Stroke ဆထုပ်ရောဂါ

Stroke (ဆထုပ်) ခေါ်တဲ့ ဦးနှောက်သွေးကြောမတော်တဆဖြစ်ခြင်းရောဂါဟာ အင်မတန်ကြောက်စရာကောင်းတယ်။ ကမ္ဘာမှာ ရောဂါကြ

Stroke ဆထုပ်ရောဂါ

Stroke (ဆထုပ်) ခေါ်တဲ့ ဦးနှောက်သွေးကြောမတော်တဆဖြစ်ခြင်းရောဂါဟာ အင်မတန်ကြောက်စရာကောင်းတယ်။ ကမ္ဘာမှာ ရောဂါကြောင့် သေဆုံးရသူတွေထဲမှာ ဒုတိယနေရာမှာရှိတယ်။ ၂ဝ၁၂ တုံးက လူပေါင်း ၆့၇ သန်းဟာ ဒီရောဂါနဲ့ သေဆုံး သွားခဲ့ကြရတယ်။ သေဆုံးသူစုစုပေါင်းရဲ့ ၁၂% ဖြစ်တယ်။

ဦးနှောက်မှာသွေးမဝလို့ဖြစ်ရတယ်။ သွေးမရလို့ အောက်စီဂျင်မရ၊ ဦးနှောက်ဆဲလ်တွေသေရတယ်။ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။ ဒုက္ခိတဖြစ်နိုင်တယ်။ ဘယ်လောက်ဆိုးဆိုးဝါးဝါးဖြစ်သလည်းနု့ ဆေးကသမှုဘယ်လောက်မြန်သလည်း ထိရောက်အောင်လုပ်ပေးနိုင်သလည်းအပေါ်မှာမူတည်တယ်။ Hemorrhagic Stroke သွေးထွက်ဆထုပ် (၁၃%) နဲ့ Ischemic Stroke သွေးမဆြထုပ်ရယ်လို့ ၂ မျိုးရှိတယ်။

အမေရိကမှာ နှလုံးရောဂါ၊ ကင်ဆာ၊ နာတာရှည်အသက်ရှူလမ်းရောဂါတွေနဲ့ ထိခိုက်ဒဏ်ရာတွေနောက်နံပါတ် ၅ နေရာမှာ ရှိတယ်။ လူ ၇၉၅ဝဝဝ ယောက်မှာ ၁ ယောက် ဆထုပ်ရတယ်လို့ဆိုလိုတာဖြစ်တယ်။ ၄ မိနစ်တိုင်းမှာ လူတယောက် ဆထုပ်ရလို့သေဆုံးနေကြတယ်။ ဆထုပ်ရလို့မသေပေမဲ့ ဒုက္ခိတဖြစ်ရသူပေါင်း ၆့၈ သန်း (၂့၈%) ရှိတယ်။ ယောက်ျား ၃ သန်းနဲ့ မိန်းမ ၃့၈ သန်းပါတယ်။

WHO စာရင်းဇယားတွေအရ သေဆုံးရဆုံးရောဂါဆယ်မျိုး (၂ဝ၁၂ ခုနှစ်ကိန်းဂဏန်းတွေ)
1. Ischemic heart disease နှလုံးသွေးကြောကျဉ်းရောဂါ = 7.6 သန်း၊
2. Stroke ဆထုပ်ရောဂါ = 6.7 သန်း၊
3. COPD နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါ = 3.1 သန်း၊
4. Lower respiratory infection အသက်ရှူလမ်းအောက်ပိုင်းရောဂါပိုးဝင်ခြင်း = 3.1 သန်း၊
5. Trachea bronchitis, lungs လေပြွန်ကြီးတွေနဲ့ အဆုပ်ရောင်ရောဂါများ = 1.6 သန်း၊
6. HIV/AIDS = 1.5 သန်း၊
7. Diarrheal diseases ဝမ်းလျှောဝမ်းပျက်ရောဂါ = 1.5 သန်း၊
8. Diabetes mellitus ဆီးချို = 1.5 သန်း၊
9. Road accident လမ်းပေါ်ယာဉ်ထိခိုက်မှု = 1.3 သန်း၊
10. Hypertension သွေးတိုး = 1.1 သန်း။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/07/stroke_23.html


Healthy Life

253 Blog posts

Comments