Heart Cancer နှလုံးကင်ဆာ ဘာလို့မဖြစ်တာလဲ

့နှလုံးဆိုတာ အသက်ရှင်ဘို့ရာအတွက် မရှိမဖြစ်ဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်တယ်။ လူ့အသက်ကိုသေစေနိုင်တဲ့ ကင်

Heart Cancer နှလုံးကင်ဆာ ဘာလို့မဖြစ်တာလဲ

Heart

့နှလုံးဆိုတာ အသက်ရှင်ဘို့ရာအတွက် မရှိမဖြစ်ဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်တယ်။ လူ့အသက်ကိုသေစေနိုင်တဲ့ ကင်ဆာရောဂါ နှလုံးမှာမဖြစ်ပါ။ ဘာလို့ပါလဲ။

ကင်ဆာဖြစ်လာတယ်ဆိုတာ ပုံမှန် 'ဆဲလ်' တွေကနေ ပုံမှန်မဟုတ်ဘဲ 'ဆဲလ်' ပွါးတာနဲ့ မူမမှန် 'ဆဲလ်' တွေဖြစ်လာတာပါ။
နှလုံးမှာ အဓိက ကြွက်သား 'ဆဲလ်' တွေသာရှိတယ်။ ကြွက်သား 'ဆဲလ်' တွေက လူကောင်ကြီးရင်ကြီးသလို ရှည်ပြီးကြီးလာတယ်။ ဒါပေမဲ့ နှလုံး 'ဆဲလ်' တွေဟာ သန္ဓေသားဘဝမှာသာ 'ဆဲလ်' ကွဲတာ၊ 'ဆဲလ်' ပွါးများတာဖြစ်နိုင်ပြီး မွေးလာတဲ့နောက်မှာ အဲဒီဖြစ်စဉ်က အဆုံးသတ်သွားပြီ။ အဲလိုမဖြစ်လို့ ကင်ဆာမဖြစ်နိုင်တာပါ။ ကံမကောင်းတာက အဲလိုဖြစ်နေလို့ နှလုံး 'အတက်ခ်' ရတဲ့အခါ သွေးမရလို့သေသွားတဲ့ နှလုံး 'ဆဲလ်' တွေနေရာမှာ 'ဆဲလ်' အသစ်တွေ ပြန်မပေါက်နိုင်လို့ ဒုက္ခရောက်ကြရပါတယ်။

ပြီးခဲ့တဲ့နှစ်က ကင်ဆာရောဂါ ဘယ်နေရာတွေမှာ အများဆုံးဖြစ်ပွါးခဲ့သလဲ။
အမျိုးသမီး ရင်သားကင်ဆာ = ၂၃၅,ဝ၃ဝ
အမျိုးသား ဆီးကျိတ်ကင်ဆာ =၂၃၃,ဝဝဝ
အဆုပ်ကင်ဆာ = ၂၂၄,၂၁ဝ
အူမကြီးကင်ဆာ = ၉၆,၈၃ဝ
အရေပြားကင်ဆာ =၈၁,၂၂ဝ
ဦးနှောက်ကင်ဆာ = ၂၃,၃၈ဝ

ကိန်းဂဏန်းတွေက အမေရိကန်ပြည်ထောင်စုကဖြစ်ပါတယ်။ ကျွန်တော်ရောက်နေတဲ့တိုင်းပြည်မို့ ကိုးကားတာမဟုတ်ပါ။ ဘာမဆို ဒေတာတွေကို စနစ်တကျထားသို၊ ကိန်းဂဏန်းတွေဆိုတာလဲ ပြည့်စုံတဲ့နေရမို့သာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၄
Credit Source: https://doctortintswe.blogspot.com/2015/02/heart-cancer.html


Healthy Life

253 Blog posts

Comments