Pregnancy and HPV Vaccination သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင်

• HPV vaccines ကာကွယ်ဆေးဟာ Cervical cancer သားအိမ်ဝ-ကင်ဆာ နဲ့ တခြား HPV (Human Papillomavirus) ကြောင့် ဖြစ်တဲ့ ကင်ဆာတွေကို ကာကွယ်ပေးတယ်။ ကင်

November 04, 2014
Pregnancy and HPV Vaccination သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင်

Pregnancy and HPV Vaccination

• HPV vaccines ကာကွယ်ဆေးဟာ Cervical cancer သားအိမ်ဝ-ကင်ဆာ နဲ့ တခြား HPV (Human Papillomavirus) ကြောင့် ဖြစ်တဲ့ ကင်ဆာတွေကို ကာကွယ်ပေးတယ်။ ကင်ဆာမဟုတ်တဲ့ Genital warts လိင်လမ်း-ကြွက်နို့လဲ ပါတယ်။
• နှစ်တိုင်း အမေရိကားမှာ သားအိမ်-ကင်ဆာ အမျိုးသမီး လူနာသစ်ပေါင်း ၁၁ဝဝဝ တွေ့ရှိနေတယ်။ ၄ဝဝဝ က ဒီရောဂါနဲ့ ကွယ်လွန်ကြရတယ်။
• အရွယ်ရှိသူ လူ ၁ဝဝ မှာ ၁ ယောက်က လိင်လမ်းကြွက်နို့ တခါမဟုတ်တခါ ပေါက်နေကြတယ်။
• FDA က လိုင်စင်ပေးထားတဲ့ ကာကွယ်ဆေး ၂ မျိုးရှိတယ်။ Cervarix (GlaxoSmithKline) နဲ့ Gardasil (Merck) ဖြစ်ကြတယ်။
• ဆေး ၂ မျိုးလုံးက ဆင်ကြတယ်။ ဗိုင်းရပ်စ် အမျိုးအစား ၁၆ နဲ့ ၁၈ ကို ကာကွယ်တယ်။ စိတ်လဲချရတယ်။ ၃ ခါ ထိုးရတာလဲ အတူတူဘဲ။
• Gardasil ဆေးကတော့ ကြွက်နို့ဖြစ်စေတဲ့ HPV အမျိုးအစား ၆ နဲ့ ၁၁ တွေကိုပါ ကာကွယ်တယ်။ ယောက်ျားတွေ ထိုးဘို့လဲ Gardasil ဘဲဖြစ်တယ်။ Uterus သားအိမ်သာမက Vulva မိန်းမကိုယ်၊ Vagina ဗဂျိုင်းနား နဲ့ Anus စအို-ကင်ဆာတွေကိုပါ ကာကွယ်စေနိုင်တယ်။

