သတိထားဖွယ် "ဆင်တုပ်ကွေးရောဂါ အန္တရာယ် "

#Crd_Dr_Myo_Ko_Ko_Facebook မှ ပြန်လည် ကူးယူဖော်ပြသည်...?

ရေးမြို့မှာရော chikungunya ခေါ် ဆင်တုပ်ကွေး ဖြစ်နေ
ပြီလား???

မြိတ်၊ထားဝယ်ဘက်မှာတော့ outbreak ဖြစ်နေတယ်လို့တော့ကြားတယ်။

လွန်ခဲ့တဲ့တစ်ပတ်လောက်က ကျွန်တော့်ဆီကို ဖျားတဲ့လူနာတွေလာပာတယ်၊လေးယောက်လောက်မှာ အဖျားက ၁၀၃ ၊၁၀၄ အရိုးအဆစ်တွေမခံမရပ်နိုင်အောင်ကိုက်ကြပါတယ်။

တချို့က ထော့နဲ့နဲ့ နဲ့တောင်ဆေးခန်းထဲဝင်လာပါတယ်။

အဖျားက ၂ရက်၃ရက် လောက်မှကျ ပြီး အရိုးအဆစ်နာတာတွေကလည်း ၄ရက်လောက်မှ သက်သာပါတယ်။

၄ယောက်မှာ ၃ယောက်လောက်က အဖျားကျတော့ တစ်ကိုယ်လုံး အနီ အဖိန်းတွေထွက်ပါတယ် အတော်အသင့်ယားတယ် တစ်ပတ်လောက်ကြာတတ်ပါတယ် တစ်ကိုယ်လုံးဖြစ်တော့ စိတ်ပူပြီးပြန်လာကြပါတယ်။

## အသိပေးချင်တာက ##

ရောဂါလက္ခဏာကပြင်းထန်ပါတယ်၊အသက်သေတဲ့အဆင့်ထိဖြစ်တာတော့ရှားပါတယ်။

၁ပတ်လောက်ကြာပါတယ်။

သူ့ဟာသူဖြေးဖြေးချင်းပြန်ကောင်းပါတယ်။

ဖြစ်တဲ့လက္ခဏာတွေသက်သာအောင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

အနားများများယူပြီး ရေဓာတ် ဆားဓာတ်ပြန်ဖြည့်ရပါမယ်။

***ကာကွယ်ဆေးမရှိပါ ခုထိုးနေကြတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးကလဲ ဆင်တုပ်ကွေးကို မကာကွယ်နိုင်ပါ***

ခြင်မကိုက်အောင်နေခြင်းကသာ ကာကွယ်ပေးနိုင်ပါမယ်။

ထို့ကြောင့်မိဘပြည်သူများအနေဖြင့် မိမိကိုယ်တိုင်နှင့် မိမိတို့ ကလေးငယ်များကို ခြင်မကိုက်အောင် နေခြင်းဖြင့် သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေး မဖြစ်အောင်ကာကွယ်ကြပါလို့တိုက်တွန်းပါတယ်။

ဖြစ်လာပြီဆိုရင်လဲ စပ်ဆေးတွေမသောက်ပဲ ဆေးရုံ၊ဆေးခန်းမှာ ကုသကြပါလို့တိုက်တွန်းပါတယ်။

ဆင်တုပ်ကွေး အကြောင်းဗဟုသုတအနေနဲ့ Dr. တင့်ဆွေရေးထားတဲ့ ပို့စ်ကို အောက်မှာဖတ်ကြည့်လို့ရပါတယ်။အရေပြားမှာ ဖြစ်တတ်တဲ့ပုံတွေလဲထည့်ထားပါတယ်။

ဆင်တုပ်ကွေး (chikungunya)

chikungunya နာမည်ကို ရောဂါစတင်တွေ့ရှိရာ တန်ဇန်းနီးယား နိုင်ငံ လူမိုးစု ဘာသာစကားမှစတင်မြစ်ဖျားခံခဲ့ပြီး တွန့်လိမ်ကောက်ကွေးခြင်းလို့အဓိပ္ပါယ် ရပါတယ် ။ ရောဂါ ခံစားရသူများ နာကျဉ်ကိုက်ခဲ၍နေခြင်းကိုဆိုလိုပါတယ်။

ဘာကြောင့်ဖြစ်တာလဲ?

ရောဂါပိုးသယ်ဆောင်ထားသောခြင်ကိုက်ခံရ၍ဖြစ်ပါသည်။ခြင်ကိုက်ခံရပြီး ၃ရက်မှ၅ရက်တွင် လက္ခဏာ စတင်ခံစားရပါသည်။ခြင် အမျိုးအစား(Aedes aegypti Aedes albopictus) က သွေးလွန်တုပ်ကွေး ဖြစ်စေသော ခြင် အမျိုးအစားနှင့်အတူတူဖြစ်ပါတယ်။

ဘာတွေဖြစ်မှာလဲ ?

