Bacterial vaginosis (ဗဂျိုင်းနား) (ဗက်တီးရီးယား) ဝင်ခြင်း

• Candidiasis မှိုဝင်တာထက် ၂ ဆ ပိုအဖြစ်များတယ်။ (ဗဂျိုင်းနား) ထဲမှာ ရှိနေကြ Lactobacillius species တွေ ရှိနေရာကနေ Anaerobic bacteria (ဗက်တီးရ

Vaginal Cysts Polyps Warts
Bacterial vaginosis (ဗဂျိုင်းနား) (ဗက်တီးရီးယား) ဝင်ခြင်း

Bacterial vaginosis

• Candidiasis မှိုဝင်တာထက် ၂ ဆ ပိုအဖြစ်များတယ်။ (ဗဂျိုင်းနား) ထဲမှာ ရှိနေကြ Lactobacillius species တွေ ရှိနေရာကနေ Anaerobic bacteria (ဗက်တီးရီးယား) တွေ များလာတာ ဖြစ်ပါတယ်။
• စစ်ဆေးရင် မွေးလမ်းကြောင်း နံရံမှာကပ်ပြီး အဖြူ-မီးခိုးရောင် အရည်တွေ ဆင်းမယ်။ အနံ့နံတယ်။ Fishy amine order ခေါ်တယ်။ ငါးညှီနံ့လို နေတယ်။ လိင်ဆက်ဆံချိန်မှာ အနံ့ပိုဆိုးတယ်။ pH နိမ့်နေမယ်။ အက်စစ်ဓါတ် ကဲနေတာကို ပြောတာ။
• ဖြစ်နေသူ ၅ဝ% က လက္ခဏာ မရှိကြဘူး။ ပိုးတွေတော့ ရှိနေမယ်။
• ဘာလို့ ဖြစ်ရတယ် ဆိုတာကို အထောက်အထားနဲ့တော့ အတိအကျ မပြောနိုင်သေးဘူး။

• ဖြစ်နိုင်ခြေ များသူတွေ ကတော့ -
o လိင်ဆက်ဆံဘက် များသူ၊
o ပဌမဦးဆုံး ဆက်ဆံဘက်ဖြစ်ရင်၊
o ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံသူ၊
o IUCD ကိုယ်ဝန်တား ပစ္စည်းထည့်ထားသူ၊
o Vaginal douching မွေးလမ်း ခဏခဏဆေးကြောသူ၊
o ဖြစ်ချိန်က ရာသီလာချိန်မှာ ပိုများတယ်။

• Antianaerobic infection for symptomatic non-pregnant women Treatment
- Oral Antianaerobic drugs ပါးစပ်က ဆေးပေးတာနဲ့ Intravaginal Antianaerobic drugs မွေးလမ်း ထည့်ဆေး 5-10 days or at least 4 weeks ပေးတာ မကွာခြားပါ။
- Metronidazole 500 mg BD x 7 days ပေးတာဟာ Metronidazole 2 GM တခါထဲ အသောက် ခိုင်းတာထက် ပိုကောင်းတယ်။ ၃-၄ ပါတ်မှာ ပျောက်နှုန်းပိုတာ တွေ့ရတယ်။
- Clindamycin ပါးစပ်ကပေးတာနဲ့ Metronidazole BD x 7 days ပေးတာ ကွားခြားတာ မရှိဘူး။ Metronidazole Vaginal gel ပေးတာလဲ မကွာခြားဘူး။
- Vaginal Clindamycin ovule x 3 days ပေးတာနဲ့ Oral Clindamycin cream x 7 days ပေးတာ ၃၅ ရက်မှာ ပျောက်နှုန်း ကွာခြားချက် မရှိဘူး။
- ကိုယ်ဝန်ဆောင်တွေကို အရင်က လမစေ့ဘဲ မွေးဘူးသူမှာ Bacterial vaginosis ဖြစ်နေရင် Oral Antianaerobic ဆေးပေးရင် ပိုကောင်းစေနိုင်တယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/bacterial-vaginosis.html


Healthy Life

253 Blog posts

Comments