Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား

Boy Diet ယောက်ျားလေးရစေမဲ့ အစားအသောက်တွေဆိုတာကို အရပ်စကား ပြောကြတာရှိတယ်။ အသား၊ အထူးသဖြင့် အမဲသား၊ ဆိတ်သား၊

November 07, 2014
Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား

Baby Boy

Boy Diet ယောက်ျားလေးရစေမဲ့ အစားအသောက်တွေဆိုတာကို အရပ်စကား ပြောကြတာရှိတယ်။ အသား၊ အထူးသဖြင့် အမဲသား၊ ဆိတ်သား၊ ဆားပါတဲ့ သွားရည်စာ၊ ဥပမာ အာလူး (ချစ်ပ်)၊ (ကေဖင်း) ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်။

အစဉ်အဆက် မိန်းမဘက်ကို အာရုံထားကြတယ်။ နောက်မှာ ယောက်ျားတွေကို စမ်းကြပြန်တယ်။ Testicle ယောက်ျား-အစိတဖက်ကို ခြည်နှောင်ပေးတာကို စမ်းသပ်ခဲ့ကြဘူးတယ်။ တခြား နည်းတွေလဲ တရွာတပုဒ်ဆန်း မနည်းလှပါ။

Boy Hints အရပ်ပြော သားယောက်ျားလေး ရစေနည်းတွေကတော့ -
• ကပ်ပဲ့အိတ် အေးစေအောင် (ဘော်ဆာ) အတွင်းခံ ဝတ်ထားပါ။
• ယောက်ျားက အရင် (အော်ဂဇင်) ရအောင်နေပါ။
• အိမ်ထောင်ဖက်နဲ့သာ (မ) ဂဏန်းရက်တွေမှာ အတူနေရင် မိန်းကလေး မွေးမယ်၊
• အတူနေဘို့ ယောက်ျားကစပါ။
• ယောက်ျားက အထက်က အနေအထားနဲ့ ဆက်ဆံပါ။
• မတ်တပ်ရပ် အနေအထားနဲ့ စခန်းသွားပါ။
• ညအချိန်မှာ ဆက်ဆံပါ။
• လပြည့်ရက်၊ လဆန်းရက်တွေ ရှောင်ပါ။ လပြည့်ကျော် တပတ်မှာ အတူနေကြပါ။

ဆရာဝန်တွေကနေ ပြောတာထဲမှာ (သီအိုရီ) တခု ရှိပါတယ်။ (ဘိုင်အို-ရစ်သမ်) နည်းလို့ ခေါ်တယ်။ ၁၉ ရာစု ကတည်းက ပေါ်တာပါ။ မိခင်လောင်းရဲ့ ဇီဝ-စည်းချက်နဲ့ သန္ဓေယူချိန်နဲ့ ကိုက်ညီရမယ်လို့ ဆိုပါတယ်။ ဇီဝ-စည်းချက် အတက်-အကျဆိုတာ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ရဲ့ အက်စစ်ဓါတ်နဲ့ ဆက်စပ်နေတယ်။ ဒါ့အပြင် မ-မျိုးဥ အဖုံးလွှာရဲ့ လျှပ်စစ်-သံလိုက် အခြေအနေနဲ့လဲ ဆက်စပ်ပါသေးတယ်။

ဟိုရှေးရှေး ဆေးပညာဖခင်ကြီး (ဟစ်ပိုခရေးတီးစ်) လက်ထက်ကတည်းက နေ့ကောင်းရက်သာ နဲ့ ပြဿဓါးရက်တွေဟာ Cycles တလှည့်စီသဘော ဖြစ်နေပါသတဲ့။ သိပ္ပံနည်းကျ ဖြစ်လာတာကတော့ ၁၈၉၇ ရောက်မှ Dr Wilhelm Fliess ကနေစပြီး ရုပ်ပိုင်း နဲ့ စိတ်လှုပ်ရှားမှုပိုင်း ဇီဝ-စည်းချက်တွေကို ဖေါ်ထုတ်ပါတယ်။

လူတိုင်းဟာ မွေးကတည်းက ဇီဝ-စည်းချက် (အပင်) နဲ့ ရှိလာကြတယ်။ အိပ်ချိန် နဲ့ နိုးထချိန်၊ ဟော်မုန်း တမျိုးစီ ထွက်ချိန်တွေ အလှည့်ကျ ဖြစ်ရတယ်။ ဇီဝ-စည်းချက် အဓိက ၃ မျိုးရှိတယ်။ ရုပ်ပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်း နဲ့ ဉာဏ်ရည်ပိုင်းတွေ ဖြစ်ကြတယ်။

