Lung Cancer and Papaya အဆုပ်-ကင်ဆာ နဲ့ သင်္ဘောရွက်

ျွန်မ အဖေမှာ ကင်ဆာရောဂါ ရှိနေတာ (၃) နှစ်ကြာပါပြီ။ ပထမဆုံး ဆေးစစ်ရင်း အဆုတ်မှာ အနာဖြစ်တာတွေ့တော့ စင်္ကာပူ

Lung Cancer and Papaya အဆုပ်-ကင်ဆာ နဲ့ သင်္ဘောရွက်

Lung Cancer and Papaya

ျွန်မ အဖေမှာ ကင်ဆာရောဂါ ရှိနေတာ (၃) နှစ်ကြာပါပြီ။ ပထမဆုံး ဆေးစစ်ရင်း အဆုတ်မှာ အနာဖြစ်တာတွေ့တော့ စင်္ကာပူမှာ သွားခွဲပါတယ်။ အဆုတ်ရဲ့ ၃ ပုံ ၁ ပုံံကို ခွဲထုတ်ပြီး အကုန် ကောင်းသွားပါတယ်။ ဒါပေမယ့် ၃ လ တစ်ခါဆေးသွားစစ်ရင်း ၉ လကြာမှာ ကီမို (၆) လုံး ၁၂ ကြိမ် စင်္ကာပူမှာ ထိုးရပါတယ်။ ၆ လကျော်ကျော်ကြာသွားပါတယ်။ သွေးစစ်ခါနီး သင်္ဘောရွက်ရည် သောက်ပါတယ်။

ပြန်လာပြီး ၈ လလောက်ကြာတဲ့အခါမှာ ချုပ်ရိုးမှာ အကျိတ်ထွက်လို့ (့) မှာ ပြန်ခွဲပါတယ်။ ခွဲပြီး ၆ လကြာတဲ့အခါ ချိုင်းမှာ အကျိတ်ထွက်လာပါတယ်။ ဒါပေမယ့် အဖေက ထပ်မခွဲတော့ဘူး ဆိုပြီး အခု ၁ နှစ်ကြာတော့ အလုံးက ဂေါက်သီးလုံးလောက် ကြီးလာပါတယ်။ ဆရာဝန်နဲ့ပြတဲ့အခါ ခွဲရမယ် ၂ လ ကြာရင် ခွဲမရတော့ဘူး ပြောပါတယ်။. အဖေက မခွဲချင်ဘူးဖြစ်နေတယ်။ အသိဆရာဝန်တွေနဲ့ တိုင်ပင်တော့ ဘယ်သူမှ မခွဲခိုင်းတော့ မတိုက်တွန်းရဲဘူး။ အဖေက ဘာမှမလုပ်ချင်ဘူးပြောတယ်။ ဘယ်လို လုပ်ရမလဲ ဓါတ်ကင်ရင် မြန်မာပြည်မှာ တန်းဆီရတယ် ဆိုတော့ စင်္ကာပူ သွားဓာတ်ကင်ချင်တယ်။ ဒါပေမယ့် သူတို့ဆီမှာ ဘာမ ှမကုရသေးဘူး ဆေးစစ်တာနဲ့တင် သိန်း ၆ဝ လောက် ကုန်သွားတယ်။ သိချင်တာက ဘာမှမစစ်နဲ့ ဓါတ်ကင်ပေးပါဆိုရင် လုပ်ပေးပါ့မလား။ ဘယ်လို လုပ်ရင်ကောင်းမလဲ။ အဖေ အသက်က ၆၇ နှစ်ရှိပါတယ်။ အခု အဖေက ကြည့်လိုက်ရင် လူကောင်း အတိုင်းဘဲ နည်းနည်းမောတယ်၊ ကျင်တယ်၊ အစားမပျက်သေးပေမယ့် ပိန်သွားတယ်။ တရားကိုတနေ့ ၂ ကြိမ် ထိုင်ပါတယ်။

ကင်ဆာ ဖြစ်နေတာအတွက် (ဆောရီး) ပါ။ လူမှုရေး အားပေးစကား မဟုတ်လို့ ဆရာဝန့်အပြောဟာ အားမနာတတ်သူက စကားပြောတာလိုတော့ ဖြစ်နေမယ်။ နောက်ထပ် (ဆောရီး) ပေါ့ဗျာ။

