HIV model can beat hepatitis အသည်းရောင်ရောဂါကို HIV ပုံစံသုံးပြီးနှိမ်နင်းနိုင်မလား

• လူသားတွေက Small pox ကျောက်ကြီးရောဂါကို ကမ္ဘ္ဘာကပျောက်သွားအောင်နိုင်ခဲ့ပြီ။ ပိုလီယိုကလဲ ပျောက်သလောက် ရှိနေ

November 15, 2014
HIV model can beat hepatitis အသည်းရောင်ရောဂါကို HIV ပုံစံသုံးပြီးနှိမ်နင်းနိုင်မလား

HIV model can beat hepatitis

• လူသားတွေက Small pox ကျောက်ကြီးရောဂါကို ကမ္ဘ္ဘာကပျောက်သွားအောင်နိုင်ခဲ့ပြီ။ ပိုလီယိုကလဲ ပျောက်သလောက် ရှိနေပြီ။ အသည်းရောင်ရောဂါကို HIV ပုံစံနည်းသုံးပြီး နှိမ်နင်းဘို့ကြိုးစားနေကြပါတယ်။
• ၂၈-၇-၂ဝ၄ ကမ္ဘာ့အသည်းရောင်ရောဂါနေ့မှာ WHO ကနေ HIV/AIDS နည်းဗျူဟာနဲ့ အခြေခံတည်ဆောင်မှုသုံးဘို့ အကြံပြုလိုက်ပါတယ်။ ဒီနည်းသစ်ကို Institute of Liver and Biliary Sciences မှာ စားပွဲဝိုင်းဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။
• အိန္ဒိယမှာ HIV/AIDS အစီအစဉ်က အောင်မြင်မှုရနေတယ်။ ဒီနည်းနာအတိုင်း အသည်းရောင် (ဘီ) နဲ့ (စီ) ကို ထိန်းချုပ် နှိမ်နင်းသင့်တယ်လို့ အကြံပြုချက်ရှိပါတယ်။
• အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာကိုဖြစ်လာစေနိုင်တဲ့ အသည်းရောင် (ဘီ) နဲ့ (စီ) ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ် (၅) မျိုးရှိတယ်။ ကူးစက်မှုကိုထိန်းချုပ်ဘို့ဆိုရင် Safe sex စိတ်ချရတဲ့ လိင်ဆက်ဆံရေးနဲ့ သွေးသွင်းတဲ့အခါတိုင်း Screening of blood သွေးစစ်ဆေးဘို့ လိုမယ်။
• အသည်းရောင် (ဘီ) နဲ့ (စီ) အတွက် ဆေးတွေပေါ်နေပေမဲ့ လူတိုင်းက တတ်နိုင်ကြတာ မဟုတ်ပါ။ အစိုးရတွေကနေ ဆေးဘိုးသက်သာအောင် Subsidize လုပ်ပေးသင့်တယ်လို့ အကြံပြုထားပါသေးတယ်။
• အိန္ဒိယမှာ HIV surveillance centres စောင့်ကြည့်စင်တာပေါင်း ၁၇ဝဝဝ ရှိတာကို အသည်းရောင်ရောဂါတွေ အတွက်ပါ အသုံးပြုသင့်တယ်လို့လဲ တခြားပညာရှင်တဦးက အကြံပေးပါတယ်။ အတူနေသူတယောက်မှာ (ဘီ)၊ (စီ) ပိုးရှိနေရင် အတူနေသူတွေကို ကျကျနနစောင့်ကြည့်စစ်ဆေးရမယ်။ တခြားပညာရှင်တဦးက ရောဂါတွေနဲ့ ဆိုင်တဲ့ သတင်းအချက်အလက်တွေက မှတ်ကန်လက်ခံနိုင်စေရမယ်လို့ထောက်ပြပါတယ်။
• ကနေ့ ပိုလီယို၊ HIV နဲ့ တီဘီ ရောဂါတွေအတွက် လူတိုင်းသိရှိနားလည်ရေးဆောင်ရွက်မှုအားကောင်းသလိုမျိုး (ဘီ) ပိုး၊ (စီ) ပိုးအတွက်ပါ လုပ်သင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/hiv-model-can-beat-hepatitis-hiv.html


Healthy Life

253 Blog posts

Comments