း) + Mefloquine 750 Mg တကြိမ်တည်း။
• Artemether ၏ ဘေးထွက်သက်ရောက်မှုများ၊ ပျို့-အန်၊ ဗိုက်နာ၊ အစားပျက်၊ နှလုံးခုန်နှေး၊

(၃) Artesunate 50 mg + Sulfadoxine 500 mg of + Pyrimethamine 25 mg
• ၅-၁၁ လ = Artesunate (50 Mg) ½ ပြား + Sulfadoxine-Pyrimethamine (500/25) ½ ပြား၊ x (၃)ရက်ဆက်တိုက်၊
• ၁-၆ နှစ် = Artesunate (50 Mg) ၁ ပြား + Sulfadoxine-Pyrimethamine (500/25) ၁ ပြား၊ x (၃) ရက်ဆက်တိုက်၊
• ၇-၁၃ နှစ် = Artesunate (50 Mg) ၂ ပြား + Sulfadoxine-Pyrimethamine (500/25) ၂ ပြား၊ x (၃) ရက်ဆက်တိုက်၊
• ၁၃ နှစ် = Artesunate (50 Mg) ၄ ပြား + Sulfadoxine-Pyrimethamine (500/25) ၃ ပြား၊ x (၃) ရက်ဆက်တိုက်၊

(၄) Artesunate 50 mg + Mefloquine 250 mg
• ၅-၁၁ လ = Artesunate (50 Mg) ½ ပြား + Mefloquine (250 Mg) ½ ပြား၊ (၃) ရက်ဆက်တိုက်၊
• ၁-၆ နှစ် = Artesunate (50 Mg) ၁ ပြား + Mefloquine (250 Mg) ၁ ပြား၊ (၃) ရက်ဆက်တိုက်၊
• ၇-၁၃ နှစ် = Artesunate (50 Mg) ၂ ပြား + Mefloquine (250 Mg) ၂ ပြား၊ (၃) ရက်ဆက်တိုက်၊
• ၁၃ နှစ် = Artesunate (50 Mg) ၄ ပြား + Mefloquine (250 Mg) ၄ ပြား၊ (၃) ရက်ဆက်တိုက်၊

(ဗိုင်းဗက်စ်) ငှက်ဖျားကုသရန် Primaquine 7.5 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်။ ကလေး 0.25 mg/kg ၁၄ ရက်။ ကာကွယ်ရန် Primaquine လူကြီး 30 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်။ ကလေး 0.5 mg base/kg တနေ့ ၄ ကြိမ်၊ ၁၄ ရက်။ (သို့) Doxycycline 100 mg လူကြီး တနေ့ ၂ ကြိမ်၊ ၇ ရက်။ ကလေး (ရှစ်နှစ်အောက်ကလေးမပေးရ) 4 mg/kg/day တနေ့ ၂ ကြိမ်၊ ၇ ရက်။

ငှက်ဖျားအပြင်စားကုသရန် Quinine (ကွီနင်း) ဆေး
• Quinine Sulfate လူကြီး 542 mg base (650 mg salt) တနေ့ ၃ ကြိမ်၊ ၃-၇ ရက်။ ကလေး 8.3 mg base/kg (10 mg salt/kg) တနေ့ ၃ ကြိမ်၊ ၃-၇ ရက်။ (သို့) Qinarsol လူကြီး 600 mg (2 tablets) တနေ့ ၃ ကြိမ်၊ ၃-၇ ရက်။ ကလေး 10 mg/kg တနေ့ ၃ ကြိမ်၊ ၃-၇ ရက်။ (သို့) Qinarsol ထိုးဆေး 20 mg/kg (1.4 Gm ထက် မများစေရ) ကို 5% D/W ထဲထည့်၍ ၄ နာရီကြာအောင်သွင်း ပေးရမည်၊ တလုံးနှင့်တလုံး (၈) နာရီခြားသွင်းပါ၊ အကြောထဲသွင်းမရပါက 20 mg/kg အသားထဲထိုးပါ၊ သက်သာသည်နှင့် 10 mg/kg တနေ့ ၃ ကြိမ်၊ စားဆေးပြောင်းပါ၊
• Quinine salt ကို 20 mg salt/kg BW ဖြင့်သွေးထဲဦးစွာထည့်ရမည်၊ အမြန်နုန်းထိန်းသည့် သွင်းနည်းသည် အကောင်းဆုံးနည်းဖြစ်သည်။ သွင်းမရမှသာ အသားထဲထိုးရမည်။
• Quinine Dihydrochloride 5 mg salt/kg per hour နုန်းဖြင့်အစက်ချသွင်းပါ၊ ပဌမအကြိမ်ကို 10 mg/kg ပေါင်တဖက်စီခွဲထိုးပေးနိုင်သည်။
• Quinine Dihydrochloride 300 mg/ml အသားဆေးသည်နာလွန်းသဖြင့် မိုးရေ/ဆားရေဖြင့်ရောကာ 60–100 mg/ml ပြော့စေပြီးမှထိုးသင့်သည်။ သွင်းဆေး-ထိုးဆေးကု် လူနာခံနိုင်-သောက်နိုင်လာသည်နှင့် ပါးစပ်က တိုက်နည်းသို့ပြောင်းပါ။ စုစုပေါင်း (၇) ရက်ကြာမည်၊
• Quinine IV infusion အား Artemether အသားထဲထိုးနည်းဖြင့် အစားထိုးနိုင်သည်။ လူနာရောက်လျင် ရောက်ချင်း Artesunate 2.4 mg/kg BW IV or IM ထိုးပါ၊ ၁၂ နာရီခြား၊ ၂၄ နာရီခြား၊ နောက်ထပ် ၂၄ နာရီခြား တလုံးစီထိုးပါ။ စုစုပေါင်း ၆ လုံးဖြစ်သည်။

