Urine Dribbling အမျိုးသား ဆီးတစက်တစက် ထွက်နေခြင်

ကျွန်တော့် အသက်က ၁၉ နှစ်ပါ။ ဆီးတခါသွားပြီးတိုင်း ဆီးတွေက မကုန်ဘဲ လှုပ်ရှားမှု ပြုတဲ့အခါမှာ ဆီးပြန်ထွက်

November 01, 2014
Urine Dribbling အမျိုးသား ဆီးတစက်တစက် ထွက်နေခြင်

Urine Dribbling

ကျွန်တော့် အသက်က ၁၉ နှစ်ပါ။ ဆီးတခါသွားပြီးတိုင်း ဆီးတွေက မကုန်ဘဲ လှုပ်ရှားမှု ပြုတဲ့အခါမှာ ဆီးပြန်ထွက်လာပါတယ်။ ဖြစ်နေတာ ၄ နှစ်လောက် ရှိတော့မယ် ဆီးသွားပြီး နာရီဝက်လောက်ကြာတဲ့အထိ လမ်းသွားရင်ပဲဖြစ်ဖြစ် ထိုင်တာထတာပဲဖြစ်ဖြစ် ဆီးနည်းနည်း ပြန်ထွက်လာတတ်ပါတယ်။ အထူးသဖြင့် testis ကိုဖိပြီး ထိုင်လိုက်ရင် ဆီးထွက်လာပါတယ်။ အဲဒီလို သုံးလေးကြိမ်လောက် ဖိထိုင်ပြီးမှပဲ ဆီးကကုန်ပါတယ်။
အရမ်းစိတ်ညစ်နေရပါတယ်ဆရာ။ ပိုဆိုးတာက အဲဒီလိုဖြစ်နေရင် ကျွန်တော်တို့ မွတ်ဆလင်တွေအတွက် ဘုရားဝတ်ပြုဖို့ အရမ်းအခက်တွေ့ပါတယ်။ အဲဒီလိုဖြစ်ရတာ masturbation လုပ်များတာနဲ့ ဆိုင်ပါသလား။ ဆီးထွက်တဲ့ပုံက သုက်လွှတ်တဲ့ပုံနဲ့ အရမ်းတူပါတယ်။ ပြီးတော့ ကျွန်တော့ရဲ့ ဘယ်ဖက် testis က ညာဖက်ထက် နည်းနည်းကြီးနေပါတယ်။

Bladder ဆီးအိမ် နဲ့ Urethera ဆီးထွက်ပြွန်ဆိုတာ (ကျား) ရော (မ) ပါ ရှိကြပေမဲ့ ယောက်ျားတွေမှာ မိန်းမတွေနဲ့ မတူတာတခုက Prostate ဆီးကျိတ်ဆိုတာ ပါတယ်။ သူထဲကနေက ဆီးထွက်ပြွန်က ဖြတ်သွားတယ်။ ဆီးပြဿနာကို ဖြစ်စေတယ်။

BPH ဆီးကျိတ် ကြီးပြီး ဆီးမသွားနိုင်တာ၊ ဆီးမကုန်တာက ပိုအဖြစ်များတယ်။ အသက်ကြီးသူတွေမှာသာ ဖြစ်ပါတယ်။ Prostate က ရောင်နိုင်သေးတယ်၊ ကင်ဆာ ဖြစ်နိုင်တယ်။ ဖြစ်လာတာတွေကြောင့် သူ့ထဲကနေ ဖြတ်သွားတဲ့ ရေပိုက်လိုရှိတဲ့ ဆီးထွက်ပြွန်ကို ကျဉ်းစေတယ်။ ဆီးကုန်အောင် ညှစ်ထုတ်တာလုပ်ရတာမျိုးက လေ့ကျင့်ခန်းလိုဖြစ်နေလို့ ဆီးအိမ်က ပိုကြီးကြီးလာလိမ့်မယ်။
BPH ဖြစ်ရင် ဆီးခဏခဏသွားချင်မယ်၊ ညအိပ်နေရင် ဆီးထသွားချင်မယ်၊ သွားချင်နေပေမဲ့ ဆီးက တော်တော်နဲ့ ထွက်မလာဘူး၊ ဆီးက ခပ်သေးသေးသာ ထွက်မယ်၊ ဆီးသွားနေတာကို ရပ်ပြစ်ဘို့ခက်မယ်၊ ဆီးအကုန်မထွက်သေးဘူးလို့ ခံစားရမယ်။

