Hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်

၁။ Whiten Clothes အဝတ်ဖြူဆေး
သွေးစွန်းတာလည်း ဖြူစေတယ်။ အညစ်အကြေးတွေလည်း သန့်စေတယ်။

၂။ Rejuvenating Detoxifying Bath ရေချိုးခြင်

Hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်

၁။ Whiten Clothes အဝတ်ဖြူဆေး
သွေးစွန်းတာလည်း ဖြူစေတယ်။ အညစ်အကြေးတွေလည်း သန့်စေတယ်။

၂။ Rejuvenating Detoxifying Bath ရေချိုးခြင်း
3% Hydrogen peroxide ၂ ကွာတကို ရေခပ်နွေးနွေးရေချိုးကန်မှာ ထည့်ရတယ်။ နာရီဝက်လောက်စိမ်နေရတယ်။ အဆိပ်အတောက် ပြယ်စေမယ်။

၃။ Foot Fungus ခြေထောက်မှို (ဖန်းဂတ်စ်) ဆေး
ရေထဲမှာ ဆတူရောပြီး ခြေထောက်မှိုဖြစ်နေတဲ့နေရာကို ဖြန်းပါ။ ညမှာလုပ်ပါ။ ခြေထောက်ကို ခြောက်သွေ့စေပါ။

၄။ Douche အမျိုးသမီး မျိုးပွါးလမ်းအင်္ဂဆေးခြင်း
အမျိုးသမီးတွေ မွေးလမ်းကြောင်းမှာ ဖန်းဂတ်စ် (မှို) ကြောင့် အဖြူဆင်းတာအတွက် 3% Hydrogen peroxide ၂ ခွက် (၁၆ အောင်စ) ကို ရေခပ်နွေးနွေးထဲထည့်ပြီး၊ တပါတ် ၂ ကြိမ်၊ ဆေးနိုင်တယ်။

၅။ Colonic or Enema ဝမ်ခြူခြင်း
3% Hydrogen peroxide ၁ ခွက် (၈ အောင်စ) စကို ရေခပ်နွေးနွေး ၅ ဂါလံနဲ့ရောပြီး အူမကြီးဆေးနိုင်တယ်။ 3% Hydrogen peroxide လက်ဖက်ရည် ၁ ဇွန်းစာကို ရေခပ်နွေးနွေး ၁ ကွာတနဲ့ရောပြီး ဝမ်းခြူနိုင်တယ်။

၆။ Infections ပိုးသန့်ခြင်း
3% Hydrogen peroxide နဲ့ ၅-၁ဝ မိနစ်ကြာ တနေ့မှာ အကြိမ်များစွာ ဆေးပေးနိုင်တယ်။ တစ်ရှူးတွေသေတဲ့ ဂင်ဂရင်း အနာတွေကိုပါ လုပ်ပေးနိုင်တယ်။ အနာတွေ၊ မှိုဝင်တာတွေနဲ့ ပိုးဝင်တာတွေအတွက်လည်း ကောင်းတယ်။

၇။ Bird Mites Infections ကမျဉ်းနီကောင်ကိုက်ခြင်း
အရေပြားပေါ်က ကမျဉ်းနီကောင်နဲ့ တချို့အင်းဆက်ကောင်တွေကို သေစေတယ်။

၈။ Sinus Infections ဆိုင်းနပ်စ်
3% Hydrogen peroxide လက်ဖက်ရည် ၁ ဇွန်းစာကို ကလိုရင်းထည့်မထားတဲ့ရေ ၁ ခွက်ထဲမှာရောထည့်ပြီး ဆိုင်းနပ်စ် ဖြစ်တာကို နှာခေါင်းထဲဖြန်းပေးနိုင်တယ်။

၉။ Wound Care အနာဆေးထည့်ခြင်း
3% Hydrogen peroxide နဲ့ အနာတွေကိုဆေးနိုင်တယ်။ ညစ်ပေနေတဲ့အနာတွေ၊ ပြည်ထွက်နေတဲ့အနာတွေကို သုံးနိုင်တယ်။ ပါးစပ်မှာ အနာရှိမေနေရင် ပလုပ်ကျဉ်းဆေးပေးရင် သွားတွေပိုဖြူစေတယ်။ ပါးစပ်ထဲမှာ ၁ဝ မိနစ်ထိ ငုံထားနိုင်တယ်။ သွားကိုက်တာ နာလွန်းရင်လည်း လုပ်နိုင်တယ်။ တနေ့မှာ ဘယ်နှစ်ခါလုပ်လုပ်ရတယ်။

၁ဝ။ Mouthwash ပါးစပ်ဆေးခြင်း
3% Hydrogen peroxide နဲ့ Liquid chlorophyll ရောပြီးပါးစပ်ဆေးနိုင်တယ်။ Baking soda နဲ့ရောပြီး သွားတိုက်ဆေး လုပ်လို့ရတယ်။ သွားဖြူစေမယ်။ သွားတိုက်တံကို 3% Hydrogen peroxide ထဲစိမ်ပြီးလည်း သွားတိုက်နိုင်တယ်။ ပိုးတွေကို သေစေမယ်။

၁၁။ Hair Lightening ဆံပင်အရောင်ချွတ်ဆေး
Blonde hair ပျောင်းဖူးမွှေရောင် ဆံပင်ရှိသူတွေကသုံးတယ်။ ခေါင်းလျှော်ပြီး ရေစိုနေတဲ့ဆံပင်ပေါ်မှာ 3% Hydrogen peroxideကို ရေနဲ့ ဆတူရောပြီး ဖြန်းပေးရတယ်။

