Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း

ဆရာရှင့် တခုလောက်မေးချင်လို့ပါ။ Testicles ရောင်တာကလေ။ ဘယ် speciality နဲ့ ပြရမလဲရှင့်။ ကျေးဇူးပြုပြီး ဖြေပေးပါနော်။

Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း

ဆရာရှင့် တခုလောက်မေးချင်လို့ပါ။ Testicles ရောင်တာကလေ။ ဘယ် speciality နဲ့ ပြရမလဲရှင့်။ ကျေးဇူးပြုပြီး ဖြေပေးပါနော်။

မေးတဲ့သူက အမျိုးသမီး၊ ဖြစ်တဲ့သူက ယောက်ျား ဟုတ်ပါသလား။ ဘာဖြစ်သလည်းဆိုတာလည်း မသိပါ။ ဆရာဝန်တဦးကိုပြရင် လိုအပ်ရင် ဆက်လွှဲပါမယ်။

အမျိုးသားပါရှင်။ အသက် ၆ဝ ဝန်းကျင်ပါ။ ဆရာဝန်မပြရသေးလို့ဆရာ။ ဘယ်ဆရာဝန်နဲ့ ပြရမလဲမေးကြည့်တာပါ။

ရောဂါမေးတာမဟုတ်ပေမယ့် ဖတ်လိုရင်ဖတ်ဖို့ စာပို့ပါတယ်။

ဒီရောဂါမေးလာသူတွေထဲက ပြုံးစရာတွေ့တာ နှစ်ခါရှိပြီ။ မေးခွန်းထဲက Testicles ဆိုတာ ယောက်ျားဝှေးစိကို ပြောတာပါ။ (ဆောရီး)

ဒိအရင်တယောက် မေးပါတယ်။ “ဆရာမ ဘောနည်းနည်းကျပြီး ကြီးနေပါတယ်။ အဲဒါ မခွဲပဲနဲ့ ကောင်းပါ့မလားဟင်။ ကျမအမျိုးသားက ခွဲရမှာရှက်နေတယ်။ ဆရာမပြောပြပါနော်။” သူ့ကိုတော့ “ကျွန်တော် ဆရာမ မဟုတ်ပါ” လို့နဲ့အစချီပြီး ဖြေခဲ့ပါတယ်။

ယောက်ျားတွေမှာ အဲလိုနေရာမှာ အဖြစ်များတာက -
1. Epididymitis အစိရောင်တာ၊
2. Hernia အူကျရောဂါ၊
3. Hydrocele မုတ် (မုတ္တ) ရောဂါ၊
4. Orchitis အကြောရောင်တာ၊
5. Testicular torsion အစိလိမ်ရောဂါ၊
6. Varicocele (ဗေရီကိုဆီးလ်) အကျောထုံးရောဂါ၊
7. Testicular cancer ကျားအစိကင်ဆာ။

ကပ်ပယ်အိတ်ထဲက ဝှေးစေ့နာရင် (အပီဒီဒမိုက်တစ်) ကျား အကြောရောင်တာနဲ့ (အော်ခိုက်တစ်) ကျားအစေ့ရောင်တာ တခုဖြစ်ဖြစ်၊ နှစ်ခုတွဲဖြစ်ဖြစ် ဖြစ်နိုင်တယ်။ ဝှေးစေ့ကနေ သုက်ပိုးနဲ့ ဟော်မုန်းတွေ ထုတ်ပေးတယ်။

(အပီဒီဒမိုက်တစ်) ဆိုတာ သုတ်ပိုးတွေကို ကျားအစိတွေကနေ သုတ်လွှတ်ကျောဆီကို သယ်ဆောင်ပေးတဲ့ အစေ့အထက်က ခွေနေတဲ့အကြောရောင်တာ ဖြစ်တယ်။ (အပီဒီဒမိုက်တစ်) က (အော်ခိုက်တစ်) ထက် အဖြစ်များတယ်။ ဖျားတာ၊ နာတာ၊ ရောင်တာတွေ ရှိလာမယ်။ ဆီးအောင့်တာနဲ့ တွဲလာသေးတယ်။ ချက်ချင်းနဲ့ နာတာရှည် နှစ်မျိုးလုံး ဖြစ်နိုင်တယ်။ ရက်တိုဆိုတာ ဆေးကုတာနဲ့ ပျောက်သွားမယ်။ နာတာရှည်ကတော့ ခပ်ဖြေးဖြေး ဖြစ်လာပြီး၊ ဆေးကုရင် သက်သာလာပေမဲ့ ပျောက်ဘို့ ကြာတတ်တယ်။ ငယ်သူတွေထက် အရွယ်ရောက်သူတွေမှာ ပိုဖြစ်တယ်။ (အော်ခိုက်တစ်) ဆိုတာကို ချက်ချင်းဖြစ်၊ ကုရင် ချက်ချင်းပျောက်တယ်။ ဆီးခြူပေးတာကနေလည်း ဒီနေရာမှာ လာရောင်တတ်တယ်။

