Black Spots on Tongue လျှာအမဲစက်

ဆရာရှင့် အမျိုးသားရဲ့ အကောင့်ကနေဝင်သုံးတာပါရှင့်။ သမီးအသက်က ၂၈ နှစ်ထဲမှာပါရှင့်။ သားသားမွေးပြီးစမှာ လ

January 22, 2015
Black Spots on Tongue လျှာအမဲစက်

Black Spots on Tongue

ဆရာရှင့် အမျိုးသားရဲ့ အကောင့်ကနေဝင်သုံးတာပါရှင့်။ သမီးအသက်က ၂၈ နှစ်ထဲမှာပါရှင့်။ သားသားမွေးပြီးစမှာ လျှာထိပ်မှာ အမဲစက်လေးတွေပေါ်လာပါတယ်ရှင့်။ သမီးကလဲ အမှုမဲ့အမှတ်မဲ့ပဲနေလာတာခု ၄ နှစ်ကျော်ပါပြီရှင့်။ ကင်ဆာဖြစ်မှာစိုးရိမ်လို့ပါရှင့်။ ဆေးသောက်ရင်ပျောက်နိုင်လားသိချင်ပါတယ်ရှင့် ပုံပါရိုက်တင်လိုက်ပါတယ်ရှင့်။ ကျေးဇူးတင် လေးစားလျက်ပါရှင့်။

• လျှာမှာအမဲစက်ပါတာ ရုတ်ရက်မှာ စိုးရိမ်စရာဖြစ်တယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။
• ဘာလို့ဖြစ်သလဲ မတူကြပါ။ အမြင်အရလဲကွဲပြားတယ်။ အရောင် အနုအရင့်လဲမတူပါ။
• နေမကောင်းလို့လဲဖြစ်နိုင်တယ်။
• Birthmark မွေးရာပါအမှတ်ဖြစ်နိုင်တယ်။
• Oral piercing အလှအပအတွက် ကွင်းတပ်တာကနေလဲဖြစ်လာနိုင်တယ်။
• Exposure to chemicals ဓါတုဆေးနဲ့ထိတွေ့မိလို့လဲဖြစ်နိုင်တယ်။ ဥပမာ ဝါးစားလို့ရတဲ့ Pepto-Bismol tablets ဆေးပြား။
• Hairy tongue လျှာမွှေးပေါက်တာ။
• ဆေး-ဆေးလိပ်၊ အရက်၊ အင်တီဘိုင်အောတစ်ဆေးတွေကနေလဲဖြစ်လာနိုင်တယ်။ အဲလိုသုံးစွဲသူမှာ ဖန်းဂတ်စ် ခေါ် မှိုပိုးဝင်လာကနေဖြစ်မယ်။ လျှာတခုလုံး မဲလာတတ်တယ်။
• Oral cancer ခံတွင်းကင်ဆာကို စစ်ဆေးရမယ်။ ရှားတယ်။ တခြားခံစားရမှာတွေနဲ့ တွဲနေမယ်။ ဥပမာ အစာမြိုရခက်တာ။
• ခံတွင်းသန့်ရှင်းရေး ပိုလုပ်ပေးပါ။ သွားတိုက်တဲ့အခါ လျှာကိုပါ ညင်ညင်သာသာတိုက်ပါ။ ဆေးလိပ်-အရက် ဆင်ခြင်ပါ။ မှိုပိုးရှိနေရင် ဆေးသောက်ပါ။
• မွေးရာပါမဟုတ်လို့ မပျောက်သေးရင် အရေပြားအထူးကုဆရာဝန်ကိုပြပါ။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2015/01/black-spots-on-tongue.html


Healthy Life

253 Blog posts

Comments