Double Reproductive Organs အင်္ဂါနှစ်မျိုးပါနေခြင်း

လူတစ်ယောက်မှာ ကျားအင်္ဂါရော၊ မအင်္ဂါရော နှစ်မျိုးပါတာ ရှိပါသလား။ ကျွန်တော် ပုံတစ်ပုံ တွေ့ထားလို့ပါ။ ပု

November 04, 2014
Double Reproductive Organs အင်္ဂါနှစ်မျိုးပါနေခြင်း

Double Reproductive Organs

လူတစ်ယောက်မှာ ကျားအင်္ဂါရော၊ မအင်္ဂါရော နှစ်မျိုးပါတာ ရှိပါသလား။ ကျွန်တော် ပုံတစ်ပုံ တွေ့ထားလို့ပါ။ ပုံနဲ့ တွဲပို့လိုက်ပါတယ်။ ပုံနဲ့တွဲပို့ရတာပုံက နည်းနည်း ရိုင်းသလိုများ ဖြစ်နေမလားလို့ပါ။

ဆေးဆရာမှာ ရွံစရာ မရှိရသလို ရိုင်းမှာလဲ သိပ်မစိုးရိမ်ရပါ။ ယဉ်ကျေးတဲ့စိတ်ထား ချီးကျုးပါတယ်ဗျား။ ရှိပါတယ်။ ပုံထဲကအတိုင်းက တော်တော်ရှားတယ်။ (ပို့လိုက်တဲ့ပုံကို ဒီနေရာမှာ ပြမထားပါ) မသိမသာတွဲပါတာက များတယ်။ အင်္ဂါတွဲတာရော၊ စိတ်တွဲတာရော ရှိတယ်။ တချို့မှာ ရုပ်က တမျိုး၊ အသံ၊ အမူအယာတမျိုး။ တချို့ကြ အပြင်ကကြည့်ရင် တမျိုး ဆေးစစ်မှ တမျိုးတွေ့တယ်။ ရုပ်အခြေအနေ၊ ဟော်မုန်း အခြေအနေ၊ စိတ်အခြေအနေ လိုက်ပြီး ခွဲစိတ်ပြုပြင်ပေးနိုင်ပါတယ်။

ချက်ချင်းဆိုသလို စာပြန်ရေးခဲ့ပြီး ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားတော့ တမျိုးထင်လာတယ်။ ဓါတ်ပုံထဲကလို အဂ်ါ ၂ ခု မဖြစ်နိုင်ဘူး ထင်တယ်။ ကျား-မ လိင်အင်္ဂါတွေက မျိုးဗီဇအရ ထပ်တူကြတာတွေ ရှိတယ်။ အဲဒီသဘောအရ ပုံထဲကလို မဖြစ်နိုင်ဘူး။ ကျား-အင်္ဂါက ကပ်ပယ်အိတ်ကို ဘယ်-ညာ ခြမ်းလိုက်ရင် မ-အင်္ဂါ နှုတ်ခမ်းသားအကြီးနဲ့ သဘောချင်းတူတယ်။ ဓါတ်ပုံမှာ ၂ မျိုးလုံးက သပ်သပ်စီနဲ့ တည်ဆောက်မှု ပြည့်ပြည့်စုံစုံ ရှိနေတယ်။

