Pregnancy starts ကိုယ်ဝန်စရှိတယ်ဆိုတာ

ကိုယ်ဝန်ရှိပြီဆိုတာ Sperm ကျား-သုက်ပိုး နဲ့ Egg မ-မျိုးဥတွေ Fertilization ပေါင်းစပ်ချိန် Conception သန္ဓေတည်ချိန်ကို ခေါ်တာလာ

Pregnancy starts ကိုယ်ဝန်စရှိတယ်ဆိုတာ

Pregnancy starts

ကိုယ်ဝန်ရှိပြီဆိုတာ Sperm ကျား-သုက်ပိုး နဲ့ Egg မ-မျိုးဥတွေ Fertilization ပေါင်းစပ်ချိန် Conception သန္ဓေတည်ချိန်ကို ခေါ်တာလား။ အဲလိုဖြစ်လာပြီး နောက်တပါတ်အကြာ Embryo implantation သားအိမ်ထဲမှာ တွယ်ကပ်လိုက်ချိန်ကို ခေါ်တာလား။ ဒီအယူအဆ ၂ မျိုးကို ချီကာဂိုတက္ကသိုလ်ကနေ သုတေသနလုပ်တော့ ဆရာဝန်တွေ အမြင်မတူကြတာ တွေ့ရတယ်။ အဖြေဟာ ဘာသာရေးအယူအဆ သက်ရောက်မှု ရှိမှာဖြစ်သလို ကိုယ်ဝန်ကို မလိုချင်လို့ ဖျက်ပြစ်တာမှာလဲ လုပ်သင့်တယ်၊ မလုပ်သင့်ဘူး ဆုံးဖြတ်ရာမှာလဲ သက်ရောက်စေပါတယ်။

Fertilization မျိုးပေါင်းစပ်ခြင်း
ကျန်းမာသန်စွမ်းတဲ့ ကျား-သုက်ပိုးတွေထဲက တခုဟာ ရင့်မှည့်နေတဲ့ မ-မျိုးဥတခုထဲကို အောင်အောင်မြင်မြင် Penetration ထိုးဖေါက် ဝင်ရောက်ပြီး၊ (ဆဲလ်) ပွါးခြင်းဖြစ်စဉ် စတင်ပြီဆိုတာကို (ဖါတလိုက်ဇေးရှင်း) ပေါင်းစပ်ခြင်းလို့ ခေါ်တယ်။ Embryo သန္ဓေဆိုတာဖြစ်ပြီ။ ဆက်ပြီးကြီးထွားလာတော့မယ်။

ကျားနဲ့ မ ပုံမှန် လိင်ဆက်ဆံကြရင် သန်းနဲ့ချီများတဲ့ ကျားသုက်ပိုးတွေဟာ မိန်းမ (ဗဂျိုင်းနား) ထဲကို စွန့်ထုတ်မယ်။ ဆက်ပြီး သားအိမ်အဝကို ဖြတ်ပြီး၊ သားအိမ်ထဲဝင်လာကြမယ်။ သားအိမ်ပြွန်ဆီဆက်သွားကြမယ်။

ရာသီလလည်ရက်မှာဖြစ်တဲ့ မျိုးဥထွက်ချိန်မှာ ဟော်မုန်းတွေထွက်လာတယ်။ ဒါ့ကြောင့် သားအိမ်အဝမှာရှိနေတဲ့ အချွဲရည်ဟာ ပြောင်းလဲလာပြီး၊ သုက်ပိုး အလွယ်တကူ ဝင်လာစေအောင် ဖန်တီးပေးရာကျတယ်။ ကိုယ်ဝန်တားဆေးတွေက ဒီအလုပ်တာဝန်ကို ဆန့်ကျင်ပေးတာမို့ သုက်ပိုး အထဲကို မဝင်စေအောင် တားဆီးပေးတယ်။ သန်းနဲ့ချီများတဲ့ သုက်ပိုးတွေထဲက ၂ဝဝဝ လောက်ကဘဲ လိုရာခရီးအထိ ရောက်နိုင်ကြတယ်။