ရက်တို (အပီဒီဒမိုက်တစ်) ရောဂါက ဗက်တီးရီးယား ကြောင့်ဖြစ်ရတာပါ။ ကလေးတွေမှာဆိုရင် ကျောက်ကပ်၊ ဆီးအိမ် ကနေ ပိုးရောက်လာလို့ ဖြစ်တယ်။ လူပျိုဘော်ဝင်တွေမှာ ၃ ပုံ ၁ ပုံက Mumps orchitis ပါးချိတ်ရောင်အကြောနာကနေ ဖြစ်တယ်။ ဒါ့ကြောင့် ကလေးတွေကို MMR ကာကွယ်ဆေး အထိုးခိုင်းတာဖြစ်တယ်။ အရွယ်ရောက်ယောက်ျားတွေမှာ အများစုက (STD) ခေါ် လိင်ကတဆင့် ကူးစက် ရောဂါကြောင့်ဖြစ်တယ်။ ဂနိုးရီးယားနဲ့ (ကလာမိုင်ဒီးယား) တွေပါ။ စဖြစ်တော့ ဆီးထွက်ပေါက်မှာ၊ နောက်မှ အစေ့ဆီရောက်လာတယ်။ အသက် နဲနဲပိုကြီးသူတွေဆိုရင် ဆီးလမ်းပိုးဝင်ရာကနေ လာတယ်။ အသက်များများ ကြီးသူတွေကြတော့ BPH ခေါ်တဲ့ ဆီးကျိတ်ကြီးတာကနေ လာတယ်။ ချက်ချင်းဖြစ်တာ၊ ပြန်ဖြစ်ရာကနေ နာတာရှည် ဖြစ်လာစေတယ်။

ရက်တို (အပီဒီ’မိုက်တစ်) ဖြစ်ရာကနေ ပိုးက အစေ့ဆီရောက်လာရင် နှစ်ခုလုံးရောင်တာ ဖြစ်လာရော။ ဘယ်နေရာကနေစစ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီရောဂါဖြစ်သူမှာ ကျားအင်္ဂါနေရာ တခုထဲမှာ နာတာ၊ ရောင်တာသာမက ပိုးစရှိနေတဲ့ နေရာတွေမှာလည်း ရောဂါလက္ခဏာတွေ ရှိနေလိမ့်မယ်။ ဆီးထွက်ပေါက်၊ ဆီးအိမ်၊ ကျောက်ကပ်၊ ဆီးကြိတ် နေရာတွေ။ ဆီးပူ၊ ဆီးအောင့်၊ ဆီးမသွားနိုင်၊ ပါးချိတ်ရောင်၊ မုတ်ကြီးတာ၊ ဖျားတာ၊ ရှားရှားပါးပါး TB ကြောင့်လည်း ဖြစ်တတ်သေးတယ်။

နာတာရှည်ဖြစ်ရင် နာတာ၊ ရောင်တာ၊ နီတာ၊ ကြီးတာတွေ သိပ်မသိသာဘူး။ ဆီးစစ်ရင် ပိုးတွေ့ချင်မှ တွေ့တော့မယ်။ ရုတ်တရက် ဖြစ်ရင်တော့ လက္ခဏာတွေ အကုန်လောက် ရှိနေနိုင်တယ်။

