Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄)

လေပြွန်များ ရောင်ခြင်း
1. Bronchiectasis (ဘရောင်ခီရက်တဆစ်)
2. Bronchiolitis (ဘရောင်ခီယိုလိုက်တစ်)
3. Haemoptysis (ဟီမော့ပ်တဆစ်)
4. Bronchiti

November 15, 2014
Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄)

Respiratory tract infections

လေပြွန်များ ရောင်ခြင်း
1. Bronchiectasis (ဘရောင်ခီရက်တဆစ်)
2. Bronchiolitis (ဘရောင်ခီယိုလိုက်တစ်)
3. Haemoptysis (ဟီမော့ပ်တဆစ်)
4. Bronchitis (ဘရောင်ခိုက်တစ်)

1. Bronchiectasis (ဘရောင်ခီရက်တဆစ်)
လေပြွန်လမ်း တလျှောက်မှာ ပျက်စီးပြီးပြီး ကြီးလာမယ်။ လေကိုသန့်စေအာင်လုပ်ပေးဘို့ (ကလပ်စည်း) လေးတွေမှာ Cilia အမွှေး သေးသေးလေးတွေ ရှိနေတယ်။ ဒါတွေပါ ပျက်စီးလာမယ်။ ဆက်ပြီး Mucus အချွဲတွေ Sputum သလိပ်တွေကို ရှင်းထုတ်ဘို့ ခက်ခဲ ဖြစ်လာမယ်။ ပိုးဝင်လာစေမယ်။ လေပြွန်လမ်း ပိုမိုပျက်စီးလာမယ်။ ဒီရောဂါအတွက် Diagnosis ရောဂါရှာဖွေရေး၊ Antibiotic ပိုးသေဆေး နဲ့ Physiotherapy ရုပ်ပိုင်းကုသပေမှုတွေ အရင်ကထက် ကောင်းလာတယ်။

2. Bronchiolitis (ဘရောင်ခီယိုလိုက်တစ်)
၆ လ တနှစ် အောက်ကလေးငယ်လေးတွေမှာ Viral chest infection ဗိုင်းရပသ် ပိုး၉င်ရာကနေဖြစ်တယ်။ လေပြွန် သေးသေးလေး တွေမှာ လာထိခိုက်မယ်။ Coughing ချောင်းဆိုးမယ်။ Wheezing ရင်ကြပ်တဲ့အသံကို နားထောင်လို့ကြားရမယ်။ Asthma ပန်းနာနဲ့ မှားနိုင်တယ်။ ဆောင်းရာသီမှာ အဖြစ်များတယ်။

3. Haemoptysis (ဟီမော့ပ်တဆစ်) ချောင်းဆိုးသွေးပါ၊
TB တီဘီ၊ Bronchitis (ဘရောင်ခိုက်တစ်)၊ Lung cancer အဆုပ်-ကင်ဆာ နဲ့ Pneumonia နူမိုးနီးယား ကနေဖြစ်နိုင်တယ်။

4. Bronchitis (ဘရောင်ခိုက်တစ်)
Chest infection လို့လဲ ခေါ်တယ်။ ကလေးတွေမျာ အအေးမိရာကနေ ချောင်းဆိုးမယ်၊ Bronchitis ကြောင့်လဲ အဲလို ဖြစ်တာဘဲ။ Trachea လေပြွန်အကြီးကြီးနဲ့ Bronchi လေပြွန်အလတ်စားအတွင်းဖုံးအလွှာရောင်မယ်။ နီရဲ-ရောင်ပြီး အချွဲတွေ ထွက်လာမယ်။

Acute ရက်တို နဲ့ Chronic နာတာရှည်ဖြစ်နိုင်တယ်။ Viral ဗိုင်းရပ်စ် နဲ့ Bacterial ဗက်တီးရီးယားကနေ ဖြစ်စေတယ်။ ဆေးလိပ်သောက်ရင် ပိုဆိုးတယ်။ ချောင်းဆိုးမယ်၊ သလိပ်ထွက်မယ်။ Acute bronchitis ရက်တို (ဘရောင်ခိုက်တစ်) ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာ ၉၅% ရှိတယ်။ ဗက်တီးရီးယားကြောင့် သေတဲ့အထိ ဆိုးနိုင်တယ်။

