Milestone prostate cancer drug ဆီးကျိတ်ကင်ဆာဆေး သမိုင်းမှတ်တိုင်

၂၉-၁ဝ-၂ဝ၁၅ နေ့စွဲနဲ့ထွက်တဲ့သတင်းဖြစ်ပါတယ်။ ယောက်ျားဆီးကျိတ်ကင်ဆာကုသရာမှာ ပဌမဆုံး DNA mutations မျိုးဗီဇ ပြောင်

Milestone prostate cancer drug ဆီးကျိတ်ကင်ဆာဆေး သမိုင်းမှတ်တိုင်

၂၉-၁ဝ-၂ဝ၁၅ နေ့စွဲနဲ့ထွက်တဲ့သတင်းဖြစ်ပါတယ်။ ယောက်ျားဆီးကျိတ်ကင်ဆာကုသရာမှာ ပဌမဆုံး DNA mutations မျိုးဗီဇ ပြောင်းလဲတာကို ပစ်မှတ်ထားပြီးကုသနိုင်တဲ့ဆေးဖြစ်ပါတယ်။ ဒါဟာ သမိုင်းမှတ်တိုင်တခုပါ။

လန်ဒန်က Institute of Cancer Research သူတေသနဌာနကနေ ဆေးကုလို့မရနိုင်တဲ့ လူနာ ၄၉ ယောက်ကို စမ်းပြီး ထွက်လာတဲ့အဖြေဖြစ်တယ်။ Olaparib လို့ခေါ်တဲ့ဆေးဖြစ်တယ်။ ကင်ဆာအကျိတ်ကြီးလာမှာကို ၈၈% နည်းစေတာ တွေ့ရှိရပါတယ်။

Herceptin ဆေးကို ရင်သားကင်ဆာကိုကုသရာမှာသုံးတာကလည်း အဲလိုဆေးမျိုးဖြစ်တယ်။ လူနာတချို့ကိုသာ သုံးနိုင်ပါတယ်။

အခုသုတေသနမှာ လူနာ ၁၆ ယောက်ထဲက ၁၄ ယောက်မှ ဆေးစွမ်းပြတာတွေ့ရပါတယ်။ ၆ လ ကနေ တနှစ်ခွဲကြာမှ အဲလိုပြတာပါ။ လူနာတွေ အသက်ပိုရှည် မရှည်အတွက်တော့ ကြီးမားကျယ်ပြန့်တဲ့လေ့လာမှုလိုပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၅
http://www.bbc.com/news/health-34649024

Credit Source: https://doctortintswe.blogspot.com/2015/10/milestone-prostate-cancer-drug.html


Healthy Life

253 Blog posts

Comments