December 01, 2014
More people in high risk groups should have their DNA tested for breast cancer risk genes
ရင်သားကင်ဆာ ကြိုတင်ဆန်ကာတင်စစ်ဆေးနည်းကို တိုးချဲသင့်
BRCA genes မျိုးဗီဇ Mutations ပြောင်းလဲမှုကြောင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်ဘို့ ၈ဝ% အခွင့်အလမ်း ရှိတယ်လို့ Ashkenazi Jews ဂျူအမျိုးသမီး ၁ဝ၃၄ ယောက်ကို စမ်းသပ်ရာကနေ တွေ့ရှိလာပါတယ်။
အဲဒီအမျိုးသမီးတွေဟာ လက်ရှိသုံးနေတဲ့ NHS guidelines လမ်းညွှန်မူထဲမှာ 56% မပါသေးတာမို့ လမ်းညွှန်ကို တိုးချဲ့သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။
Eve Appeal charity အဖွဲ့ကလဲ အဲလိုသာလုပ်လာနိုင်ရင် အသက်တွေရော ငွေကိုပါကယ်နိုင်မယ်လို့ ဆိုပါတယ်။
အမျိုးသမီး ၈ဝဝ မှာ ၁ ယောက်မယ် BRCA mutation မျိုးဗီဇပြောင်းနေတာရှိတယ်။ ဒါပေမဲ့ မိသားစုထဲမှာ ကင်ဆာ ရာဇဝင်ရှိတဲ့ ဒီ Ashkenazi ဂျူးအမျိုးသမီးတွေမှာက ၄ဝ မှာ ၁ ယောက်တွေ့နေပါတယ်။
ဒီသုတေသနကို လန်ဒန်အခြေစိုက် University College London တက္ကသိုလ်နဲ့ University of Manchester တက္ကသိုလ်တွေကနေ ပူးတွဲလုပ်ခဲ့တာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/12/more-people-in-high-risk-groups-should.html