ကလေးများနှင့် ငှက်ဖျားအပြင်းစား၊
• Artesunate 2.4 mg/kg IV or IM ချက်ချင်း + ၁၂ နာရီ + ၂၄ နာရီ။
• Artemether 3.2 mg/kg IM ချက်ချင်း + 1.6 mg/kg နောက်နေ့။
• Quinine 20 mg salt/kg (IV or divided IM injection) ချက်ချင်း + 10 mg/kg ၈ နာရီခြား။

ကိုယ်ဝန်ဆောင်မိခင်တွေမှာ အန္တရာယ်များတယ်။ မီးဖွားစဉ်သေဆုံးရမှုများရဲ့ ၁ဝ% ဟာ ငှက်ဖျားကြောင့်ဖြစ်တယ်။ နှစ်စဉ် မိခင် ၁ သောင်း၊ တနှစ်အောက် ကလေး ၂ သိန်း ငှက်ဖျားကြောင့်သေနေရတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ ငှက်ဖျားဖြစ်ရင် ဆရာဝန်ပြပါ။ ကွီနင်းမသုံးရပါ။
• Artesunate 4 mg/kg + Amodiaquine 10 mg/kg ၃ ရက်။
• Artesunate 4 mg/kg + Mefloquine 25 mg/kg ပဌမနေ့၊ 15 mg/kg ဒုတိယနေ့၊ 10 mg/kg တတိယနေ့။

P. falciparum ပိုးအတွက် chloroquine and sulfadoxine-pyrimethamine ဆေးတွေကိုယဉ်နေကြပြီ။ P. falciparum malaria ငှက်ဖျားကို artemisinin-based combination therapy ဆေးပေးနည်းက အကောင်းဆုံးဖြစ်တယ်။ ခြင်နှိမ်နင်းရေး၊ (ITNs) ပိုးသေဆေး၊ အိမ်တွင်းခြင်ဆေးဖြန်းခြင်း၊ ကြိုတင်ကာကွယ်ဆေးသောက်ပြီး ကာကွယ်နိုင်တယ်။ ခြင်ဖြန်းဆေးတွေကို ခံနိုင်ရည်ရှိလာနေတယ်။ ငှက်ဖျားကာကွယ်ဆေး မပေါ်လာသေးပါ။

ဧပြီလ ၂၅ ရက်ကို ကမ္ဘာ့ငှက်ဖျားရောဂါနေ့လို့သတ်မှတ်ထားတယ်။ ငှက်ဖျားပိုးကို ၁၈၈ဝ ရောက်မှာတွေ့ပြီး၊ ပိုးအမျိုးအစားတွေကို ၁၈၈၆ ရောက်မှခွဲခြားသိလာတယ်။ (ပနားမား) တူးမြောင်း (၁၉ဝ၅-၁၉၁ဝ) ကို (ရဲလိုးဖီဗာ) နဲ့ ငှက်ဖျားနှိမ်နင်းရေးဆောင်ရွက်မှသာ အပြီးသတ်နိုင်ခဲ့တယ်။ (ကလိုရိုကွင်း) ဆေးကို ၁၉၃၄-၄၆ မှာတွေ့လာတယ်။ DDT ခြင်ဖျန်းဆေးကို ၁၉၃၈ ရောက်မှတွေ့တယ်။ ငှက်ဖျားကို ကူးစက်စေတဲ့ (အနောဖလီးစစ်) ခြင် အများအစားပေါင်း (၄ဝဝဝ) ရှိတယ်။ အမျိုး ၃ဝ ကအရေးပါတယ်။ ခြင်မတွေဟာ မိုးရာသီအပူပိုင်းဒေသ ရေသန့်အိုင်တွေ၊ ရေစုဝေးနေရာတွေမှာ ဥအုတယ်။ ၂ဝဝဝ ခုနှစ်ကနေ ၂ဝ၁၅ အတွင်းမှာ ဖြစ်နှုန်း ၃၇% ကျဆင်းခဲ့တယ်။ ငှက်ဖျားကြောင့် သေရနှုန်း ၆ဝ% ကျဆင်းခဲ့တယ်။ ၅ နှစ်အောက်ကလေး ငှက်ဖျားနဲ့ သေရတာလည်း ၆၅% ကျဆင်းခဲ့တယ်။ HIV-AIDS တွေနဲ့လည်း တွဲဖြစ်တတ်တယ်။

မြန်မာ့ငှက်ဖျား
၂ဝ၁၃ တွင် ငှက်ဖျားလူနာပေါင်း ၃၃၃၈၇၁ ယောက်ရှိခဲ့ပြီး၊ လူဦးရေ့ရဲ ၆ဝ% က ငှက်ဖျားဖြစ်ပွါးရာဒေသတွေမှာနေကြရတယ်။ ဆေးရုံဆေးခန်းနဲ့ လက်လှမ်းမမီသူတွေကများတယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/12/malaria_21.html


Healthy Life

253 Blog posts

Comments