Tongue cancer လျှာကင်ဆာ

Merry Christmas ပါခင်ဗျား။ ကျွန်တော်အမ မ့ ကျောင်းဆရာမပါ။ အသက် ၃၅ ပါ။ ဘယ်ဘက်လျှာမှာ အနာ စဖြစ်တာ ၅ နှစ်လောက် ရှိပါပြီ

Tongue cancer လျှာကင်ဆာ

Tongue cancer

erry Christmas ပါခင်ဗျား။ ကျွန်တော်အမ မ့ ကျောင်းဆရာမပါ။ အသက် ၃၅ ပါ။ ဘယ်ဘက်လျှာမှာ အနာ စဖြစ်တာ ၅ နှစ်လောက် ရှိပါပြီ။ doctor ပြတော့ သွားနဲ့ပွတ်တယ်လို့ပြောပါတယ်။ ကောင်းလိုက် ပြန်နာလိုက်နဲ့။ လွန်ခဲ့တဲ့ ၂ လ မှာ တော်တော်တော်နာလာလို့ Yangon မှာ Biocy လုပ်တော့ ကင်ဆာ cell တွေ့တယ်ပြောလို့ ENT specialist က လျှာကို ခွဲပြီး အကျိတ်လုံး 1 cm ထုတ်ပြီး နောက်လျှာပတ်ပတ်လည်ကို biocy ပြန်လုပ်တော့ ကင်းသွားပြီလို့ ပြောပါတယ်။ ၁ လ ခွဲကြာတော့ ယခုချိန် လည်ပင်းမှာ အကျိတ်ပေါက်လာပါတယ်။ လျှာမှာခွဲတာနဲ့ လည်ပင်းမှာ ၂ လအတွင်း ကူးစက် မြန်နိုင်ပါသလား။ ယခုအကျိတ်ကို အရင် ENT ပြကြည့်တော့ ခွဲပြီးစစ်ရအောင်လို့ ပြောပါတယ်။ ခွဲဘဲခွဲပြီး ကင်းဆာဆေး မသွင်းရင် ပျောက်ပါသလား။ Yangoon မှာ အကြောင်းစုံမရှင်းပြတော့ ပျောက် မပျောက်လည်း မသိနိုင်ပါ။ January လမှာတော့ Bangkok ဆေးရုံမှာ ဆေးစစ်ဖို့ကြိုးစားနေပါတယ်။ ကုန်ကျစရိတ် များနိုင်ပါသလား။ မေးတာမပြည့်စုံလို့ အဖြေခက်မှာသိပေမယ့် ဆရာ့အတွေ့အကြုံ အကြံပြုပေးပါလို့ တောင်းဆိုပါတယ်။

ကုသနည်းတွေ -
၁။ Surgery ခွဲစိတ်နည်း၊
၂။ Radiotherapy ဓါတ်ကင်နည်းနဲ့
၃။ Chemotherapy ဆေးပေးနည်းတွေလုပ်တယ်။
၄။ Targeted drug therapy နည်းကလဲ လုပ်လာနေတယ်။

အလားအလာ -
၅၅% အမျိုးသမီးနဲ့ ၄၄% အမျိုးသမီးတွေ ၅ နှစ်၊ ဒါမှမဟုတ် အဲတာထက် ပိုအသက်ရှင်နေကြနိုင်တယ်။

ကုန်ကျစရိတ် မသိပါ။ နည်းမယ်မထင်ပါ။ ဆေးစစ်တာထက် ဆေးကုဘို့ကိုအားစိုက်ပါ။ ကံတရားကိုလည်းအားကိုးပါ။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၄
Credit Source: https://doctortintswe.blogspot.com/2015/02/tongue-cancer_5.html


Healthy Life

253 Blog posts

Comments