၁၉ဝ၂ ခုနှစ်မှာ ဗီယယ်နာ တက္ကသိုလ်က စိတ်ပညာရှင် Dr Hermann Swoboda ကလဲ ဒီအချက်ကို ထောက်ခံချက် ပေးလာတယ်။ သူကနေ ခန့်မှန်းချက်ရတဲ့အထိ လေ့လာမှုပြုနိုင်ခဲ့တယ်။ သူ့နောက် ၁၉၂ဝ ခုနှစ်မှာ နာမည်ကျော် သင်္ချာပညာရှင် Alfred Teltscher ကနေ Intellectual rhythm ကိုပါ ဖေါ်ထုတ်နိုင်ခဲ့တယ်။ လူတွေဟာ တချို့ အချိန် ကာလတွေမှာ မှတ်ဥဏ်တွေ၊ ထိုထွင်းဉာဏ်တွေ သိပ်ကောင်းပြီး တချို့အချိန်ကာလတွေမှာ ညံ့နေကြတာ တွေ့ရှိလာတယ်။

ပညာရှင်တွေကနေ ဇီဝ-စည်းချက်ကျပုံတွေကို အမျိုးမျိုးသော ဂဏန်းသင်္ချာ ဥပဒေသတွေ ထုတ်ယူကြတယ်။ ရလာတဲ့ ဖေါ်မြူလာတွေကို အသုံးချရင် မိခင်လောင်းအတွက် ယောက်ျားလေးရစေဘို့၊ မိန်းကလေးရစေဘို့ ပြက္ခဒိန်တခု ရလိမ့်မယ်။ ၉၅% အောင်မြင်တယ်လို့ ဆိုပါတယ်။

(ဗဂျိုင်းနား) ဟာလဲ သူ့စည်းချက်နဲ့သူ ပြောင်းနေတယ်။ (ဗဂျိုင်းနား) အက်စစ်ဓါတ် ဖြစ်နေချိန်မှာ မ-မျိုးဥဟာ သုက်ပိုးထဲက X (အိတ်က်စ်-ခရိုမိုဇုမ်း) ကို ဆွဲယူမှာဖြစ်လို့ မိန်းကလေး ရစေနိုင်တယ်။ (ဗဂျိုင်းနား) က (အယ်လ်ကာလိုင်း) ဓါတ် ဖြစ်နေချိန်ဆိုရင် Y (ဝိုင်-ခရိုမိုဇုမ်း)ကို ဆွဲဆောင်ပေးတာမို့ ယောက်ျားလေး ဖြစ်စေမယ်။

အမျိုးသမီးတယောက်ရဲ့ ဇီဝ-စည်းချက်ကနေ ဟော်မုန်းထွက်တာကို သက်ရောက်စေတယ်။ တဆက်ထဲ သူကနေမွေးလာမဲ့ ကလေးရဲ့ ကျား-မ ဆိုတာကိုပါ သက်ရောက်စေတယ်လို့လဲ ယူဆကြတယ်။

မိခင်ရဲ့ ဇီဝ-စည်းချက်ကိုကြည့်ပြီး မွေးလာမဲ့ကလေး ကျာ-မ ခွဲနိုင်စေဘို့ ခန့်မှန်းချက်ကို တွေလာတာကတော့ ၁၉၆ဝ ကျော်မှ ဖြစ်ပါတယ်။ Dr Irvin Fisher နဲ့ John Toran တို့ကနေ ၁၉၆၂ မှာ Ladie’s Home Journal မှာ စရေးခဲ့ပါတယ်။

မငြင်းနိုင်တဲ့ ဆေးပညာကလက်ခံထားတဲ့ အချက်ကတော့ မိခင်မှာရှိတဲ့ XX ခရိုမိုဇုမ်း နဲ့ဖခင်မှာရှိတဲ့ XY ခရိုမိုဇုမ်း အတွဲတွေကနေ ကျား-မ လိင်ကို ဖြစ်စေတယ်။ ကလေးရဲ့ (လိင်) ရွေးခြယ်ရာမှာ အမေရော အဖေပါ တဝက်စီဆိုင်တယ်။ မိခင်မှာ XX ရှိနေလို့ သူကနေ X တခုကိုသာ ထုတ်ပေးနိုင်တယ်။ ဖခင်မှာ XY ရှိနေလို့ X ဖြစ်ဖြစ် Y ဖြစ်ဖြစ် တခုခုကို ထုတ်ပေးနိုင်စွမ်းရှိတယ်။ ဒါကြောင့် ကလေးရဲ့ (လိင်) အတွက် ဖခင်ဟာ အလွန်အရေးပါတဲ့ အဆုံးအဖြတ်ကို ပေးတယ်။