အဓိက လက္ခဏာ ကတော့ ဖျားပီး အဆစ်အမြစ်လွန်စွာ ကိုက်ခဲခြင်းဖြစ်ပါသည်။လူနာအများစု (၈၇%-၉၀%)မှာကိုက်ခဲ ကြပါ တယ် ။၎င်းအပြင် ခေါင်းကိုက် ခြင်း ကြွက်သားများနာကျင်ခြင်း အဆစ်အမြစ်ရောင်ခြင်း အရေပြား အကွက်ပေါ ် ခြင်းများလဲဖြစ်တတ်ပါသည်။ များသောအားဖြင့် သေစေနိုင်သော ရောဂါ မဟုတ်ပါ ။ လူအများစုတွင် ရက်သတ္တ ပါတ် အနည်းငယ်အတွင်း ရောဂါ ပျောက်ကင်းသွားလေ့ရှိပြီး အချို့သောသူများတွင် အဆစ်နာကျဉ်ခြင်းအား လပေါင်းများစွာ ခံစားရနိုင်ပါသည်။ရောဂါ ဖြစ်ပြီးသူများအနေဖြင့် ခုခံစွမ်းအား ရရှိပြီး နောက်ထပ် ထပ်မံမဖြစ်နိုင်တော့ပါ။သွေးလွန်တုပ်ကွေးနှင့်မတူပဲ ၎င်းတွင် မျိုးကွဲ မရှိ၍ဖြစ်ပါသည်။

ဘယ်သူတွေမှာ ပိုဆိုးတတ်လဲ?

မွေးကင်းစကလေးငယ်များ အသက် ၆၅နှစ်အထက်လူကြီးများ သွေးတိုး ဆီးချို နှစ်လုံးရောဂါ အခံရှိသူများတွင် ပိုမိုခံစားရလေ့ရှိပါသည်။

ဘယ်လိုကူးစက်နိုင်လဲ?

ရောဂါကူးစက်ခံရသူ၏ ကိုယ်တွင်း မှာ ဗိုင်းရပ်စ် ပိုးသည်၅ -၇ ရက် ရှိနေနိုင်သဖြင့် ထိုအချိန်အတွင်း ကိုက်သောခြင်တဆင့် အခြားသူအား ကိုက်ခံရပါက ကူးစက်နိုင်ပါသည်။ လူတစ်ဦး မှ တစ်ဦးသို့ တိုက်ရိုက်မကူးစက်နိုင်ပါ ခြင်ကိုက်ခံရခြင်းမှ သာကူးစက်ခြင်းဖြစ်ပါသည်။

ဘယ်လိုကုသရမလဲ?

အနားယူ ပါ အရည်များများသောက်ပါ အဖျားအနာသက်သာအောင် ပါရာစီတမောဆေးကို ညွှန်ကြားချက်အတိုင်းသောက်ပါ (အက်စပရင် နှင့် အခြားအကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြား ချက်မပါဘဲ မသုံးသင့်ပါ) ပထမ တစ်ပါတ်အတွင်းခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ(အခြားသူများမကူးစက်နိုင်ရန်)

ဘယ်လိုကာကွယ်နိုင်မလဲ?

အဓိက ခြင်ကိုက်မခံရအောင်နေခြင်းဖြစ်ပါတယ်။

ရောဂါရာဇဝင် ?
ပထမ ဆုံးသော လူကူးစက်ခြင်းကို ၁၉၅၀ မှာ အာဖရိက တွင် စတင်တွေ့ရှိခဲ့ပြါသည်။ ၁၉၆၀ တွင် ဘန်ကောက် ၁၉၆၃ မှ ၁၉၇၃ တွင် အိန္ဒိယတို့တွင် ဖြစ်ပွားခဲ့ဘူးပါသည် ။ ၂၀၀၄ မှာ ကင် ညာ နိုင်ငံမှတဆင့် နိုင်ငံ တော်တော်များသို့ ကူးစက်ပြန့်နှံ့ ခဲ့ပါသည် ။မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ် ကထဲ က ရောဂါဖြစ်ပွားမှုရှိခဲ့တယ်လို့သိရပါတယ်။ ၂၀၁၃ တွင် အမေရိကန်နိုင်ငံတွင်လဲ ရောဂါဖြစ်ပွားမှုရှိခဲ့ပါသည်။

ကိုယ်ဝန်ဆောင်မှာ့ရော ဘယ်လိုဖြစ်မှာလဲ?

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ရောဂါကူးစက်ခံ ရပါက အခြားသူများကဲ့သို့ ဖျားခြင်း ကိုက်ခဲခြင်းများ ခံစားရနိုင်ပါသည်။ ကိုယ်ဝန် ပျက်နိုင်ခြေ အလွန် နည်းပါသည်။ သန္ဓေသားကိုကူးစက် နိုင်ခြင်းမရှိပါ ။သို့သော် မွေးဖွားချိန်တွင် ရောဂါပိုး ဗိုင်းရပ်စ် များပြားနေချိန် ဖြစ်ပါက မွေးကင်းစ ကလေးအား ကူးစက်နိုင်ပါသည်။
မွေးလာသော ကလေး အား မိခင်နို့တိုက်ကျွေးခြင်းဖြင့်မကူးစက်နိုင်ပါ ။

သတိပြုရမည့်အချက် ?

သွေးလွန်တုပ်ကွေး ရောဂါ နှင့်ရောဂါ လက္ခဏာ ဆင်တူသည်။ထို့ကြောင့် ဂရုစိုက်ကုသင့်ပါသည်။

ဆင်တုပ်ကွေးဖြစ်ရင် အရည်ပြားမှာ အဲသလိုအနီစက်တွေထွက်တတ်ပါတယ်။ ???


Min Khant

15 Blog posts

Comments