သန္ဓေတည်စေဘို့ဆိုတာ ရက်ရွေးမှန်ရတယ်။ မ-မျိုးဥက မျိုးဥအိမ်ကနေ ထွက်ပြီးတဲ့နောက် ၁၈-၂၄ နာရီကြားမှာ သုက်ပိုးနဲ့တွေ့တာ အကောင်းဆုံးအချိန်ဖြစ်တယ်။ ယောက်ျား သုက်ပိုးတွေကလဲ ထွက်ပြီးတဲ့နောက် ၃-၅ ရက်သာ အသက်ရှင်နေမယ်။ ဒါ့ကြောင့် အကောင်းဆုံး ကိုယ်ဝန်ရစေနိုင်တဲ့ ရက်ဆိုတာ ရာသီလတခုမှာ ၅-၆ ရက်သာရှိတယ်။ သုတေသနလုပ်ကြည့်တော့ ကျန်းမာသန်စွမ်းကြတဲ့ အတွဲတွေဟာ ပြောတဲ့နေ့ကောင်း-ရက်သာမှာ အတူနေကြတာတောင်မှ ကိုယ်ဝန်ရလမ်း ၃ဝ-၅ဝ% သာရှိတယ်။

သုက်ပိုးနဲ့ အဲလိုပေါင်းစပ်ပြီးသား မ-မျိုးဥဟာ ကိုယ်ဝန်တည်စေဘို့ ခရီးဆက်ရသေးတယ်။ သားအိမ်ပြွန်ကနေ သားအိမ်ထဲအထိ ဝင်လာပြီး သားအိမ်အတွင်းဆုံးနံရံမှာ တွယ်ကပ်ဘို့ဆိုတာ ပျမ်းမျှ ၆-၇ ရက်ကြာသေးတယ်။ ကိုယ်ဝန်တားဆေးတွေက တွယ်ကပ်မှာကို ဟန့်တားသေးတယ်။

သားအိမ် အတွင်းဆုံးနံရံမှာ တွယ်ကပ်ပြီဆိုတာနဲ့ ဟော်မုန်းနောက်တမျိုး တိုးထွက်လာပြန်တယ်။ Human Chorionic Gonadotrophin (hCG) လို့ ခေါ်တယ်။ ကိုယ်ဝန် ရှိ-မရှိစစ်တဲ့အခါ အဲဒီ (hCG) ရှိ-မရှိကို စစ်တာဖြစ်တယ်။ သူရှိနေမှသာ ကိုယ်ဝန်ဆက်တည်လိမ့်မယ်။ ဟော်မုန်းက တရက်ထက်တရက် များများလာရတယ်။ တရက်မှာ ၂ ဆ တိုးတာဟာ နောက်ဆုံး ၆ဝ-၈ဝ ရက်မှာ အများဆုံး ရှိလာမယ်။

အတူနေပြီးချိန်မှာ ယောက်ျားဆီကနေ မိန်းမဗဂျိုင်းနားထဲကိုစွန့်ထုတ်တဲ့ သုက်ရည်ထဲမှာ သုက်ပိုးပေါင်း သန်း ၁ဝဝ ပါနေတယ်။ သုက်ပိုး တသိန်းထက်နည်းပြီးသာ သားအိမ်ထဲကိုဝင်လာနိုင်တယ်။ သားအိမ်ထဲကိုဝင်လာပြီးနောက် သားအိမ်ပြွန်ဆီတန်းသွားတယ်။ ခရီးအရှည် ၅ လက္မလောက်သာဝေးတယ်။

