Placenta accreta အချင်းပုံမှန်မဟုတ်ခြင်း

Placenta Accreta ရောဂါအကြောင်း သိခြင်ပါတယ်ရှင့်။

November 04, 2014
Placenta accreta အချင်းပုံမှန်မဟုတ်ခြင်း

Placenta accreta

Placenta Accreta ရောဂါအကြောင်း သိခြင်ပါတယ်ရှင့်။

· အချင်းဟာ ကလေးဖွါးပြီးရင် အလိုလိုကွာကျလာရမယ်။ ၅ မိနစ်သာကြာမယ်။
· Placenta accreta ကိုယ်ဝန် အချင်းပုံမှန်မဟုတ်တဲ့ ဆိုးဝါးတဲ့ရောဂါဖြစ်တယ်။ ကိုယ်ဝန် ၅၃၃ ယောက်မှာ ၁ ယောက်ဖြစ်တယ်လို့ ဆန်းစစ်မှုတခုကဆိုပါတယ်။
· အချင်းက သားအိမ် အတွင်း နံရံမှာသာ ကပ်ရမှာကို ကြွက်သားလွှာအထိ တွယ်ကပ်နေတယ်။
· အခုလိုဖြစ်နေတာကို ခွါထုတ်တဲ့အခါ သွေးတွေ အများကြီးထွက်မယ်။ သွေးမသွင်းနိုင်ရင် ဒုက္ခရောက်နိုင်တယ်။ တချို့မှာ ခွဲစိတ်ကုသမှု လိုမယ်။ တချို့မှာ သားအိမ်ပါထုတ်လိုက်ရတတ်တယ်။
· အရင်က သားအိမ်အလုံးရှိလို့၊ ဗိုက်ခွဲမွေးထားလို့ စတဲ့သားအိမ်ကို ခွဲစိတ်ကုသမှုခံထားရသူ၊ ကိုယ်ဝန်ပျက်လို့၊ ကိုယ်ဝန်ဖျက်လို့ သားအိမ်ခြစ်ထားရသူတွေမှာ ဒီလိုလာဖြစ်နိုင်တယ်။
· အထဲက ကလေးမိန်းကလေးဖြစ်နေရင် ပိုအဖြစ်များတာတွေ့ရတယ်။ အချင်းရှေ့ရောက်ဖြစ်နေတာကလဲ ရိုးရိုးထက်များတယ်။ အချင်းကပုံမှန် သားအိမ်အထက်ပိုင်းမှာရှိပေမဲ့ ရှေ့ပိုင်းနေသူတွေမှာ နဲနဲ ပိုအဖြစ်များတယ်။ မွေးရာပါ သားအိမ်ရောဂါရှိရင်လဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်နဲ့တွဲပြီး Myoma/Fibroid သားအိမ်အကျိတ် ရှိနေသူမှာလဲ ဖြစ်နိုင်တယ်။ အချင်းနေရာမမှန်တာ (ဒေါင့်နေရာမှာ) ကနေလဲ ဖြစ်နိုင်တယ်။
· Placenta accreta အမျိုးအစားက ၇၇% ရှိတယ်။ အချင်းက သားအိမ်အလယ်လွှာကို ကပ်တွယ်နေမယ်။ အထဲထိတော့ မရောက်ဘူး။
· Placenta increta အမျိုးအစားက ၁၇% ရှိတယ်။ သားအိမ်အလယ်လွှာအထိ ထိုးဖေါက်ပြီးဝင်နေမယ်။
· Placenta percreta အမျိုအစားက ၆% ရှိတယ်။ အဆိုးဆုံးဖြစ်တယ်။ သားအိမ်အလယ်လွှာတခုလုံးထိ ထိုးဖေါက်ထားမယ်။ အဖုံးလွှာထိလဲရောက်နိုင်တယ်။ သားအိမ်အပြက်က ဆီးအိမ်နဲ့ အစာဟောင်းအိမ်အထိပါ ရောက်နိုင်သေးတယ်။
· ဘယ်လိုခံစားရမလဲ မမွေးခင်မှာ မွေးလမ်းကနေ သွေးဆင်းနိုင်တယ်။ ဆင်းလိုက် ရပ်လိုက်နေမယ်။ အရင်က ဗိုက်ခွဲမွေးထားတဲ့ ခွဲရာအမာရွတ်ထဲကို အချင်းတစ်ရှူးတွေဝင်ရာကနေ သားအိမ်ကွဲနိုင်တယ်။
· မမွေးခင်မှာ ဒီလိုဖြစ်နေတာကို သိဘို့မလွယ်ဘူး။
· Doppler ultrasound (အာလ်ထွာဆောင်း) ရိုက်ရင် သံသယရှိတာတွေ့မယ်။
· MRI ရိုက်မှ နဲနဲပိုသေချာမယ်။ ဒါလဲ အကုန်မသိသေးဘူး။
· Three dimensional power color doppler ultrasound scan နဲ့ရိုက်ရင် ၈ရ့၅% အထိသိမယ်။
· ကလေးထွက်ပြီးနောက် မိနစ် ၃ဝ ကြာတဲ့အထိ အချင်းမကျရင် သံသယထားပါ။ ဆရာဝန်က လက်နဲ့ဆွဲထုတ်မယ်။ သွေးသွန်မယ်။
· မမွေးခင်စောသိရင်တော့ ဗိုက်ခွဲမွေးရမယ်။ လိုသေးရင် သားအိမ်ပါထုတ်ပြစ်ဘို့ စီစဉ်ထားရမယ်။
· ခွဲပြီးရင် Pitocin ဆေးနဲ့ Antibiotics ဆေးပေးရမယ်။
· ခွဲတဲ့အခါမှာ အချင်းက တစိတ်ပိုင်းသားအထဲဝင်ကပ်နေရင် ဆွဲထုတ်ပြီး အဲဒီနေရာက် ချုပ်ပေးရမယ်။ ထူးခြားမှုအလိုက် အသေးစိတ် နည်းနာတွေရှိပါသေးတယ်။
· LSCS ဗိုက်ခွဲမေးသူတွေမှာ နောက်ကိုယ်ဝန်ရဲ့ ဝ့၄-ဝ့၈% ရှိတယ်။ Placenta previa အချင်းရှေ့ရောက်ထဲက ၁၅% မှာ အဲလိုဖြစ်နိုင်တယ်။ အသက် ၃၅ နှစ်ကျော်ကိုယ်ဝန်ဆောင်တွေမှာ ပိုများမယ်။ ဗိုက်လဲခွဲဘူးမယ်၊ အချင်ရှေ့ရောက်လဲဖြစ်နေမယ်ဆိုရင် ၄ဝ% ဖြစ်တာတွေ့ရတယ်။ ဗိုက် ၁ ခါမကခွဲထားရင် ပိုများမယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/placenta-accreta.html


Healthy Life

253 Blog posts

Comments