ရက်တိုသမားတွေကို ဆေးကုရတာကတော့ ပဋိဇီဝဆေး ၂ ပါတ်ကြာ ပေးသင့်တယ်။ Azithromycin နဲ့ Cefixime တွေက Gonorrhoeae နဲ့ Chlamydia ဆိုတဲ့ STD ပိုးတွေကိုနိုင်တယ်။ Doxycycline, Ofloxacin, Ciprofloxacin, Levofloxacin, Tetracycline နဲ့ Trimethoprim-sulfamethoxazole ကိုလည်းသုံးနိုင်တယ်။ TB ကြောင့်ဆိုရင် တီဘီဆေးတွေပေးတယ်။ အနာပျောက်ဆေး Ibuprofen or Naproxen တွေက နာတာသာမက ရောင်တာကိုပါ သက်သာစေတယ်။ တချို့ကြ သိပ်နာလွန်း-ရောင်လွန်းလို့ ဆေးရုံတက် ကုစေရတယ်။ အပူကပ်ပေးတာ လိုချင်လိုမယ်။ ဖြစ်တဲ့နေရာကို အခုအခံနဲ့ ထားရတယ်။ လှုတ်ရှားရင်၊ လမ်းသွားရင်နာသူတွေကို အိပ်ရာထဲ နေစေရတယ်။ လိုအပ်ရင်တော့ Orchiectomy ခွဲစိတ်ပြီး Epididymis ကို ထုတ်ပြစ်ရတယ်။

နာတာရှည်သမားတွေ ဆေးအကြာကြီး သောက်ရမယ်။ လတွေအထိ ကြာနိုင်တယ်။ နောက်ဆုံး လိုရင် Epididymectomy ခွဲထုတ်လိုက်ရတတ်တယ်။ အစေ့ကို ချန်ထားနိုင်လို့ ကျားဟော်မုန်း ဆက်ထွက်နေမှာပါ။

ခပ်ဆင်ဆင် ရောဂါတွေရှိတယ်။ Varicocele (ဗေရီကိုဆီးလ်) ဆိုတာ အဲဒီနေရာက သွေးပြန်ကြောတွေ ထုံးနေတာ။ Cyst အရည်အိတ် ဖြစ်တာ။ Testicular torsion ဆိုတာ ရုတ်တရက် Spermatic cord အကြောလိမ်ပြီး နာလာတာ။ အစေ့ကို သွေး မလျှောက်တာ ဖြစ်စေတယ်။ Spermatocele ဆိုတာက သုက်ပိုးတွေ စုဝေးနေတဲ့ အိတ်ဖြစ်လာတာ။ အရွယ်အစား အမျိုးမျိုး ဖြစ်နိုင်တယ်။ မနာဘူး။ ဝှေးစေ့ကင်ဆာလဲရှိတယ်။

ယောက်ျားမှာ ဒီရောဂါရှိနေရင် သူ့ဖြစ်ရတာက STD ဆိုရင်တော့ သူ့အဖေါ် အမျိုးသမီးကို ကူးနိုင်တယ်။ နှစ်ယောက်လုံး တပြိုင်တည်း ဆေးကုရမယ်။ ဖြစ်တာက ပါးချိတ်ရောင်တာနဲ့ တီဘီကြောင့်ဆိုရင် ကလေးရနိုင်စွမ်းကို လာထိခိုက်တယ်။ ကင်ဆာကို မဖြစ်စေပါ။

• Azithromycin (အဇစ်သရိုမိုင်စင်) ဆေးပြား
1 g တခါတည်းသောက်ရမယ်။ Ceftriaxone 400 mg တခါတည်းနဲ့တွဲသောက်ရင် (ဂနိုးရီးယား) အတွက် ကောင်းမယ်။

• Doxycycline ဒေါက်ဆီဆိုက်ကလင်းဆေးတောင့်
(ဆစ်ဖလစ်) အစပိုင်းဖြစ်တာအတွက် တခါသောက် 100 mg ကို တနေ့ ၂ ကြိမ်၊ ၂ ပါတ်သောက်ပါ။ တကယ်လို့ ဖြစ်နေတာက ၁ နှစ်လောက်ရှိနေသူဆိုရင် ၄ ပါတ်ကြာသောက်ပါ။ (ဆစ်ဖလစ်) နောက်ပိုင်းဖြစ်နေရင် တခါသောက် 100 mg ကို တနေ့ ၂ ကြိမ်၊ ၇ ပါတ်သောက်ပါ။

ဖတ်နိုင်တဲ့စာတွေ -
- Hernia အူကျ-မကျ သိပါရစေ http://dts-medicaleducation.blogspot.com/2010/08/hernia.html
- Hydrocele မုတ်ရောဂါ http://doctortintswe.blogspot.com/2014/11/hydrocele.html
- Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/epididymitis-and-orchitis.html
- Varicocele (ဗေရီကိုဆီးလ်) http://dts-medicaleducation-adult.blogspot.in/2012/08/varicocele.html

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/12/epididymitis-and-orchitis.html


Healthy Life

253 Blog posts

Comments