တမျိုးသာဖြစ်နေရမယ်။ နောက်ပြီး မ-အင်္ဂါအစိဟာ ကျားလိင်တံနဲ့ သဘောချင်းတူတယ်။ ဓါတ်ပုံမှာ ၂ မျိုးလုံးက ဖွံ့ထွားမှု အပြည့်အစုံ ပါနေတယ်။ ပါတဲ့အပြင် ကျားလိင်တံကို သန်မာမှုရှိသလောက်အထိ ပြထားသေးတယ်။ တည်နေရာလဲ အဲလို သီးခြား ၂ နေရာမှာ မဖြစ်နိုင်ဘူး။ ၂ ခုတွဲပါနေတာဟာ သားအိမ် နဲ့ ဗဂျိုင်းတား တွေသာဖြစ်နိုင်တယ်။ ဒါကြောင့် ဓါတ်ပုံကို ကွန်ပြူတာနဲ့ ပြုပြင်ထားတယ်လို့ သံသယရှိတယ်။ ဆရာ့သံသယ မှားရင်တော့ အင်မတန် စိတ်ဝင်စားဘို့ကောင်းတဲ့ သုတေသနတခု ဖြစ်လာလိမ့်မယ်။ မ-အင်္ဂါနှုတ်ခမ်းသားနဲ့ ကျား-ကပ်ပယ်အိတ် ဆက်နေတာကတော့ သဘာဝကျတယ်။ ဓါတ်ပုံရှင် တကယ်ရှိသလား။ အသက်၊ စိတ်နေသဘောထား၊ လိင်ဟော်မုန်း၊ စတာတွေကိုပါ ဆန်းစစ်ရမယ်။

ယောက်ျား နဲ့ မိန်းမ မျိုးဗီဇဗေဒအရ ဆင်တူတာတွေကတော့ -
Female မိန်းမ = Male ယောက်ျား
- Bartholin's glands (ဘာသိုလင်-ဂလင်း) = Nil မရှိ
- Cervix သားအိမ်ဝ = Nil မရှိ
- Clitoris မ-အစိ = Bulbourethral glands (ဘာလ်ဘို-ယူရီသရယ်-ဂလင်း)
- Clitoral hood မ-အစိအဖုံး = Epididymis (အပီဒီဒါးမစ်)
- Clitoral glans (Glans clitoridis) မ-အစိထိပ်ပိုင်း = Penis ကျား လိင်တံ
- Fallopian tubes သားအိမ်ပြွန် = Foreskin ကျား-အင်္ဂါထိပ်ဖျားအရေပြား
- Labium မ-အင်္ဂါ နှုတ်ခမ်းသား= Glans penis ကျား-အင်္ဂါထိပ်ဖျား (ကွမ်းသီးခေါင်း)
- Ovaries မျိုးဥအိမ် = Prostate ကျား-ဆီးကျိတ်
- Skene's gland (စကင်းစ်-ဂလင်း) = Scrotum ကပ်ပယ်အိတ်
- Uterus သားအိမ် = Seminal vesicles (ဆီမီနယ်-ဗဆိုက်ကယ်လ်)
- Vagina (ဗဂျိုင်းနား) = Testicles ကျား-အစိများ
- Vulva မ-အင်္ဂါ အပြင်ကမြင်ရတဲ့ အစိတ်အပိုင်း = Nil မရှိ

မိန်းမ-ယောက်ျား ဆင်တူလုပ်ငန်းတွေလဲရှိတယ်။
Female မိန်းမ = Male ယောက်ျား
- Bartholin's glands (ဘာသိုလင်-ဂလင်း) = Cowper's gland (ကောပါးစ်-ဂလင်း) = Lubrication secretions ချောမွေ့ရည်ထုတ်ပေးခြင်း
- Clitoris မ-အစိ = Penis ကျား-လိင်တံ = Erectile tissue and sensation သန်မာလာစေခြင်း နှင့် စိတ်လာခြင်း
- Ovaries မျိုးဥအိမ် = Testes ကျား-အစိ = Gamete production မျိုးဗီဇထုတ်ပေးခြင်း
- Skene's gland (စကင်းစ်-ဂလင်း) = Prostate gland ကျား-ဆီးကျိတ် = Ejaculatory fluid and sensation သုက်ထွက်ခြင်းနှင့် စိတ်လာခြင်း