အဲဒီအချိန်မှာ မိန်းမကလည်း ရာသီလလယ်ရက်လောက်ကထွက်ထားတဲ့မျိုးဥဟာ သားအိမ်ပြွန်အဖျားပိုင်းနားကနေ စောင့်နေမယ်။ မျိုးဥိဆီကို သုက်ပိုး ၂ဝဝ လောက်ကသာအရောက်လာနိုင်ကြတယ်။ အဲဒီအထဲက သုက်ပိုး တခုတည်းကသာ မျိုးဥနဲ့ပေါင်းစပ်မှုပြုတယ်။ ပေါင်းစပ်တယ်ဆိုတာ ဖခင်ဆီကမျိုးဗီဇနဲ့ မိခင်ဆီကမျိုးဗီဇတွေ ပေါင်းစပ်ကြတာဖြစ်တယ်။ တယောက်စိကနေ (ခရိုမိုဇုမ်း) ၂၃ ခုစီပါလာကြတယ်။ ပေါင်းစပ်လိုက်တာနဲ့ မွေးလာမယ့် ကလေးရဲ့ ရုပ်ရည်၊ ဉာဏ်ရည်၊ ကျား-မ အားလုံးကို ပြဋ္ဌာန်းလိုက်ပြီဖြစ်တယ်။

၂၄ နာရီအတွင်းမှာ တခုတည်းသောမျိုးဥဟာ (ဆဲလ်) ၂ ခုပါတဲပ သန္ခေဖြစ်ပြီ။ ၁၂ နာရီတိုင်းမှာ (ဆဲလ်) အရေအတွက် ၂ ဆဖြစ်လာတယ်။ ဒီအချိန်မှာ ၂ ခုကွဲထွက်သွားရင် အသွင်တူအမွှာဖြစ်မယ်။ ၃ ရက်ဆိုရင် (ဆဲလ်) ပေါင်း ၃၂ ခုရှိလာပြီ။ ဆက်ပြီး တဲလ်ပေါင်း ၅ဝဝ ရှိခန်မှာ အရည်ပြည့်နေတဲ့အိတ်နဲ့အတူ အချင်းဖြစ်စရာပေါ်လာပြီ။

သားအိမ်နံရံကိုလာပြီးတွယ်ကပ်တာကို ကိုယ်ဝန်ရှိပြီလို့ပြောတယ်။ အဲဒီရက်ဟာ ရာသီလာပြီး ၂၁ ရက်လောက်မှာ ဖြစ်တယ်။ အချင်းကနေ ဟော်မုန်းထုတ်ပေးနေပြီဖြစ်ပေမယ့် စမ်းတွေ့အောင်မများသေးလို့ ဆီးစစ်ရင် အပေါင်း မပြနိုင်သေးပါ။ ကိုယ်ဝန်ကတော့ရှိနေပြီ။ ကိုယ်ဝန် ၂၈ ပါတ်ဆိုရင် (ဆဲလ်) ပေါင်း ၂ ထရီလီယန်ရှိပါပြီ။

အမေရိကားမှာရှိတဲ့ သားဖွါးမီးယပ် အထူးကုဆရာဝန်ပေါင်း ၁၈ဝဝ ကိုမေးမြန်းခဲ့ပါတယ်။ အဖြေပေးကြတဲ့ ဆရာဝန်ပေါင်း ၁၁၅၄ ဦးရှိတယ်။ ၅၇% က ကိုယ်ဝန်ရှိပြီဆိုတာ ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ ပေါင်းစပ်ချိန်၊ သန္ဓေတည်ချိန် ဖြစ်တယ်။ ၂၈% က ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ ပေါင်းစပ်ပြီး နောက်တပါတ်အကြာ သားအိမ်ထဲမှာ တွယ်ကပ်လိုက်ချိန် ဖြစ်တယ်။ ၁၅% က မသေခြာဘူးလို့ဆိုပါတယ်။ သားဖွါးမီးယပ်ဆရာဝန်တွေအများစုက သန္ဓေတည်ချိန်လို့ပြောတဲ့အခါ ဘာသာရေး ဦးစားပေးသူတွေဖြစ်ကြပြီး ကိုယ်ဝန်ဖျက်တာကို အားမပေးကြပါ။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၅
http://www.parents.com/videos/v/63983316/sperm-meets-egg-weeks-1-to-3-of-pregnancy.htm
Credit Source: https://doctortintswe.blogspot.com/2015/05/pregnancy-starts.html


Healthy Life

253 Blog posts

Comments