အမေရိကားမှာတော့ ယောက်ျား-မိန်းမ ကင်ဆာကြောင့် သေဆုံးရတဲ့ စာရင်းမှ ထိပ်ကရှိတယ်။ သူတို့ဆီမှာ ၅ နှစ်အထိ အသက်ရှင်နှုန်း ၁၆% ရှိတယ်။ ယှဉ်ကြည့်ရင် ရင်သား-ကင်ဆာ = ၈၉%၊ အူမကြီး-ကင်ဆာ = ၆၅%၊ ဆီးကျိတ်-ကင်ဆာ = ၉၉% ရှိကြတယ်။ ဆေးလိပ်နဲ့ သိသိသာသာ ဆက်စပ်မှုရှိတယ်။

ဘယ်လောက်အထိ ကောင်းနေမလဲဆိုတာ ကင်ဆာ အမျိုးအစား၊ ဘယ်နေရာမှာ စဖြစ်တယ်။ ဘယ်အထိ ပြန့်နေတယ်၊ ဘာတွေ ခံစားနေရတယ်။ လူနာရဲ့ ကိုယ်ခံကျန်းမာရေး ဆိုတဲ့အချက်တွေအပေါ် မူတည်တယ်။

Small cell lung cancers (SCLC) နဲ့ Non-small cell lung cancers (NSCLC) ဆိုပြီး ၂ မျိုးရှိတယ်။ SCLC က ပိုဆိုးတယ်။ ရောဂါနာမည်တပ်ပြီး ဆေးမကုရင် ၃-၄ လအထိသာခံတယ်။ ဓါတ်ကင်တာနဲ့ ဆေးပေးတာကို သက်ရောက်မှု ကောင်းတယ်။ ပြန့်တာ မြန်လို့ ဆရာဝန်ဆီရောက်ချိန်မှာ တခြားနေရာတွေထိ ရောက်နေတာမို့ ခွဲစိတ်လဲ မထူးတာများတယ်။ ၅ နှစ်မက နေရသူ ၅-၁ဝ% ရှိတယ်။

NSCLC က ပိုသက်သာတယ်။ ဒါပေမဲ့ ဆေးကုသတာကို တုံ့ပြန်မှုတော့ သိပ်မကောင်းဘူး။ သေးသေးလေးဆိုရင် ခွဲစိတ်ထုတ်ပြစ်မယ်။ ၅ နှစ်မကရှင်သူ ၇၅% ရှိတယ်။ ဓါတ်ကင်လို့ ကောင်းသွားသူ အနည်းအပါးရှိတယ်။ ခံစားနေရတာရှိရင်လဲ သက်သာစေမယ်။ အသက်လဲကြီးလို့ ဆေးဘဲပေးရသူတွေအတွက် အသင့်အတင့်သာ တိုးတက်စေနိုင်တယ်။

သင်္ဘောရွက်ကို ဆေးအဖြစ် အသုံးချခြင်း
၁။ Acne ဝက်ခြံပျောက်ချင်ရင် သင်္ဘောရွက်ကို နေမှာအခြောက်လှန်းပြီး ချေပေးပါ၊ ရေနဲ့ရောပြီး မျက်နှာမှာ လိမ်းပေးပါ။

၂။ Digestion အစာချေ အားပေးတယ်။ သင်္ဘောရွက်မှာပါတဲ့ Karpain ဓါတ်ဟာ အစာချေရာမှာ အနှောက်အယှက်ပြုတဲ့ ပိုးမွှားတွေကို သေစေတယ်။ သင်္ဘောရွက်ထဲမှာပါတဲ့ Papain နဲ့ Chymopapain ဓါတ်တွေက Pepsin (အင်ဇိုင်းမ်) နဲ့တူလို့ အစာချေအားပေးတယ်။ အစာချေ ကောင်းစေချင်လို့ သင်္ဘောရွက်-ရေနွေးကြမ်းလုပ်ရင် အပူချိန် ၁၅ဝ ဒီဂရီ ဖါရင်ဟိုက်သာ ရှိစေသင့်တယ်။ ရေဆူမှတ်ဆိုတာ ၂၁၂ ဒီဂရီဖြစ်တယ်။

