Rheumatic Diseases လေးဖက်နာရောဂါများ

လေးဖက်နာဆိုတာ အရပ်ခေါ်ဖြစ်တယ်။ မတိကျပါ။ (ရူမက်တစ်) ရောဂါများလို့ခေါ်တယ်။ အမျိုး ၁ဝဝ ကျော်ရှိတယ်။ တခုနဲ့

Rheumatic Diseases လေးဖက်နာရောဂါများ

လေးဖက်နာဆိုတာ အရပ်ခေါ်ဖြစ်တယ်။ မတိကျပါ။ (ရူမက်တစ်) ရောဂါများလို့ခေါ်တယ်။ အမျိုး ၁ဝဝ ကျော်ရှိတယ်။ တခုနဲ့တခု ဆင်တူမဟုတ်တာတွေရှိတယ်။ အဓိကအဆစ်တွေနဲ့ ကြွက်သားတွေကိုထိခိုက်တယ်။ ရောဂါဖြစ်စေတဲ့ အကြောင်းခံကလည်း မတူပါ။ ဥပမာ Osteoarthritis အရိုး-အဆစ်နာရောဂါက အသုံးပြုတာများလို့ ပွန်းပဲ့ပျက်စီးရာကနေ ဖြစ်တယ်။ Rheumatoid arthritis လေးဖက်နာလို့ပိုခေါ်ဘို့သင့်တဲ့ ရူမတွိုက်အဆစ်နာကတော့ ခုခံအား ကမောက်က မဖြစ်ရာကနေ ဖြစ်တယ်။ ဆေးကုရာမှာတော့ဆေးသုံးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အစားအစာဆင်ခြင်တာနဲ့ စိတ်ဖိအား ကျအောင်လုပ်ရတယ်။

1. Osteoarthritis (OA) အရိုးအဆစ်နာ
အရိုးထိပ်မှာရှိတဲ့ ကူရှင်လိုလုပ်ပေးတဲ့ အရိုးနုလေးတွေပျက်စီးတယ်။ အဲတော့အဆစ်ကနာလာမယ်။ လှုပ်လို့ ခက်တော့မယ်။ ဒူး၊ တင်ပါး၊ ခါး၊ လည်ပင်း၊ လက်ချောင်းနဲ့ ခြေထောက်တွေမှာအဖြစ်များတယ်။ ဖြစ်တဲ့အဆစ်မှာ နာမယ်။ ရောင်မယ်။ ပူနေမယ်။ တင်းနေမယ်။ ဆက်နေတဲ့ကြွက်သားတွေအားပျော့လာမယ်။ လုပ်ရကိုင်ရတာခက်ခဲလာမယ်။

2. Rheumatoid Arthritis ရူမတွိုက်အဆစ်နာ
RA လို့အတိုကောက်ခေါ်တယ်။ ခုခံအားကမောက်ကမဖြစ်ရာကနေ ဖြစ်တယ်။ ကိုယ့်ပစ္စည်းကို တစိမ်းတရံထင်မှတ်ပြီး တိုက်ထုတ်နေမယ်။ အဆစ်နာမ.် တင်းနေမယ်။ ရောင်နေမယ်။ အမှန်ကအသက်ရလို့ဖြစ်စဉ်တခုဖြစ်တယ်။ အဆစ် တခုမကမှာဖြစ်တယ်။ ဘယ်-ညာ အဆစ်အမျိုးတူမှာဖြစ်တတ်တယ်။ မျက်စိနဲ့ အဆုပ်ကိုလည်းထိခိုက်နိုင်တယ်။ မနက်ခင်းလိုအချိန်မှာ အားယုတ်လာမယ်။ အကျိတ်လုံးလေးတွေဖြစ်မယ်။

3. Lupus လူးပတ်စ်ရောဂါ
SLE (systemic lupus erythematosus) ခေါ်တယ်။ သူလည်း ခုခံအားကမောက်ကမဖြစ်ရာကနေ ဖြစ်တယ်။ အဆစ်နာမယ်။ တင်းနေမယ်။ အားယုတ်မယ်။ အနီပြင်အကွက်တွေအရေပြားမှာပေါ်မယ်။ မျက်နှာမှာ လိပ်ပြာပုံအကွက် ဖြစ်မယ်။ နေရာင်မခံနိုင်ဘူး။ ဆံပင်ကျွတ်မယ်။ အအေးနဲ့တွေ့ထိတဲ့လက်ဖျားခြေဖျား ဖြူပြာပြာဖြစ်နေမယ်။ ကျောက်ကပ်၊ နှလုံးနဲ့ အဆုပ်တွေကိုထိခိုက်နိုင်တယ်။ သွေးအားနည်းနိုင်တယ်။ သွေးဖြူ-နီ-သွေးမှုံအရေအတွက်ပြောင်းမယ်။ တက်နိုင်တယ်။ ဆထုပ်ရနိုင်တယ်။ သွေးစစ်ရင် antinuclear antibody test (ANA) အင်တီဘော်ဒီတွေ့မယ်။

