Fertilized egg ကလလရည်ကြည်

“ကလလရည်ကြည်” ဆိုတာ မွေးကာစသိုးငယ်ရဲ့အကြိမ်ကြိမ် ခါထားတဲ ဆီသုတ်ထားတဲ့ အမွှေးထိပ်ပမာဏ လောက်ပဲ ရှိတယ် ဆို

November 06, 2014
Fertilized egg ကလလရည်ကြည်

Fertilized egg

“ကလလရည်ကြည်” ဆိုတာ မွေးကာစသိုးငယ်ရဲ့အကြိမ်ကြိမ် ခါထားတဲ ဆီသုတ်ထားတဲ့ အမွှေးထိပ်ပမာဏ လောက်ပဲ ရှိတယ် ဆိုတာ ဖြစ်နိုင်ပါသလားဆရာ။

အရွယ်ရှိ အမျိုးသမီးတယောက်ဟာ ကျန်းမာနေရင် လစဉ်လတိုင်း Ovum မ-မျိုးဥတခု ထုတ်ပေးနေတယ်။ မျိုးဥကို Gamate, Egg cell, Egg စသဖြင့်ခေါ်တယ်။ Spermatozoa ခေါ်တဲ့ ကျား-သုက်ပိုးတွေနဲ့ တွေ့ဆုံ-ပေါင်းစပ် ရာကနေ သန္ဓေ ဆိုတာ ဖြစ်လာမယ်။ ဒီဖြစ်စဉ်ကို Fertilization လို့ခေါ်တယ်။

Sperm သုက်ပိုးတွေက အမျိုးသမီးရဲ့ မျိုးပွားစနစ်ထဲမှာ ၂-၃ ရက်အထိ အသက်ရှင် နေနိုင်တယ်။ ဒီအတောအတွင်းမှာ ရင့်မှည့်နေတဲ့ မ-မျိုးဥနဲ့ တွေ့မှသာ ကိုယ်ဝန်ရစေမယ်။ အကြမ်းအားဖြင့် ၁၂-၂၄ နာရီအတွင်းဖြစ်ရမယ်။ မျိုးစပ်လိုက်ပြီဖြစ်တဲ့ Fertilized egg ကလလရည်ကြည်ဟာ ဆဲလ်ပွါးခြင်းတွေ ချက်ချင်း ဖြစ်လာတယ်။ Embryo သန္ဓေဖြစ်ဘို့ရာ ၅-၇ ရက်ကြာတယ်။ ဒီအဆင့်မှာ အချင်းမျဉ်းက တလက္မရဲ့ ၁ဝဝ ပုံ ၁ ပုံသာ ရှိတယ်။

အဲဒါက Implantation သားအိမ် အတွင်းနံရံမှာ လာတွယ်တာကို ကိုယ်ဝန်ရှိပြီလို့ ပြောတာ ဖြစ်တယ်။ ဒီရက်တွေအတွင်း အဲလိုမဖြစ်စေအောင် လုပ်တာကို Emergency contraception အရေးပေါ်တားနည်း (ရေးထားပါတယ်) လို့ခေါ်တယ်။ သားအိမ် အတွင်းနံရံမှာ လာတွယ်တာနဲ့ ဟော်မုန်း တမျိုး စထုတ်လာပြီ။ ဒီ Human chorionic gonadotrophin (hCG) ဟော်မုန်း သွေးထဲနဲ့ ဆီးထဲမှာ ပါနေ-မနေ စစ်တာကို Pregnancy test ကိုယ်ဝန်ရှိ-မရှိစစ်တယ်လို့ ခေါ်တယ်။

Egg size မ-မျိူးဥ အရွယ်အစားဟာ ဖြစ်လာမဲ့သန္ဓေရဲ့ အရွယ်အစားကို သက်ရောက်တယ်။ Gamete Size အရွယ်အစား သုတေသနတခုမှာ သက်ရှိ အကောင် (၃) ခုရဲ့ မ-မျိုးဥ နဲ့ သုက်ပိုး ၅ဝ ကိုလေ့လာခဲ့တယ်။ အမ-မျိုးဥကို အဆ ၄ဝဝ၊ အဖို-သုက်ပိုးကို အဆ ၁ဝဝဝ ချဲ့ကြည်ရတဲ့ Differential microscope အနုကြည့် မှန်ဘီလူးတွေနဲ့ လေ့လာတယ်။ လူကိုတော့လေ့လာတာ မတွေ့မိသေးပါ။

