Insecticide Lindane causes cancer

အင်းဆက်ဆေး လင်ဒိန်းကနေ ကင်ဆာဖြစ်စေနိုင်

ကမာ့္ဘကျန်းမာရေးအဖွဲ့ကြီးကနေ ထုတ်ပြန်လိုက်တဲ့သတင်းဖြစ်ပါ

Insecticide Lindane causes cancer

အင်းဆက်ဆေး လင်ဒိန်းကနေ ကင်ဆာဖြစ်စေနိုင်

ကမာ့္ဘကျန်းမာရေးအဖွဲ့ကြီးကနေ ထုတ်ပြန်လိုက်တဲ့သတင်းဖြစ်ပါတယ်။ ဒီပိုးသတ်ဆေးကို အီးယူနိုင်ငံဗတွနဲ့ ယူအက်စ်မှာ မသုံးဘို့ တားမြစ်ထားပြီးဖြစ်ပါတယ်။ Non-Hodgkin's lymphoma ခေါ်တဲ့ အကျိတ်ကင်ဆာကို ဖြစ်စေတာ အထောက်အထားခိုင်လုံလို့ဖြစ်ပါတယ်။ ဒါပေမယ့် Lindane ကိုမဖွံ့ဖြိုးသေးတဲ့တိုင်းပြည်တွေမှာတော့ ဆက်သုံးနေကြပါတယ်။ ဒီပိုးသတ်ဆေးကို သန်းပျောက်ဆေးနဲ့ ဝဲပျောက်ဆေးတွေထဲမှာလည်း ထည့်ထားတယ်။

၁၉၇ဝ ကျော်ကတည်းက ပိတ်ပင်ထားပြီးဖြစ်တဲ့ DDT ပိုးသတ်ဆေးကနေလည်း လူတွေမှာကင်ဆာဖြစ်စရာအကြောင်း ရှိတယ်လို့လည်း သိထားပြီးဖြစ်ပါတယ်။ ဒါမေယ့် တချို့အစားအသောက်တွေမှာ စစ်ဆေးတော့ တွေ့နေသေးတယ်။ တိရစ္ဆာန်တွေနဲ့ ပတ်ဝန်းကျင်ထဲမှာရှိနေသးလို့ဖြစ်ပါမယ်။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/insecticide-lindane-causes-cancer.html


Healthy Life

253 Blog posts

Comments