Universal flu vaccine comes closer တုပ်ကွေးကာကွယ်ဆေးနီးစပ်လာပြီ

လွန်ခဲ့တဲ့၉ နာရီကထွက်တဲ့ဆေးသုတေသနသတင်းဖြစ်ပါတယ်။ တုပ်ကွေးမျိုးစုံကို တသက်တာကာကွယ်နိုင်မယ့် ကာကွယ်ဆေ

Universal flu vaccine comes closer တုပ်ကွေးကာကွယ်ဆေးနီးစပ်လာပြီ

လွန်ခဲ့တဲ့၉ နာရီကထွက်တဲ့ဆေးသုတေသနသတင်းဖြစ်ပါတယ်။ တုပ်ကွေးမျိုးစုံကို တသက်တာကာကွယ်နိုင်မယ့် ကာကွယ်ဆေးဖြစ်ပါမယ်။ အကောင်တွေကို စမ်းသပ်ပြီးပါပြီ။

အမေရိကန်ဆရာဝန်တွေကနေ နှစ်ဖွဲ့ခွဲပြီးစမ်းသပ်နေတာပါ။ လက်ရှိထိုးနေရတာက တနှစ်တခါထိုးရတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်က မြူတေးရှင်းခေါ်တဲ့မျိုးဗီဇပြောင်းပြောင်နေလို့ တနှစ်သာခံတယ်။ အဲဒီအခက်အခဲကိုကျော်လွှားတဲ့နည်းကရှာဖွေထားတာဖြစ်ပါတယ်။

လက်ရှိကာကွယ်ဆေးက ဗိုင်းရပ်စ်ရဲ့မျက်နှာပြင်ကိုပစ်မှတ်ထားပါတယ်။ အဲဒီနေရာက ပြောင်းလဲတတ်လို့ ဆေးသက်တမ်း ကြာကြာမခံပါ။

တုပ်ကွေးဆိုတာ နှာချေ ချောင်းဆိုးရာက တယောက်ကိုတယောက် ကူးစက်လွယ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၈-၂ဝ၁၅
http://www.bbc.com/news/health-34038808


Credit Source: https://doctortintswe.blogspot.com/2015/08/universal-flu-vaccine-comes-closer.html


Healthy Life

253 블로그 게시물

코멘트