အခုမေးတဲ့ ဆီးသွားပြီးပါရက်နဲ့ ဆီးက တဝက်တစက် ဆက်ထွက်နေတာမျိုးကို Urine Dribbling လို့ခေါ်တယ်။ ဘောင်းဘီ ဝတ်ရသူတွေ ဆီးသွားတဲ့အခါ (ဇစ်ပ်) ကိုဖွင်ပြီး့၊ မတ်တပ်ရပ် ဆီးသွားရတာမှာ ကပ်ပဲ့အိတ်ကို မထုတ်ဘဲထားရင် ဆီးထွက်လမ်းက မလုံလောက်ဘူး။ (ဇစ်ပ်) အောက်ဖျားက ဆီးသွားပြွန်နေရာက် ဖိထားသလိုနေတယ်။ ဒီနည်းနဲ့ဆီးသွားက သိပ်မကောင်းပါ။ ဘောင်ဘီကို ပေါင်လည်လောက်အထိ ဆွဲချပြီး လွတ်လွတ်လပ်လပ် ဆီးသွားသင့်တယ်။

- ယောက်ျားတွေမှာ Bulbus urethra ဆီးသွားပြွန်အဝနေရာက ပိုကျယ်တယ်။ အဲဒီနေရာမှာ ဆီးလာစုအောင်းနေတတ်တယ်။
- ကြွက်သားအားပျော့နေရင်လဲ ဖြစ်နိုင်တယ်။ ပိုတက်စီယန် နည်းရင်ဖြစ်မယ်။
- အသက်ကြီးသူတွေပိုဖြစ်တယ်။
- ဘတ်စကက်ဘော ကစားသမားတွေ ပိုဖြစ်တတ်တယ်။
- Water ရေသောက်တာကို မလျှော့သင့်ဘူး။
- Caffeine ကော်ဖီ၊ ရေနွေးကြမ်း၊ အရက်၊ ဘီယာ၊ အစပ်-အချဉ်တွေနဲ့ မသင့်ဘူး။
- Weight လူကိုယ်ခန္ဓာ မဝစေနဲ့။
- Decongestants and Antihistamines (အအေးမိ၊ နှာစေး၊ ယားယံ၊ အလာဂျီ၊ ချောင်ဆိုးဆေးတွေထဲမှာ ပါတဲ့) ဆေးတွေနဲ့ မသင့်ဘူး။
- Stay in Love လိင်ဆက်ဆံတာက ပိုသက်သာစေမယ်။
- Exercise အနည်းဆုံးလမ်းလျှောက်တဲ့ လေ့ကျင့်ခန်း လုပ်ပေးပါ။
- Zinc (သွပ်) ဓါတ် နဲ့ B Vitamins (ဗီတာမင် ဘီ) တွေက ကောင်းစေမယ်။
- ယောက်ျားတွေဖြစ်ရင် နို့ညှစ်သလို ဆီးကုန်အောင် ညှစ်ပေးပါ။
- မိန်းမတွေဖြစ်ရင် ဆီးသွားချိန်မှာ ပေါင်-ခြေထောက် များများကားထားပါ၊ ရှေ့ကို နဲနဲကုန်းထားပါ။

ဆီးမကုန်တာအတွက် လေ့ကျင့်ခန်းတခုကို Post-Voiding Urethral Massage ဆီးသွားပြီး ဆီးပြွန်ကို နှိပ်နယ်ခြင်းလို့ ခေါ်တယ်။
အဆင့် (၁) ခါတိုင်းလိုဘဲ ဆီးသွားလိုက်ပါ။
အဆင့် (၂) လက်ချောင်း ၂ ချောင်းကို ကပ်ပဲအိတ်အောက်မှာထားပါ။ ခပ်မာမာလေးနေတဲ့ ဆီးသွားပြွန်ကိုကိုင်စမ်းပါ။
အဆင့် (၃) လက် ၂ ချောင်းနဲ့ ဆီးသွားပြွန်ကို ဖိပြီး သူ့ထဲက ဆီးတွေကို ရှေ့တွန်းပေးသလိုလုပ်ပါ။

Kegel Exercise (ကီးဂယ်လ်) လေ့ကျင့်ခန်းလုပ်တာ ဒီလိုဖြစ်နေသူတွေအတွက်ပါ ကောင်းတယ်။ (ရေးထားပါတယ်။)

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/urine-dribbling.html


Healthy Life

253 Blog posts

Comments