Chronic bronchitis and emphysema နာတာရှည် (ဘရောင်ခိုက်တစ်) နှင့် (အင်ဖိုက်ဆီးမား) ဖြစ်ရင် Shortness of breath အသက်ရှူမဝ ဖြစ်မယ်။

နှာရည်ယိုမယ်၊ လည်ပင်းနာမယ်။ ကိုယ်ပူမယ်။ ချောင်းဆိုးစမှာ ချောင်းခြောက် ဆိုးမယ်။ နောက် အချွဲ-သလိပ်ပါလာမယ်။ Barking cough အကောင် ဟောင်သလို ဆိုးနိုင်တယ်။ Slight wheeze နဲနဲလဲ ကြပ်သံကြားရမယ်။ Shortness of breath အသက်ရှူမဝ ဖြစ်နိုင်တယ်။ ရက်တိုဖြစ်တာက ၅-၁ဝ ရက်ဆို ပျောက်သွားမယ်။ မျေပာက်ရင် နာတာရှည် ဖြစ်တော့မယ်။ allergies (အလာဂျီ) ကြောင့်ရော Smoking ဆေးလိပ်သောက်လို့ရော ဖြစ်စေနိုင်တယ်။ လုပ်ငန်းခွင်က အပွေ့၊ အနံ့၊ အမှုံတွေကြောင့်လဲဖြစ်စေနိုင်တယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တာကို ပိုးသေဆေး မလိုပါ။ Cough medicines ချောင်းဆိုးပျောက်ဆေးတွေကလဲ သိပ်မထူးပါ။ တချို့ဆေးကြောင့် ပိုအိပ်နိုင်စေမယ်။ နောက်တွေ့ရှိချက်တခုအရ ချောင်းဆိုးပျောက်ဆေးထပ် ပျာရည်စစ်က ပိုကောင်းတယ်။ တနှစ်အောက်ကလေးတွေကို မပေးသင့်ဘူးလို့ ဆိုတယ်။ Honey ပျားရည်အပြင် Lemon သံပုရာ၊ Ginger ချင်း၊ ကလဲကောင်းတယ်။ Steam ရေနွေးငွေ့ကို သုံးတာ ကောင်းတယ်။ အသက်ငယ်လွန်းသူ၊ ကြီးလွန်းသူတွေမှာ အဖြစ်များတယ်။ နှလုံး-အဆုပ်မကောင်းသူတွေလဲ ဖြစ်လာနိုင်တယ်။ ရေ-အရည်တွေ များများသောက်ပါ။ နားပါ။ လေကောင်း လေသန့် ရှူပါ။

ကိုယ်ပူတာအတွက် Acetaminophen, Aspirin, Ibuprofen, or Naproxen သောက်နိုင်တယ်။

Complications နောက်ဆက်တွဲ အနေနဲ့ Pneumonia နူမိုးနီးယားဖြစ်လာနိုင်တယ်။ Emphysema ဖြစ်နိုင်သေးတယ်။
Right-sided heart failure or cor pulmonale နှလုံးညာဘက်ခြမ်း အလုပ်မလုပ်နိုင်တာ ဖြစ်နိုင်တယ်။
Pulmonary hypertension အဆုပ် ဖိအားများတာ ဖြစ်နိုင်တယ်။
Asthmatic bronchitis ပန်းနာနဲ့ တွဲပြီး လေပြွန်ရောင်တာ ဖြစ်နိုင်တယ်။
Viruses တွေထဲမှာ Influenza A and B တွေ ပါတယ်။
Mycoplasma pneumoniae ကြောင့် ဖြစ်တာကို Walking pneumonia လို့ ခေါ်တယ်။

• Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-1.html
• Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-2-pleurisy.html
• Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
• Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/respiratory-tract-infections-4.html


Healthy Life

253 Blog posts

Comments