Penis size and enlargement surgery ကျားအင်္ဂါခွဲစိတ်ကုသနည်း

ဆရာ အခုရန်ကုန်မှာ (ခေတ်မှီဆေးခန်း) တို့ (နယူးဟောင်ကောင်) ဆေးခန်းတို့ ဖွင့်ထားပါတယ်။ သူတို့က လိင်အင်္ဂါ ရှ

December 07, 2014
Penis size and enlargement surgery ကျားအင်္ဂါခွဲစိတ်ကုသနည်း

Penis size and enlargement surgery

ဆရာ အခုရန်ကုန်မှာ (ခေတ်မှီဆေးခန်း) တို့ (နယူးဟောင်ကောင်) ဆေးခန်းတို့ ဖွင့်ထားပါတယ်။ သူတို့က လိင်အင်္ဂါ ရှည်စေဖို့ (2cm) ရှည်စေရမယ်လို့ ရေးထားပါတယ်။ အဲဒါ စိတ်ချရပါ့မလား။ မေးကြည့်တော့ ဆေးထိုးဆေးသောက် ၁ လလုပ်ရမယ်တဲ့။

ကျားလိင်အင်္ဂါကို ပြုပြင်ပေးနည်းတွေ (၅) ပုဒ်ရေးထားပါတယ်။ ဒီစာထဲမှာတော့ ခွဲစိတ်နည်းတခုထဲကိုသာ ရေးပါမယ်။ ကျားလိင်အင်္ဂါခွဲစိတ်နည်းက ၁၉၇၁ ကတည်းကပေါ်ပါတယ်။ အဓိကတီထွင်ရတာကတော့ Micropenis ခေါ်တဲ့ မွေးရာပါ လိင်င်္ဂါသေးလွန်းနေတာအတွက် ဖြစ်ပါတယ်။ ဒါ့ပြင် (Peyronie's disease) လိင်အင်္ဂါ ကင်ဆာနဲ့ ထိခိုက် ဒဏ်ရာရသူ (ဥပမာ လှီးဖြတ်ခံရသူ) တွေကိုလဲ လုပ်ပေးပါတယ်။

အမေရိကမှာ လုံးပတ်၊ အရှည်အတွက်ခွဲစိတ်မှုကို ၁၉၈ဝ ကျော်မှာလုပ်ပါတယ်။ နည်းစနစ်ဆိုတာကိုတော့ ၁၉၉ဝ ကျမှ ပေါ်ထွက်လာပါတယ်။ ခုထိ လူနာပေါင်း ၂ဝဝဝဝ ကျော် ခွဲစိတ်ပြုပြင်မှုခံယူပြီးဖြစ်ပါတယ်။ ဒါပေမဲ့ စနစ်ကျတဲ့ လေ့လာ ဆန်းစစ်မှုနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ထုတ်ပြန်ထားတာ မရှိသေးပါ။ လက်လှမ်းမီသလောက် ရလဒ်တွေက စိုးရိမ်စရာတွေ များပါတယ်။

Penile lengthening ရှည်စေနည်းမှာ Suspensory ligament အရွတ်ကိုဖြတ်ပေးမယ်။ ပိုရှည်လာမဲ့နေရာကို အရေပြား ဖုံးပေးမယ်။ ပျမ်းမျှ 0.5cm (0.25in) ပိုရှည်လာမယ်။ အရေပြားကြောင့် 1.6cm (0.75in) ပိုရှည်မယ်။ တချို့မှာ ဒိထက် ပိုနိုင်ပါတယ်။ ပိုဆိုးသွားတာလဲရှိတယ်။ ဒါပေမဲ့ စာရင်းဇယား စနစ်တကျမရှိလို့ ရလဒ်ကိုအကဲဖြတ်ရတာ ခက်တယ်။

Suspensory ligament အရွတ်ကအရေးပါတာမှန်တယ်။ ဆန့်ထုတ်နိုင်လို့ ရှည်ပါမယ်။ ဒါပေမဲ့ သူ့ကို ဖြတ်တောက် လိုက်တော့ သူ့အလုပ်မရှိနိုင်တော့ပါ။ ဆိုလိုတာက ပျော့နေချိန်မှာ ပိုရှည်နေပေမဲ့ သန်မာချိန်မှာ ထူးမခြားနားဖြစ်တယ်။ ထိပ်ဖျားကလဲ ကြမ်းပြင်ဖက်ကိုဦးတည်နေတော့တယ်။

Increasing penile girth (thickness) ပိုတုတ်စေမဲ့ခွဲစိတ်နည်းကို ရှည်ဘို့အတွက်လုပ်ရင်းလဲလုပ်တယ်။ သူ့အတွက် သက်သက်လဲလုပ်တယ်။ နည်း (၂) နည်းသုံးတယ်။ Injection of liposuctioned fat ပေါင် ဒါမှမဟုတ် ဗိုက်ကနေယူတဲ့ အဆီကို Dartos fascia အလွှာထဲကိုထိုးပေးတယ်။ နောက်တနည်းက တင်ပါး ဒါမှမဟုတ် ပေါင်ခြံကအဆီကို လိင်တံထဲ ထိုးပေးတယ်။ ရလဒ်မကောင်းလှပါ။ ၉ဝ% မှာ တနှစ်နေရင် ထိုးပေးထားတဲ့အဆီတွေပျောက်သွားကြတယ်။

Complications following surgery ခွဲစိတ်ကုသမှုရဲ့ နောက်ဆက်တွဲများ
ပဌမနည်းကြောင့် လူတဦးခွဲပြီး သွေးလွန်လို့ အသက်ဆုံးပါးရတယ်။ ဘယ်ခွဲနည်းမှာမဆိုဖြစ်နိုင်တဲ့ ပိုးဝင်တာ၊ သွေးထွက်တာ၊ မေ့ဆေး-ထုံဆေးနောက်ဆက်တွဲတွေကိုလဲ ထည့်စဉ်းရပါမယ်။ နောက်တခုက လိင်တံဟာ ကပ်ပယ့်အိပ်ကနေထွက်နေတဲ့ပုံပန်း ဖြစ်တယ်။ အဲတာကို scrotalisation of the penis လို့ခေါ်တယ်။ အမှန်က ဗိုက်ကနေထွက်နေတာလို့ မြင်ရပါတယ်။ Dog-ears ခွေးနားရွက်နဲ့တူတဲ့အမာရွတ်ဖြစ်နိုင်တယ်။ အနာဖြစ်နိုင်တယ်။
အဆီထိုးနည်းကနေ အဆီတွေအထဲစုပ်ဝင်သွားတာဖြစ်မယ်။ Nodule formation အဖုအထစ်ဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/12/penis-size-and-enlargement-surgery.html


Healthy Life

253 Blog posts

Comments