ဇီဝဗေဒမှာ အထီး-အမ လိင် ၂ မျိုးစလုံးတွဲပါနေတာကို Hermaphrodite ခေါ်တယ်။ လူတွေ၊ အပင်တွေ၊ တိရစ္ဆာန်တွေမှာပါ ဖြစ်နိုင်တယ်။ ထုံးစံအတိုင်း ဆေးစာလုံးတွေက ဂရိကနေ လာတယ်။ ဘုရင်ကြီး Hermes နဲ့ Hermaphroditos နတ်မင်းသမီးကနေ လာတာဖြစ်တယ်။ လူတွေမှာ ခရိုမိုဇုမ်း X နဲ့ Y ၂ မျိုးလုံး ပါနေတာမျိုးကို Pseudo-hermaphroditism ခေါ်တယ်။ ယောက်ျားစစ်ရင် XY chromosome လို့တွဲပါတာနဲ့ မမှားပါနဲ့။ Testicular ကျား-အစိတွေ နဲ့ Ovarian tissue မျိုးဥအိမ် (တစ်ရှူး) တွေ တွဲရှိနေမယ်။ လိင်အင်္ဂါကို အပြင်ကနေ ကြည့်ရင် တမျိုးဖြစ်နေမယ်။ တခြားဟာတွေ ပုံမှန်ဖြစ်ပြီး မ-အစိ နဲ့ ကျား-လိင်တံတွေက ပုံမှန်ဖြစ်မနေဘူး။ နောက်ပိုင်းမှာ Intersex လို့ ဆေးပညာမှာ ခေါ်လာနေကြတယ်။ ကာယကံရှင်က ကိုယ်နှစ်လိုတာကို ရွေးချယ်နိုင်တယ်။ အဝတ်အစား၊ လူမှုရေးဘဝ၊ Genital surgery ခွဲစိတ်ပြုပြင်နည်း နဲ့ Hormone replacement therapy ဟော်မုန်းပေး ကုသနည်းတွေနဲ့ ပြုပြင်နိုင်တယ်။

သန္ဓေသားဘဝမှာ ကိုယ်ဝန် ၉ ပါတ်ရှိလာရင် Mullerian ducts (မူလာရီယန်) ပြွန် ၂ ခုက ပေါင်းစပ်လိုက်ပြီး တခုတည်းသော Uterus သားအိမ် ဖြစ်လာရတယ်။ ယောက်ျားလေးဆိုရင် ပျောက်ကွယ်သွားတယ်။ ပေါင်းစပ်တာ ပုံမှန် မဟုတ်သူတွေမှာ သားအိမ် ၂ ခုအပြင် ဗဂျိုင်းနားလဲ ၂ ခုဖြစ်လာတယ်။ ဗဂျိုင်းနားပေါက်ကို တခုကပိတ်နေလို့ အပြင်ကနေမြင်ရင် ပုံမှန်လိုဘဲ။ သားအိမ် ၂ ခုရှိပြီး ဗဂျိုင်းနား တခုတည်းဖြစ်နေတာကို Bicornuate uterus သားအိမ် နှစ်ခွလို့ ခေါ်တယ်။

ဆေးပညာ အခြေခံသာဘာရပ်တခုဖြစ်တဲ့ ခန္ဓာဗေဒ Grey's Anatomy ကို (တီဗွီ) ကနေ အခန်းဆက် တင်ဆက်ပေးနေတာ ရှိတယ်။ ၁၁-၁-၂ဝ၁၂ နေ့မှာ ITV ကနေ ထူးဆန်းတဲ့ ဆွေးနွေးခန်းကို ပြခဲ့တယ်။ သတင်းခေါင်စဉ်ကို Woman with TWO vaginas ဗဂျိုင်းနား နှစ်ခုနဲ့ အမျိုးသမီးလို့ ပေးထားတယ်။ အင်္ဂလန်နိုင်ငံသူ Hazel Jones (ဟေဇယ်လ်-ဂျုံး) ဟာ အသက် ၁၈ နှစ်ရှိမှ Uterus didelphys သားအိမ် နှစ်ခုပါတာကို ဆေးစစ်လို့ တွေ့ခဲ့တယ်။ သူမဟာ အပျိုဘဝကို နှစ်ခါပြန် လက်လွတ်စေခဲ့သူ ဖြစ်တယ်လို့လဲ သတင်း တင်ဆက်သူကနေ ကွန့်ပေးထားသေးတယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/double-reproductive-organs.html


Healthy Life

253 Blog posts

Comments