အဖို-အမ ဆိုတာ သဘာဝလုံးဝမတူကြပါ။
• Egg cell (Ovum, Oocyte) ဆိုတာ လူ့ (ဆဲလ်) တွေထဲမှာ အကြီးဆုံးဖြစ်တယ်။ 0.15 ကနေ 0.2 mm အထိ ရှိတယ်။ မျက်စိကောင်းရင် မြင်နိုင်တယ်။ လုံးဝန်းနေတယ်။ Cytoplasm (ဆိုက်တိုပလာဆမ်) အနှစ်များတယ်။
• Sperm cells ကျား-သုက်ပိုးဟာ လူ့ (ဆဲလ်) တွေထဲမှာ အသေးဆုံးဖြစ်တယ်။ အဖြောင့်ဖြစ်တယ်။ ခေါင်းနဲ့ အမြီးပါတယ်။ Nucleus (နူကလိယပ်စ်) သာပါတယ်။
• မ-မျိုးဥဟာ ထွက်လာတာနဲ့ မလှုတ်နိုင်ဘဲ သူနေရတဲ့ အရည်မှာ ပေါလောမျောနေတော့တယ်။ သုက်ပိုကးက မြန်မြန်ဆန်ဆန် ကူးခပ်သွားလာတယ်။
• မ-မျိုးဥက အထဲမှာသွက်လက်ပြီး၊ အပြင်ရောက်ရင် မလှုတ်တော့ဘူး။ သုက်ပိုးက အထဲမှာ မလှုတ်ဘဲ အပြင်ရာက်ရင် သွက်လက်တယ်။ တကယ့်လူဘဝနဲ့ ဆင်တယ် မဟုတ်ပါလား။
• မ-မျိုးဥဟာ Metabolically active ဇီဝဖြစ်စဉ်မှာ တက်ကြွမှုရှိတယ်။ ဓါတ်ပစ္စည်းတွေကို စုပ်ယူနိုင်တယ်။ ထုတ်ပေးနိုင်တယ်။ သူ့သဘာဝ-ဝန်းကျင်မှာ ၁၂-၂၄ နာရီသာ ရှင်နေနိုင်တယ်။ ပျက်စီးဘို့ အင်မတန်လွယ်တယ်။ ဒီအချက်လဲ လူ့ဘဝနဲ့ တူတာဘဲ။
• သုက်ရည်က ဘာကို မစုပ်ယူနိုင်၊ ထုတ်မပေးနိုင်ဘူး။ သားအိမ်ထဲမှာ ၃-၅ ရက်အထိ ရှင်နေနိုင်တယ်။ အပြင်မှာလဲ အပူချိန် (အအေးချိန်) ၆ဝ ဒီဂရီ (စီ) မှာ သိမ်းထားလို့ ရတယ်။
• “ယောက်ျားကောင်း မောင်းမတထောင်” ဆိုတာ ဒီနေရာမှာ ပြောင်းပြန်။ မျိုးစပ်ဘို့ရာ မ-မျိုးဥ တခုတည်းသာ လိုပေမဲ့၊ ကျား-သုက်ပိုး သန်းနဲ့ချီပြီး လိုတယ်။ “ခြေတလှမ်း ကုဋေတသန်း” ဆိုတဲ့စကား မှန်လှတယ်။
• ယောက်ျားတယောက်မှာ တခါသုက်လွှတ်တာမှာ သုက်ပိုးအရေအတွက် သန်းပေါင်း ၂ဝ-၄ဝ ထက်နည်းရင် Barren အမြုံဖြစ်တယ်။ တကယ်လိုမှာကတော့ တခုတည်းသာ ဖြစ်ပါတယ်။ ချံပီယံ ရှေ့ဆုံးက ပန်းဝင်တယ် ဆိုတာလဲ မှန်တာဘဲ။
• အပူ-အအေး ကြိုက်တာမှာလဲ မတူကြဘူး။ မ-မျိုးဥက ပူနွေးတာကြိုက်ပြီး၊ ကျားသုက်ပိုးက အေးတာ ကြိုက်တယ်။
• မ-မျိုးဥဆိုတာ မိန်းကလေး မွေးမလာခင် ဗိုက်ထဲမှာကတည်းက ထုတ်နေပြီ။ Primordial egg cells ခေါ်တယ်။ မွေးကာစကလေးမမှာ မ-မျိုးဥ ၂ သန်းရှိနေတယ်။ ဖြစ်-ပျက်-သေ သဘောတရားကို အတိအကျ လိုက်နာမယ်။ အပျိုဖြစ်ချိန်မှာ မ-မျိုးဥ ၄ သောင်းသာရှိနေမယ်။ ဒီအရွယ်ကစပြီး လစဉ် ရင့်မှည်ဖြစ်စဉ်လာပြီ။ တလမှာ တခုက အပြည့်အဝ ရင့်မှည့်တယ်။ နှစ်ခုရင့်မှည့်တာလဲ ဖြစ်နိုင်တယ်။ ကျန်တာတွေ သေဆုံးသွားတယ်။ တွက်ကြည့်ရင် တနှစ်မှာ ၁၃ ခု၊ အပျိုဖြစ်တာကနေ သွေးဆုံးချိန်အထိ၊ အနှစ် ၃ဝ ဆိုရင် ရင့်မှည့်တဲ့ မ-မျိုးဥပေါင်း ၄ဝဝ ရှိမယ်။
• ယောက်ျားတွေမှာကြတော့ ပဌမဆုံးသုက်ပိုးဆိုတာ လူပျိုဖြစ်မှ ဖြစ်လာတယ်။ ဒိနောက်တော့ စက္ကန့်တိုင်းမှာ ရာနဲ့ချီပြီး ထုတ်နေတော့တာဘဲ။ တရက်ဆို သန်းနဲ့ချီတယ်။ အမြဲမပြတ် အသစ်တွေဖြစ်နေတယ်။
• မ-မျိုးဥဆိုရင် အိုဟောင်းရင့်မှည်မှ ကောင်းပြီး၊ သုက်ပိုးဆိုတာ သစ်လွင်လတ်ဆတ်နေတယ်။ မ-မျိုးဥဟာ သေဆုံးဖြင်းဆီ ဦးတည်နေတယ်။ နောက်ဆုံး ရပ်တန့်သွားတယ်။ ကျား-သုက်ပိုးက ဘယ်တော့မှ မရပ်ဘူး။
• ချုပ်လိုက်ရင် Egg cell မ-မျိုးဥ နဲ့ Sperm ကျား-သုက်ပိုးဟာ Appearance အသွင်သဏ္ဌာန်ရော Processes ဖြစ်စဉ်ပါ Mutually antagonistic အပြန်အလှန် ဆန့်ကျပြီး၊ Opposite ပြောင်ပြန်ဖြစ်ကြတယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/fertilized-egg.html


Healthy Life

253 Blog posts

Comments