၁၂။ Contact Lenses မျက်ကပ်မှန်ဆေးခြင်း
မျက်ကပ်မှန်ကို ပိုးသန့်အောင်သုံးနိုင်တယ်။

၁၃။ Straight or Diluted Hydrogen Peroxide
စားပွဲမျက်နှာပြင်ကို ဆေးနိုင်တယ်။ အနံ့ကောင်းစေတယ်။ ဆေးဖြန်းသလိုလုပ်ရတယ်။ မှန်တွေ၊ ကြေးမုံပြင်တွေကိုလည်း ဆေးနိုင်တယ်။ ရေခဲသေတ္တာအတွင်းပိုင်းလည်း ဆေးနိုင်တယ်။ ကလေးကျောင်းနေ့လည်စာဗူး အတွင်းပိုင်းကိုလည်း ဆေးနိုင်တယ်။

၁၄။ Dishwasher ပန်းကန်ဆေး
3% Hydrogen peroxide ကို ၂ အောင်စကို ပန်းကန်ဆေးရည်ထဲရောသုံးနိုင်တယ်။ ဆေးစရာအရည် စပရေးဗူးထဲမှာ ဆတူရောထည့်ထားသုံးပါ။ ရေချိုးခန်းထဲထားနိုင်တယ်။ စဉ်းတီတုံးအပြားမျက်နှာပြင်ကိုဖြန်းလိုက်ရင် ဆာလ်မိုနဲ့လားနဲ့ တခြားဗက်တီးရီးယားတွေကိုသေစေမယ်။ Vinegar ဗနီဂါနဲ့ရောပြီး ပိုးတွေသေဆေးအဖြစ် ဈေးချိုချိုနဲ့ သုံးနိုင်တယ်။ ချွတ်ဆေးထက်ဈေးသက်သာတယ်။ အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပိုးသန့်ပေးနိုင်တယ်။ ကစားစရာတွေကိုလည်း ပိုးသန့်ပေးနိုင်တယ်။ အစားအသောက်တွေမှာပါနေတဲ့ Salmonella, Shigella နဲ့ E. coli ဗက်တီးရီးယားတွေကို သေစေတယ်။ Vinegar နဲ့ Hydrogen peroxide ဖြန်းဆေး သပ်သပ်စီလုပ်ထားပါ။ မျက်နှာပြင်တွေ၊ ဘုတ်ပြားတွေ၊ ကစားစရာတွေ၊ ထည့်စရာတွေ၊ ကြမ်းပြင်နဲ့ အိမ်သာကြွေခွက်တွေကို ဖြန်းဆေး တလှည့်စီ ဖြန်းဆေးပေးပါ။

၁၅။ Humidifiers/Steamers ရေငွေ့ပေးစရာ
3% Hydrogen peroxide ၁ ပိုင့်ကို ရေတဂါလံနဲ့ရောသုံးပါ။

၁၆။ Laundry / Stain Removing အစွန်းချွတ်ဆေး
စွန်းထားတာကို မြန်မြန်သုံးနိုင်လေကောင်းလေ။ ၂ ရက်လောက်အထိ စွန်းပေထားတာကို သုံးနိုင်တယ်။ အရောင်ပါ ပျယ်နိုင်တာကို သတိထားပါ။ အမြှုပ်ထလာမယ်။ အစွန်းတွေကျွတ်မယ်။ ပြီးရင် ရေအေး + ဆပ်ပြာနဲ့ လျှော်ပေးပါ။

၁၇။ Vegetable Soak ဟင်းသီဟင်းရွက်စိမ်ရန်
3% Hydrogen peroxide ကို ရေအေးထဲမှာ ၄ ပုံ ၁ ပုံခွက်ထည့်ပါ။ ဟင်းသီဟင်းရွက်တွေကို ၂ဝ မိနစ်ကြာစိမ်ပါ။ ထူတာဆို မိနစ် ၃ဝ ကြာပါစေ။

၁၈။ Meat Sanitizing အသားဆေးခြင်း

၁၉။ Leftover tossed salad ဟင်းကျန်တွေကို ရေခွက်တဝက်နဲ့ 5% 3% Hydrogen peroxide ရောပြီးဖြန်းပါ။ အရည်တွေစစ်ပြီး၊ အဖုံးနဲ့ ရေခဲသေတ္တာထဲ သိမ်းထားပါ။

၂ဝ။ Marinade သား-ငါး နူးအောင်လုပ်ခြင်း
အသား၊ ငါး၊ ကြက်သားတွေကို အလူမီနီယံခွက်မဟုတ်တာမှာ ထည့်ပါ။ ရေနဲ့ 3% Hydrogen peroxide ဆတူရောထားတာနဲ့ လိမ်းပါ။ အဖုံးချောင်တာနဲ့ ဖုံးပြီး ရေခဲသေတ္တာထဲ နာရီဝက်ထားပါ။ ချက်ခါနီးရေဆေးပါ။

၂၁။ Sprouting Seeds အပင်ပေါက်လုပ်ခြင်း
3% Hydrogen peroxide ၁ အောင်စကို ရေ ၁ ပိုင့်နဲ့ရောပါ။ အပင်ပေါက်လုပ်မယ့်အစေ့တွေကိုထည့်ပါ။
(၁ ပိုင့် = ၄၇၃ မီလီလီတာ)
(၁ အောင်စ = ၂၉့၆ မီလီလီတာ)
(၁ ခွက် = ၂၃၆့၆ မီလီလီတာ)

ဒေါက်တာတင့်ဆွေ

Credit Source: https://doctortintswe.blogspot.com/2015/07/hydrogen-peroxide.html


Healthy Life

253 Blog Beiträge

Kommentare