• ကာကွယ်ဆေးတွေကို မိန်းကလေး အသက် ၉ နှစ်ကနေ ၂၆ နှစ်ရှိသူတွေကို ထိုးသင့်တယ်လို့ သတ်မှတ်ထားတယ်။
• လိင်ဆက်ဆံတဲ့ အတွေ့အကြုံမရသေးခင် အရွယ်တွေကို ရည်ရွယ်တာ ဖြစ်တယ်။ တကယ်လို့ ဆေးမထိုးခင်ကတည်းက လိင်ဆက်ဆံမှု ရှိခဲ့ပေမဲ့ ရောဂါ မကူးသေးသူဆိုရင် ကာကွယ်ဆေးက အကျိုးများစေမှာ ဖြစ်တယ်။
• ပဌမဆေး ထိုးပြီးနောက် ၁-၂ လအကြာမှာ ဒုတိယဆေး၊ ပဌမဆေးနောက် ၆ လ အကြာမှာ တတိယဆေး ထိုးမယ်။
• ၂၆ နှစ်ကျော်သူတွေ ဘာလို့ မထိုးသလဲ။ လုံလောက်တဲ့ စမ်းသပ်မှုတွေအရ ၂၆ နှစ်အောက်လို့ သတ်မှတ် ထားတာ ဖြစ်တယ်။ တကယ်လို့ ဒီအသက်ထက် ကျော်သူတွေကိုထိုးတာလဲ အကျိုးများတယ်လို့ လုံလောက်တဲ့ စမ်းသပ်မှုတွေ ပြည့်စုံရင် ပြုပြင်လာပါလိမ့်မယ်။
• ကိုယ်ဝန်ဆောင်များ ဒီစာရင်းထဲမှာ မပါပါ။
• Gardasil HPV vaccine ဆေးကို ကိုယ်ဝန်ဆောင် 1,115 ကို ထိုးပေးစစ်ဆေး ကြည့်ခဲ့တယ်။ ဘေးထွက်-အကျိုး ပိုဆိုးတယ်လို့ ကောက်ချက်ဆွဲလို့ မရတာ တွေ့ရတယ်။ လူ ၁ဝဝဝ ကျော်ကို စမ်းသပ်တာ နည်းသေးပါတယ်။
• ဒါ့ကြောင့် အခုထိ သားအိမ်ကင်ဆာ ကာကွယ်ဆေးတွေဖြစ်ကြတဲ့ Gardasil နဲ့ Cervarix တွေဟာ ယေဘုယျ စိတ်ချနိုင်ပါမယ်လို့ သတ်မှတ်ပေမဲ့၊ လိုရမယ်ရ ကိုယ်ဝန်ဆောင်ဆိုရင် ထိုးမပေးဘို့ကိုတော့ အများက သဘောတူထားကြတယ်။
• အမေရိကားမှာတော့ (FDA) ကနေ Pregnancy Category B အဆင့် သတ်မှတ်ထားတယ်။ ဆေးတိုင်းကို အဲလို သတ်မှတ်ချက်တွေ လုပ်ထားတာ ဖြစ်ပါတယ်။ ဆိုလိုတာက “လူကိုယ်ဝန်ဆောင်” တွေကို ဆေးစမ်းသပ်ထားတာ မရှိသေးလူး၊ ဒါပေမဲ့ အထဲကကလေးကို ထိခိုက်စေမယ် ဆိုတာကိုလဲ “တိရစ္ဆာန်စမ်းသပ်မှု” တွေမှာ သက်သေက မလုံလောက်သေးဘူး။ လူနဲ့ တိရစ္ဆာန်တွေ ဆေးတွေကို တုံ့ပြန်ကြတာ နေရာတကာမှာ မတူနိုင်ဘူးလို့ ပညာရှင်တွေ လက်ခံထားကြတယ်။
• တခါတလေ ဆရာဝန်ကနေ အပေါင်းလက္ခဏာနဲ့ အနုတ်လက္ခဏာတွေ ချိန်ဆပြီး ဒီကာကွယ်ဆေး ထိုးနိုင်တယ်။
• တကယ်လို့ ကိုယ်ဝန်ဆောင်နေရပြီ၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ဘို့ အလားအလာရှိတယ်ဆိုရင် ဆရာဝန်ကို ပြောပြဘို့ လိုပါတယ်။ ဆရာဝန်ကနေ ချင့်ချိန်-ဆုံးဖြတ်ပါလိမ့်မယ်။
• အခြေအနေတွေ ပြည်စုံတဲ့ တိုင်းပြည်တွေမှာတော့ ကိုယ်ဝန်ဆောင်ချိန် ဒီကာကွယ်ဆေး ထိုးသူတိုင်းကို စနစ်တကျ စောင့်ကြည်ဘို့ Pregnancy Registry အစီအစဉ်တွေ လုပ်ထားတယ်။
• ကာကွယ်ဆေး တကြိမ် ထိုးထားသူ နောက် ၂ ကြိမ် ဆက်မထိုးခိုင်းတာဟာ စိတ်ချရတဲ့ဘက်ကနေ ပြောတာ ဖြစ်တယ်။ ကျန်တဲ့ ဆေး အကြိမ်ကို ကလေး ဖွါးပြီးမှ အဆုံးသတ်အောင် ထိုးပါ။
• ထိုးလိုက်မိသူ ကိုယ်ဝန်ဖျက်ပါလို့လဲ မညွှန်းပါ။
• ကာကွယ်ဆေးထိုးထားသူ နောင်ကလေးရဘို့ ဘာမှ ဆေးကြောင့် မခက်စေနိုင်ပါ။

ဆက်စပ်ဖတ်ရန်ဆေးပညာစာများ
1. Cervical Cancer (1) သားအိမ်အဝ ကင်ဆာ (၁)
2. Cervical Cancer (2) သားအိမ်အဝ ကင်ဆာ (၂)
3. Cervical Cancer (3) သားအိမ်အဝ-ကင်ဆာ (၃)
4. Chemotherapy (ခီမို) အတွက် (၁၅) ချက်
5. HPV vaccine (ဂေး) တွေအတွက် ကာကွယ်ဆေး
6. HPV Vaccine for Ca Cx သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး
7. Pregnancy and HPV Vaccination သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင်

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/pregnancy-and-hpv-vaccination_4.html


Healthy Life

253 Blog posts

Comments