လိင်ဆက်ဆံမှုတခု ပြုပြီးတာနဲ့ ယောက်ျားကပြီးစီးချိန်မှာ သုက်ကောင်ရေပေါင်း သန်း ၂ဝဝ ထုတ်ပေးတယ်။ အဲဒီထဲက ဖခင်ရဲ့ X ဒါမှမဟုတ် Y တခုတည်းကသာ မ-မျိုးဥနဲ့ ပေါင်းစပ်ပြီး ကလေးကို (ကျား) ရယ်၊ (မ) ရယ် ခွဲခြားဖြစ်စေနိုင်တယ်။

Shettles Method (ရှက်တဲလ်စ်) နည်း
မိန်းကလေး ဘယ်လိုရစေမလဲကို အထူးပြုတဲ့နည်းဖြစ်ပေမဲ့ (ကျား) ရော (မ) ပါ ရအောင်လုပ်နည်း ဖြစ်တယ်။ Y ပါတဲ့ သုက်ပိုးက ပိုပြီးမြန်ဆန်တယ်။ ဒါပေမဲ့ ကြာကြာမနေနိုင်ဘူး။ ဒါ့ကြောင့် မမျိုးဥထွက်နေချိန်မှာ အမျိုးသမီးရဲ့ကိုယ်ထဲမှာ သုက်ပိုး လုံးဝ ရှိမနေစေဘဲ၊ မ-မျိုးဥ ထွက်လာချိန်မှာ ဆက်ဆံမှုပြုပြီး သုက်ပိုးတွေလာစေမယ်ဆိုရင် မမျိုးဥဆီကို မြန်ဆန်လှတဲ့ Y ပါတဲ့ သုက်ပိုးတွေက အရင် ရောက်လာလို့ ယောက်ျားလေး ရစေမယ်။

ဒီလိုဖြစ်လာစေဘို့ အမျိုးသမီးဟာ ကိုယ့်ရာသီရက်-လ အတိအကျသိရမယ်။ ဘာတခုမှ မလုပ်သေးချင် မနက်အိပ်ရာထချိန်မယ် တိုင်းယူတဲ့ ကိုယ်အပူချိန် တိုင်းယူပြီး ဇယားချထားနိုင်တယ်။ ၃-၄ လ လောက် အဲလို တွက်ချက်-မှတ်သားထားပါ။ မျိုးဥ ဘယ်ရက်မှာ အတိအကျ ထွက်တယ် ဆိုတာ သေခြာပေါက်သိနိုင်တယ်။ ကြားရက်တရက် (လလည်ရက်) မှာ ကိုယ်အပူချိန် နဲနဲလေးတက်နေတာ တွေ့မယ်။ အဲဒါ မျိုးဥ ထွက်တဲ့ရက် ဖြစ်တယ်။

အဲဒီရက် မတိုင်ခင် ၄-၅ ရက်အတွင်း အတူကြရင်တောင်မှ ခင်ပွန်းဖြစ်သူဟာ ဇနီးရဲ့ အင်္ဂါထဲကို သုက်မလွှတ်ပါနဲ့။ အပြင်ထုတ်နည်းဖြစ်ဖြစ် (ကွန်ဒွမ်) သုံးတာဖြစ်ဖြစ် လုပ်ပါ။ တွက်ချက်ထားတဲ့ မျိုးဥထွက်မဲ့ရက်မှာ (ကွန်ဒွမ်) မပါဘဲ ဗဂျိုင်းနာထဲမှာ သုက်လွှတ်ပါ။ အတိအကျ ပြောရရင် ထွက်ချိန်မတိုင်ခင် ၁၂ နာရီမှာ အတူနေပြီး သုက်ထည့်ပေးပါ။

ဆက်ဆံနည်းကလည်း လိင်တံထိပ်ဖျားဟာ သားအိမ်အဝနဲ့ ထိထိမိမိ ဖြစ်စေရမယ်။ နောက်ကနေ ဆက်ဆံနည်းလဲ အပါအဝင်ဖြစ်တယ်။ မိန်းမဖြစ်သူကပြီးရင် သုက်ပိုးကို မ-မျိုးဥဆီ ရောက်စေဘို့ အားပေးရာကျတယ်။

ဒေါက်တာတင့်ဆွေ
SHARE
Credit Source: https://doctortintswe.blogspot.com/2014/11/baby-boy.html


Healthy Life

253 Blog posts

Comments