COPD နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ

ကျွန်မအမျိုးသားက ပန်းနာရင်ကြပ်ရောဂါရှိပါတယ်။ ပုံမှန်လည်း ဆေးခန်းပြရပါတယ်။ ရင်ကြပ်ဆေး၊ ရှုဆေးတွေလည်း

November 15, 2014
COPD နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ

COPD

ကျွန်မအမျိုးသားက ပန်းနာရင်ကြပ်ရောဂါရှိပါတယ်။ ပုံမှန်လည်း ဆေးခန်းပြရပါတယ်။ ရင်ကြပ်ဆေး၊ ရှုဆေးတွေလည်း ပုံမှန်ရှုပါတယ်။ ဒါပေမယ့် တခုဆိုးတာက သူက ဆေးလိပ်အရမ်းသောက်ပါတယ်။ ဆေးလိပ်သောက်တဲ့သက်တမ်းက ၁၅ နှစ်နီးပါးရှိပါပြီ။ သူအသက်က အခု ၃၄နှစ်ပါ။ အရင်ကဆို တနေ့ကို စီးကရက် တစ်ဗူးနီးပါးသောက်ပါတယ်။ နောက်ပိုင်း ရင်ကြပ်တာက တော်တော်ဆိုးလာပြီး ရာသီအကူးအပြောင်းနဲ့ မိုးတွင်းကာလမှာဆို အသည်းအသန်ကြပ်တက်ပြီး ဆေးရုံပြေးရတာ အခါခါပါ။ အဲဒီနောက်တော့ ဆေးလိပ်လျှော့သောက်ပေမယ့် တနေ့ကို ၅ လိပ်၊ ၆ လိပ်က ပြေးမလွတ်ပါဘူး။ ခုနောက်ပိုင်း နည်းနည်းမှ အမောမခံနိုင်တော့ဘဲ နှလုံးခုန်သံမြန်ပြီး ကြောတွေ ရင်တွေ အောင့်တယ်လို့ ပြောပါတယ်။ ဒါနဲ့ ဆရာဝန်ပြောင်းပြီး အဆုတ်အထူးကုနဲ့ပြတဲ့အခါ ဆရာဝန်က COPD ဖြစ်နေတာလို့ ပြောပါတယ်။ အဲဒီရောဂါက ဘယ်လိုမျိုးပါလဲ။ စိုးရိမ်ရပါသလား၊ ဘယ်လိုကုလို့ ရနိုင်ပါသလဲ။ ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးလဲ၊ ဘာတွေဆောင်ရ ရှောင်ရမလဲ သိချင်ပါတယ် ဆရာ။

• Chronic obstructive pulmonary disease နာတာရှည် အသက်ရှူလမ်းပိတ်ဆို့ရောဂါဆိုတာ တဖြေးဖြေးနဲ့ အသက်ရှူဘို့မှာ ဆိုးဆိုးလာတယ်။ ချောင်းဆိုးမယ်။ ဆိုတာထဲမှာ ချွဲသလိပ်တွေပါမယ်။ အသက်ရှုသံက စီစီမည်နေမယ်။ စီးကရက်သောက်ရာနေ အများဆုံးဖြစ်စေတယ်။ အသက်ရှူတာထဲမှာ မသင့်တာတွေ ပါနေလို့လဲ ဖြစ်တယ်။
• COPD ရောဂါရှိနေသူမှာ လေအလုံအလောက် မဝင်နိုင်-မထွက်နိုင်ဖြစ်မယ်။ လေအိပ်လေးတွေက ဆန့်နိုင် ကျုံ့နိုင်စွမ်း လျှော့လာမယ်။ လေအိတ်နံရံလေးတွေ တချို့ ထူထဲ။ ရောင်ရမ်ပြီး ပျက်စီးကုန်မယ်။ လေလမ်းမှာ ရှိနေသင့်တာထက် အချွဲတွေပိုထွက်မယ်။
• ရောဂါလက္ခဏာတွေကတော့ -
- ၁။ Dyspnea အသက်ရှူမဝခြင်း၊
- ၂။ Chronic cough တာရှည်ချောင်းဆိုးနေခြင်း၊
- ၃။ Sputum production သလိပ်တွေထွက်ခြင်း၊
- ၄။ Wheezing and Chest Tightness အသက်ရှူသံတွေမည်ပြီး ရင်ကြပ်ခြင်း၊
- ၅။ Fatigue အားယုတ်ခြင်း၊
- ၆။ Anorexia and Weight Loss အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန်ကျလာခြင်း နဲ့
- ၇။ Anxiety and Depression စိုးရိမ်စိတ်ကဲပြီး စိတ်ဓါတ်ကျခြင်း။
• ဒီရောဂါထဲမှာ ၂ မျိုးတွဲနေတယ်။ (၁) Emphysema (အင်ဖိုက်ဆီးမား) လေအိတ်နံရံလေးတွေ ပျက်စီးရာကနေ ဆက်ဖြစ်တယ်။ (၂) Chronic bronchitis နာတာရှည်လေပြွန်တွေရောင်ခြင်း လေထဲက မသင့်တာတွေကို တာရှည်ရှူနေရလို့ဖြစ်တယ်။ လေအိပ်နံရံတွေထူလာတော့တယ်။
• ဖြစ်လာကတော့ တဖြေးဖြေးခြင်းဘဲ။ ကြာတော့ ခါတိုင်းလို မလုပ်နိုင်မကိုင်နိုင်နဲ့ ဒုက္ခိတလိုဖြစ်လာမယ်။ အသက်တိုတယ်။
• လူလတ်ပိုင်းနဲ့ အသက်ကြီးတွေမှာဖြစ်တယ်။ သူများကို မကူးစက်ပါ။ ပျက်စီးသွားတာတွေကို ပျောက်အောင်လုပ်လို့ မရနိုင်သေးပါ။ (ဒီရောဂါမျိုးကို မရှိအတိုင်းရေးရတာ မေးတဲ့သူကိုအားနာပါတယ်။)
• ဒါပေမဲ့ လူနမှုပုံစံပြောင်းတာနဲ့ ဆေးကုနည်းတွေကနေ အများကြီး သက်သာရာရစေမယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/copd.html


Healthy Life

253 Blog posts

Comments