Semen in Urine ဆီးထဲသုက်ပါခြင်း

အသက်က ၂၆ ပါ။ ကျွန်တော် ဆီးသွားရင် အချွဲပါနေလို့ပါဆရာ ကပ်စေးစေး အဖြူရောင် (သုတ်ရည်)လိုပါဆရာ။ ဆီးသွားရင်လည

Semen in Urine ဆီးထဲသုက်ပါခြင်း

Semen in Urine

အသက်က ၂၆ ပါ။ ကျွန်တော် ဆီးသွားရင် အချွဲပါနေလို့ပါဆရာ ကပ်စေးစေး အဖြူရောင် (သုတ်ရည်)လိုပါဆရာ။ ဆီးသွားရင်လည်း ထိပ်ကိုထိုးထွက်သလိုခံစားရတယ်။ ပြီးတော့ ကွမ်းသီးခေါင်းက ပူပြီးကျန်ခဲ့ပါတယ်ဆရာ။ ကျွန်တော်အိမ်ထောင်ကျတာလည်း ၄ လရှိပါပြီ။ ဒါပေမယ့် ဖြစ်တာက အိမ်ထောင်မကျခင်ကတည်းကပါ။ အဲဒါစိုးရိမ်လို့ပါဆရာ။ ဘာဖြစ်လို့ ဖြစ်တာပါလဲ။ ဘာလုပ်သင့်ပါသလဲ။ အသေးစိပ်လေးဖြေပေးပါလားဆရာ။ ဗဟုသုတရော ဆောင်ရန်ရှောင်ရန်ပါ သိအောင်လို့ပါခင်ဗျာ။ ဆရာဝန်ပြကြည့်ပါတယ်။ သူကပြောတော့ လိင်တံလမ်းကြောင်းကထွက်တာတဲ့။ အလုပ်က တနေကုန် ကွန်ပျူတာရှေ့ထိုင်ရတော့ အထိုင်တော့များတယ်ဆရာ။ ဖြစ်တာကတော့ ၁ နှစ်ကျော်လောက်ရှိပါပြီ။ အခုနယ်မှာက စစ်ဆေးလို့မရလို့ပါဆရာ။

ဆီးထဲမှာ အလိုလိုသုက်ရည်ပါစေတဲ့အကြောင်းရင် (၁) Enlarged prostate (BPH) ဆီးကျိတ်ကြီးခြင်းနဲ့ (၂) Retrograde ejaculation သုက်ရ်နောက်ပြန်ထွက်ခြင်းဖြစ်တယ်။ ဒါ့ပြင် သုက်ရည်ဟာ အတူနစဉ်၊ ဖါသာအာသာဖြေစဉ်က ကျန်နေရစ်လို့လည်းဖြစ်မယ်။ နည်းနည်းလေးပါနေရင် သတိမထားမိဖြစ်တတ်တယ်။ အများအားဖြင့် အတူနေပြီးပြီးချင်း ဆီးသွာရင်ပါတယ်။

Seminal fluids ကနဦးအရည်ဟာ ဆီးကျိတ်ကနေဖြစ်လာတယ်။ ဆီးကျတ်ကြီးနေရင် အဲတာကဆီးထဲကိုပါနိုင်တယ်။ အဲလိုလူမှာ တခြားခံစားရတာတွေပါရှိနေမယ်။ ဆီးကိုအမြန်သွားချင်မယ်။ ဆီးအကုန်မသွားနိုင်ဘူး။ အကျိတ်က သိပ်ကြီးလာရင် ဆီးမသွားနိုင်တာဖြစ်လာမယ်။

Retrograde ejaculation သုက်ရည်နောက်ပြန်သွားခြင်းကို သပ်သပ်ရေးထားပါတယ်။ တချို့ကိုကုသလို့ရတယ်။ တချို့ကမရလို့ ကလေးလိုချင်ရင် Artificial insemination အတုနည်းကိုသာအားကိုးရမယ်။

ဒေါက်တာတင့်ဆွေ
၅-၃-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/03/semen-in-urine_5.html


Healthy Life

253 Blog posts

Comments