Ankylosis အဆစ်ရောဂါ

ကျွန်တော် အသက် ၄ဝ ရှိပါပြီ။ ကျွန်တော်မှာ Anchylosis ရောဂါဖြစ်နေပါတယ်။ ဆရာဝန်တွေက ကုလို့မရဘူးလို့ ပြောပါတယ်။ အမ

Ankylosis အဆစ်ရောဂါ

ကျွန်တော် အသက် ၄ဝ ရှိပါပြီ။ ကျွန်တော်မှာ Anchylosis ရောဂါဖြစ်နေပါတယ်။ ဆရာဝန်တွေက ကုလို့မရဘူးလို့ ပြောပါတယ်။ အမှန်ဘဲလားဆိုတာ သိချင်ပါတယ်ဆရာ။

Ankylosis ဆိုတာ အဆစ်ကပုံမှန်မလုပ်နိုင်တာကိုခေါ်တယ်။ လုံးဝဖြစ်တာနဲ့ တစိတ်တိုင်းဖြစ်တာရှိတယ်။ ဒဏ်ရာကြောင့်နဲ့ ရောဂါကြောင့်ဖြစ်ရတယ်။ Ankylosing spondylitis လို့လဲခေါ်တာရှိတယ်။ ခါးရိုးဆစ်တွေမှာဖြစ်တယ်။ အဆစ်တွေခိုင်နေလို့ ပုံမှန် လှုပ်မရဖြစ်မယ်။

Ankylosing Spondylitis ဘာလို့ဖြစ်တယ်ဆိုတာ တိတိကျကျမသိရပါ။ မျိုးဗီဇလိုက်တဲ့တချက်တော့ သိတယ်။ သူ့ဆီမှာ HLA-B27 ခေါ်တဲ့ ပရိုတင်း ရှိနေနိုင်တယ်။ ဒါ့ပြင် ဗက်တီးရီားကိုလဲ သံသယရှိတယ်။

Treatment ကုသနည်းတွေရှိပါတယ်။
• Medication ဆေးပေးနည်း
• NSAIDs ဆေးအုပ်စုထဲက ibuprofen, phenylbutazone, diclofenac, indomethacin, naproxen နဲ့ COX-2 inhibitors တွေကိုပေးတယ်။
• Opioid analgesics ပိုဆိုးရင် ဘိန်း (မူးယစ်) ဆေးပါတဲ့အနာသက်သာဆေးတွေသုံးတယ်။
• DMARDs ဆေးအုပ်စုထဲက cyclosporin, methotrexate, sulfasalazine နဲ့ corticosteroids ဆေးတွေလဲသုံးတယ်။
• Tumor necrosis factor-alpha blockers ဆေးအုပ်စုဝင် biologics etanercept, infliximab, golimumab နဲ့ adalimumab ဆေးတွေသုံးတာလဲရှိတယ်။ ဈေးကြီးတယ်။
• Anti-interleukin-6 inhibitors ဆေးအုပ်စုဝင်ဆေး Tocilizumab နဲ့ rituximab ဆေးတွေလဲသုံးတယ်။

Surgery ခွဲစိတ်နည်းကို ဒူးနဲ့ ပေါင်ရိုးမှာဖြစ်ရင် အဆစ်လဲပေးတာလုပ်နိုင်တယ်။

Physical therapy (ဖီဇီယို) ကုသနည်းမှာ Physical therapy/chiropractic/physiotherapy/osteopathy နည်းတွေရှိတယ်။ Swimming ရေကူးနည်းကလဲ အကျိုးရှိတယ်။ Yoga, climbing, t'ai chi, Pilates method စတဲ့နည်းတွေလဲ စမ်းသပ်နိုင်တယ်။ Jogging နည်းက မသင့်ပါ။

Prognosis အလားအလာ။ ခပ်သင့်သင့်ဆိုးတာကနေ တိုးတိုးလာတဲ့ရောဂါဖြစ်တယ်။ ဆိုးတဲ့အချိန်ကြားမှာ သက်သာနေတာရှိပါတယ်။ ပျောက်ပါမယ်လို့ အာမခံနိုင်တဲ့ ကုသနည်းမပေါ်သေးပါ။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2015/06/ankylosis.html


Healthy Life

253 Blog posts

Comments