၃။ Appetite အစာ စားချင်စိတ်ပိုစေမယ်၊ အထူးသဖြင့် ကလေးတွေ၊ သင်္ဘောရွက်အစိမ်းကို ရေနွေးထဲမှာ ဆားနဲနဲထည့်ပြီး သောက်စေပါ။

၄။ Dengue fever သွေးလွန်တုပ်ကွေး သက်သာစေမယ်၊ သင်္ဘောရွက် ၅ ရွက်ကို ရေလီတာဝက်နဲ့ ပြုတ်သောက်ပါ။

၅။ Menstrual pain ရာသီလာချိန် နာတာ-ကိုက်တာ သက်သာစေမယ်၊ သင်္ဘောရွက် + မန်ကျီးရွက် + ဆား + ရေ ရောပြီး ပြုတ်သောက်ပါ။

၆။ Cancer ကင်ဆာအတွက် သင်္ဘောပင်ကထွက်တဲ့ အစေးဟာ ဆေးတန်ခိုးရှိတယ်။ ရင်သား၊ အဆုပ်၊ သရွက်ရွက်၊ သားအိမ်ဝ၊ အသဲကင်ဆာတွေအတွက် သုံးနိုင်ကြတယ်လို့ ဖလော်ရီဒါ တက္ကသိုလ်က သုတေသန လုပ်သူတွေက ဆိုပါတယ်။ ကင်ဆာအတွက် သုံးသူတွေက သင်္ဘောရွက်ခြောက်ကို ပြုတ်ပြီး ရေနွေးကြမ်းလုပ် သောက်ရတယ်။ ကင်ဆာအတွက် Dried papaya leaf extract အရွက်ခြောက်က Papaya leaf tea အရည်ထက် ပိုစွမ်းတယ်လို့ ဆိုသူတွေကဆိုတယ်။

၇။ Mentally alert စိတ်ပိုင်းမှာ ပိုပြီး လန်းဆန်းနေတယ်။ ဘာအစာမှ စားမထားချိန်သုံးရင် Euphoric စိတ်ထဲမှာ ပိုပျော်နေမယ်။

သွေးကျဲဆေးတွေဖြစ်တဲ့ Coumadin, Aspirin တွေသောက်နေရသူတွေနဲ့ သင်္ဘောရွက် မသင့်ဘူး။ ကိုယ်ဝန်ရချင်သူတွေနဲ့လဲ သင်္ဘောရွက် မသင့်ဘူး။

ဆေးကုဌာနတွေ အခြေအနေကို ဝေဖန်တာသာ တတ်နိုင်ပါတယ်။ လူနာအတွက် အားမဖြစ်လို့ မပြောချင်လှပါ။ အခမဲ့ကုသနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မဟုတ်လို့ ငွေရေးကြေးရေးက ထိပ်ကနေတဲ့ ခေတ်ကြီးမှာ ဆေးရုံပိုင်သူတွေရော လူနာတွေပါ အတူတူ လူဖြစ်နေကြရတယ်။

ဒီအဆင့်မှာ ချင့်ချိန်စရာတွေ ပိုလာတယ်။ ဆရာဝန်တွေက ဆေးပညာတခုထဲ ကြည့်မယ်။ လူနာရှင်တွေက မိဘ-ဆွေမျိုး သံယောဇဉ်နဲ့ ဝတ္တရားတွေကို ကြည့်ကြရတယ်။ လူနာကိုယ်တိုင်က သူခံစားနေရတာတွေ သိမယ်၊ သူ့ သား-သမီး-ဆွေမျိုးတွေရဲ့ ဝတ္တရားတွေကိုလဲ တွက်ဆမယ်။ သူ့တရားကိုလဲ အားကိုးပါလိမ့်မယ်။

• Lung Cancer (1) အဆုပ် ကင်ဆာ (၁) http://dts-medicaleducation.blogspot.com/2011/11/lung-cancer.html
• Lung Cancer (2) အဆုပ် ကင်ဆာ (၂) http://dts-medicaleducation.blogspot.in/2012/07/lung-cancer.html
• Diet and cancer ကင်ဆာ နဲ့ အစားအစာ http://dts-medicaleducation.blogspot.com/2012/01/diet-and-cancer.html ကိုလည်း တွဲဖတ်ပါ။

Dr. တင့်ဆွေ
SHARE
Credit Source: https://doctortintswe.blogspot.com/2015/02/lung-cancer-and-papaya.html


Healthy Life

253 Blog posts

Comments