Ovarian teratoma မျိုးဥအိမ်အကျိတ်တမျိုး

သမီးအသက်က ၃၃ ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးမမွေးဘူးသေးပါ။ အိမ်ထောင်က၂၅ မှာကျပါတယ်။
သားအိမ်ကို အာလ်ထရာဆေ

Ovarian teratoma မျိုးဥအိမ်အကျိတ်တမျိုး

သမီးအသက်က ၃၃ ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးမမွေးဘူးသေးပါ။ အိမ်ထောင်က၂၅ မှာကျပါတယ်။
သားအိမ်ကို အာလ်ထရာဆောင်းရိုက်ဖူးပါတယ်။ ဆရာ့ကိုအရင်တခါက အဖြေစာရွက်ပြဖူးပါတယ်။ ခုလည်း ထပ်ပို့ပေးလိုက်ပါတယ်ရှင့် အဲဒီ result comment မှာနားမလည်တာတခုရှိပါတယ်။
1. Poly cystic changes noted on both ovaries, poly cystic ovarian syndrome considered.
2. Teratoma of right ovary considered.
3. Uterus is of smaller size
No. 2 ကိုနားမလည်ပါဘူးဆရာ။ ဒီကဆရာဝန်ကိုမေးကြည့်တော့လဲ သေချာမပြောနိုင်ပါဘူးတဲ့။ သူကဒါကို သီးသန့်ယူထားတာမဟုတ်လို့ပါတဲ့ဆရာ။ ဒါနဲ့ အထူးကုရောက်သွားပါတယ်။ ဟိုရောက်တော့ သမီးသိချင်တဲ့ နံပါတ်၂ အကြောင်းမေးတော့ ဆရာဝန်က ယောကျာ်းခေါ်လာပါ ကလေးမွေးဖို့စဉ်းစားပါ။ ဒါပဲပြောတယ်။ နောက်ဆုံးသမီးကနောက် ၂ နှစ်မှယူဖြစ်မယ်။ ခုက အဆင်မပြေနိုင်သေးဘူး။ အလုပ်လုပ်ရအုံးမယ်ပြောတော့မှ သူကဒါဆိုမယူဖြစ်သေးရင် Yasmin ဆေး ပေးလိုက်မယ် သောက်ဆိုပြီး ပြီသွားပါတယ်။ သမီးမှာ အာလ်ထရာဆောင်းရိုက်ပြီးငွေကုန်တာပဲ အဖတ်တင်လိုက်ပါတယ်ဆရာ။ လက်ထဲကအဖြေ comment ကိုသေချာမရှင်းဘူးဖြစ်နေတယ်။ no. 2 ကဘာလဲဆရာ ဖြစ်နိုင်ရင်ဆရာရှင်းပြပါနော်။ No. 3 ကသားအိမ်ကျဉ်းတာပေါ့နော်ဆရာ။ ကလေးမွေးမယ်ဆိုလွယ်ပါ့မလားဟင်။ သမီးဘယ်လိုနေထိုင် စားသောက်သင့်သလဲ ဆိုတာ အကြံလေးပေးပါနော်။

နံပါတ် ၃ က သားအိမ်ဟာ ရှိသင့်တာထက်သေးနေတာကိုပြောတာဖြစ်တယ်။ နံပါတ် ၂ ကတော့ Teratoma ကို စဉ်းစားရမယ်လို့ဆိုလိုတယ်။

Ovarian teratoma မျိုးဥအိမ် တာရာတိုးမားဟာ Germ cell tumours အမျိုးအစားဖြစ်တယ်။ ယောက်ျား-မိန်းမ မျိုးပွါးနိုင်တဲ့ဆဲလ်တွေကနေဖြစ်တယ်။ ၂ မျိုးရှိတယ်။ Mature teratoma ကင်ဆာမဟုတ်တာနဲ့ Immature teratoma ကင်ဆာ။

Mature teratoma ပိုအဖြစ်များတယ်။ အရွယ်ရောက်ချိန်ကနေ ၄ဝ နှစ်ဝန်းကျင်မှာဖြစ်တယ်။ Dermoid cyst လည်း ခေါ်တယ်။ ခွဲထုတ်ရင်ပျောက်တယ်။ Immature teratomas အမျိုးအစားက အသက် ၂ဝ ဝန်းကျင်အထိသာဖြစ်တယ်။ ကင်ဆာဖြစ်တယ်။ ရှားတယ်။

အဆင့်တွေခွဲထားတယ်။
Stage 1 ကင်ဆာက မျိုးဥအိမ်မှာသာရှိသေးတယ်။
Stage 2 သားအိမ် + သားအိမ်ပြွန်အထိရောက်နေပြီ။
Stage 3 အဆင့် ၂ အပြင် တက်စေ့တွေအထိရောက်နေပြီ။
Stage 4 အဆင့် ၃ အပြင် တခြားနေရာတွေကိုပါရောက်နေပြီ။

ကုသနည်း
ခွဲစိတ်နည်းနဲ့ ကင်ဆာဆေးပေးနည်းကို immature teratoma of the ovary ကိုသုံးတာများတယ်။ ဖြစ်နေတဲ့ဖက်ကိုသာ ထုတ်လို့ရနိုင်တာရှိတယ်။ ငယ်သူတွေမှာဖြစ်လို့ ကလေးရနိုင်အောင်စဉ်းစားရတာဖြစ်တယ်။ ကင်ဆာဆေးမလိုတာလည်းရှိတယ်။ ဘေးပြန့်နေတာတွေ့ရင် ဆေးပါလိုတယ်။

BEP နည်းမှာ bleomycin, etoposide နဲ့ cisplatin ဆေးတွေရောပေးတယ်။ ကလေးမရမှာလည်း သိပ်မစိုးရိမ်ရပါ။ အနည်းဆုံး ၃ ကြိမ်ပေးရတယ်။ Dysgerminomas မှာ carboplatin နဲ့ etoposide ဆေးတွေပေးတယ်။

ဆက်ပြနေဘို့လိုတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၉-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/09/ovarian-teratoma.html


Healthy Life

253 Blog posts

Comments