Cancer Drug Combination Shrinks 60 Percent of Melanomas

အရေပြားကင်ဆာကို ကင်ဆာဆေးနှစ်မျိုးတွဲပေးတာ ၆ဝ% သေးငယ်သွားတယ်လို့ ၁-၆-၂ဝ၁၅ နေ့ထွက် ဆေးသုတေသန သတင်းကဆိုပါတ

Cancer drug combination shrinks 60% of melanomas

အရေပြားကင်ဆာကို ကင်ဆာဆေးနှစ်မျိုးတွဲပေးတာ ၆ဝ% သေးငယ်သွားတယ်လို့ ၁-၆-၂ဝ၁၅ နေ့ထွက် ဆေးသုတေသန သတင်းကဆိုပါတယ်။

နိုင်ငံတကာလူနာပေါင်း ၉၄၅ ယောက်ကို စမ်းသပ်တာဖြစ်ပါတယ်။ Ipilimumab နဲ့ Nivolumab ဆေး ၂ မျိုးသုံးတယ်။ ၅၈% လူနာတွေမှာ ကင်ဆာတိုးလာတာကိုရပ်စေနိုင်တာတွေ့ရတယ်။

Ipilimumab ဆေးကို သွေးပြန်ကြောထဲ ၃ လတခါ ထိုးပေးရတယ်။ တနှစ်မှာ ပေါင်း ၁ သိန်းကုန်ကျတယ်။ ဘေးထွက် ဆိုးကျိုးတွေက ဝမ်းပျက်မယ်။ Nivolumab ဆေးကို ၂ ပါတ်တကြိမ်ပေးတယ်။

Bristol-Myers Squibb ကနေထုတ်လုပ်တယ်။ ဆင်တူတဲ့ Pembrolizumab ဆေးကို Merck ကနေထုတ်တယ်။

Melanoma မယ်လင်နိုးမားဆိုတာ ဆိုးရွားတဲ့ အရေပြားကင်ဆာဖြစ်တယ်။ ကင်ဆာတွေထဲမှာ ဆဌမအဖြစ်များတယ်။ ဗြိတိန်နိုင်ငံမှာ တနှစ် လူ ၂ဝဝဝ ကျော်သေဆုံးနေရတယ်။

ဒေါက်တာတင့်ဆွေ
၃-၆-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/06/cancer-drug-combination-shrinks-60-of.html


Healthy Life

253 Blog posts

Comments