4. Ankylosing Spondylitis အဆစ်ခိုင်ရောဂါ
ဖြေးဖြေးချင်းစတယ်။ အသက် ၃ဝ အောက်မှာဖြစ်တာများတယ်။ ခါးအောက်ပိုင်းကနေစတယ်။ တင်ပါ။နဲ့ တင်ပါးဆုံရိုးကွင်းဆက်ဖြစ်နိုင်တယ်။ လက်ပြင်နှစ်ခုကြားမှာနာမယ်။ လည်ပင်းအထိနာမယ်။ ခါးတောင့်နေမယ်။ နားနေချိန်နဲ့ အထမှာပိုဆိုးတယ်။ အလုပ်လုပ်နေချိန်မှာ တော်သေးတယ်။ သွေးစစ်ရင် HLA-B27 အပေါင်းပြမယ်။

5. Sjogren's Syndrome ဂျိုဂရင်း ဆင်ဒရုမ်းရောဂါ
တချို့မှာ RA နဲ့ lupus တွဲရှိနေတတ်တယ်။ ဘာလို့ဖြစ်လည်း မသေချာဘူး။ အမျိုးသမီးတွေမှာပိုဖြစ်တယ်။ မျက်စိခြောက်နေမယ်။ ပူလောင်ပြီး အနေရခက်မယ်။ အာခေါင်ခြောက်နေမယ်။ သွား၊ သွားဖုံးနာနဲ့ ပါးစပ်မှိုဝင်တာဖြစ်မယ်။ မျက်နှာဘေးက တက်စေ့တွေရောင်မယ်။ အဆစ်တင်းနောတာရှားတယ်။ အထုအင်္ဂါတွေဖြစ်တာလည်း ရှားတယ်။

6. Fibromyalgia နာတာရှည်အားယုတ်နေမယ်။ အဆစ်တွေနာမယ်။ ကြွက်သားတွေနဲ့ ကြွက်သားချောင်းတွေကို ထိခိုက်တယ်။ အမျိုးသမီးတွေကပိုများတယ်။

7. Gout ဂေါက်ရောဂါ။ အဆစ်တွေနာရောင်တယ်။ ယူရစ်အကစစ်များနေမယ်။ ခြေမမှာအများဆုံးဖြစ်တယ်။ ယောက်ျားတွေကပိုဖြစ်တယ်။

8. Infectious arthritis အဆစ်ပိုးဝင်ခြင်း။ ဗိုင်းရပစ်စနဲ့ဗက်တီးရီးယားတွေကြောင့်ဖြစ်တယ်။ Lyme disease ဆိုတာ မှက်ကောင်းလေးတွေအကိုက်ခံရလို့ဖြစ်တယ်။ အဆစ်တွေ နာရောင်မယ်။ gonococcal arthritis ဂနိုးရီးယားပိုးကနေဖြစ်တယ်။

9. Juvenile idiopathic arthritis ကလေးတွေမှာ ဘာလို့ဖြစ်မှန်းမသပဲ အဆစ်တွေနာတယ်။

10. Polymyalgia rheumatic ဆိုတာ သွေးလွှတ်ကြောတွေမှာဖြစ်တယ်။ ခေါင်းကိုက်၊ ရောင်ရမ်း၊ ပိန်၊ ကိုယ်ပူမယ်။ မနက်ခင်းမှာ အဆစ်တွေတင်းနာမယ်။ ကြွက်သားချောင်းတွေ၊ ကြွက်သားတွေ၊ အရွတ်တွေ၊ အဆစ်တွေကို ထိခိုက်တယ်။

11. Psoriatic arthritis ဆိုရီယေးဆစ်အရေပြားနာရောဂါနဲ့တွဲဖြစ်တယ်။

12. Reactive arthritis (Reiter’s syndrome) အူလမ်း၊ ဆီးလမ်းတွေမှာထိခိုက်တယ်။ ပါးစပ်အနာတွေပေါက်မယ်။

13. Sclerodoma ကိုလာဂျင်များလို့ဖြစ်တယ်။ အရေပြားမာနေမယ်။ သွေးကြောတွေနဲ့အဆစ်တွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Credit Source: https://doctortintswe.blogspot.com/2015/08/rheumatic-diseases.html


Healthy Life

253 Blog posts

Comments