HSG သားအိမ်ပြွန်စစ်ဆေးခြင်း

၁။ မင်္ဂလာပါဆရာ ကျေးဇူးပြုပြီး HSG အကြောင်းလေးရှင်းပြပေးပါအုံး။ ကျမအသက်က ၃၈ ပါ အိမ်ထောင်ပြုဒါ ၁ နှစ်နဲ့ ၇

January 21, 2015
HSG သားအိမ်ပြွန်စစ်ဆေးခြင်း

HSG

၁။ မင်္ဂလာပါဆရာ ကျေးဇူးပြုပြီး HSG အကြောင်းလေးရှင်းပြပေးပါအုံး။ ကျမအသက်က ၃၈ ပါ အိမ်ထောင်ပြုဒါ ၁ နှစ်နဲ့ ၇ လရှိပါပြီ။ဆရာ။ မမျိုးဥကြွေဆေးတွေ သောက်တာလည်း ၁၂ ကြိမ်ရှိပါပြီ။ မမျိုးဥ ကြွေမကြွေ စစ်တော့လည်း စစ်လိုက်တိုင်း မျဉ်းတစ်ကြောင်း ထင်းနေပြီး ကျန်မျဉ်းက ဝါးတားတားပဲ ပေါ်ပါတယ်ဆရာ။ ခုထိကလေးမရနိုင်သေးတာနဲ့ OG က HSG စစ်ရမယ်ဆိုလို့ပါ။့ မှာ နေပါတယ်ဆရာ။ အထူးကျေးဇူးတင်လျက်။


၂။ ဆရာရှင့် အမျိုးုသမီးတစ်ယောက်အတွက် HSG စစ်တယ်ဆိုတာ ဘယ်လောက်အန္တရယ်များလည်းဆိုတာသိပါရစေရှင့်။ ကလေးရဖို့အတွက်သားအိမ်အားဆေးဆိုတာရော ဆရာဝန်ညွှန်ကြားချက်မရှိဘဲသောက်လို့ ရပါသလားရှင့်။
အမှန်တစ်ကယ်တော့ သမီးတို့ဇနီးမောင်နှံကလေးလိုချင်နေတာကြာပါပြီ။ မင်္ဂလာဆောင်ပြီးကာစ တစ်နှစ်လောက်ဘဲ တားဆေးစားဖြစ်ပြီး နောက်ပိုင်းမှာဘာမှမစားတော့ပါဘူး။ အမှန်တစ်ကယ်တော့ သမီးဆရာနဲ့ ပြပြီး ဆွေးနွေးချင်တာပါ။ အမျိုးသားကိုလည်းဆရာနဲ့ပြချင်တယ်လို့ပြောဖူးပါတယ်။ အမှန်အတိုင်းပြောရရင် မြန်မာနိုင်ငံက စက်ကိရိယာတွေကိုရော လူတွေကို ရောမယုံရဲဘူးဆရာ။ ဒီကလူတွေဟာလူ့အသက်တစ်ချောင်းကိုလည်း တန်ဖိုး မထားကြဘူး။ အလုပ်လုပ်ကြတာလည်း သိပ်ပြီးပေါ့ပျက်ပျက်နိုင်တယ်လို့ သမီးထင်ပါတယ်။

• ကလေးမရနိုင်သေးတဲ့ အမျိုးသမီးတွေမှာ သားအိမ်ပြွန်လမ်း အခြေအနေကိုစစ်ဆေးနည်းကို Hysterosalpingography (HSG) လို့ခေါ်ပါတယ်။ ဆေးထိုးပြီးရိုက်ရတဲ့ ဓါတ်မှန်တမျိုးပါ။
• ပြွန်လမ်းအခြေအနေကိုသိမယ်။ ပေါက်နေတာရှိရင် ဆေးတွေက ဗိုက်ခေါင်းထဲအထိရောက်တာမြင်ရမယ်။ ကိုယ်ဝန် ရှိမနေတာ သေချာမှသာ ရိုက်ရတယ်။
• ဒီလိုလုပ်ခြင်းကနေ ကလေးရနိုင်ချေ ပိုများတယ်လို့ဆိုပါတယ်။
• နည်းနည်းနာနိုင်လို့ အနာသက်သာဆေးသုံးပါမယ်။ မေ့ဆေးမသုံးပါ။ ပိုးသေဆေးလဲပေးတတ်တယ်။
• ဒီနည်းလုပ်တာမှာ သတိထားစရာတွေရှိတယ်။ ထိုးပေးတဲ့ဆေးနဲ့မတည်တာ။ ပိုးဝင်တာ။ ဆေးကအဆီအခြေခံဖြစ်လို့ အဆီကသွေးကြောပိတ်တာ။ ဖြစ်တာ ရှားတော့ရှာပါတယ်။ လေမဝင်အောင် သတိထားရသေးတယ်။ ပိုးဝင်တတ်တာ ၁% သာရှိတယ်။
• ဒီနည်းလုပ်ပြီးနောက်မှာလဲ ထပ်စစ်စရာတွေရှိနိုင်တယ်။ laparoscopy, hysteroscopy ကိရိယာတွေနဲ့ စစ်ဆေးတာမျိုး လိုနိုင်တယ်။
• ဒီနည်းလုပ်လို့ ပြွန်ဘယ်နေရာမျာ ပိတ်နေသလဲသိမယ်။ သားအိမ်ပုံစံ မှန်-မမှန်လဲသိမယ်။
• စမ်းသပ်နည်းကို ရာသီလာပြီးနောက် မျိုးဥမထွက်ခင်ရက်တွေမျာလုပ်တယ်။ ၁ဝ ရက်မြောက်နဲ့ ၁၂ ရက်မြောက်မှာ လုပ်တာများတယ်။
• Endometriosis သားအိမ်ရောဂါရှိနေတာကိုတော့ မသိနိုင်ပါ။
• ၁၅% အဖြေဖတ်တာမှားနိုင်တယ်။ ထပ်လုင်ချင်လုပ်မယ်။

ဒေါက်တာတင့်ဆွေ
SHARE
Credit Source: https://doctortintswe.blogspot.com/2015/01/hsg.html


Healthy Life

253 Blog posts

Comments