Highly drug-resistant gonorrhoea ဆေးယဉ်တဲ့ ဂိုနိုရီးယား

ဗြိတိန်နိုင်ငံမြောက်ပိုင်း Leeds လိဒ်စ်မှာ ဆေးယဉ်တဲ့ဂိုနိုရီးယားတွေတဲ့သတင်း ကနေ့ထွက်ပါတယ်။ ဂိုနိုရီးယား

Highly drug-resistant gonorrhoea ဆေးယဉ်တဲ့ ဂိုနိုရီးယား

ဗြိတိန်နိုင်ငံမြောက်ပိုင်း Leeds လိဒ်စ်မှာ ဆေးယဉ်တဲ့ဂိုနိုရီးယားတွေတဲ့သတင်း ကနေ့ထွက်ပါတယ်။ ဂိုနိုရီးယားရောဂါဟာ လိင်ကတဆင့် ကူးစက်တယ်။ အဖြစ်လည်းအလွန်များတယ်။ အခုလိုဆေးယဉ်တဲ့ပိုးအမျိုးအစားကို သုံးနေကျဆေးနဲ့ မပျောက်နိုင်ဘူး။ လိဒ်စ်မှာ ၁၂ ယောက်နဲ့ တခြားနေရာ၂ ခုမှာလည်း အဲတာမျိုး ၄ ယောက်တွေ့ထားတယ်။ မသိသေးတာတွေလည်း ရှိနိုင်တယ်။

လိင်အတူနေကြတာမှာ ကျား-မ လိင်အင်္ဂါတွေအပြင် ပါးစပ်နဲ့ စအိုလမ်းတွေကနေလည်း ကူးစက်တယ်။ မိခင်ကနေ ကလေးကိုလည်းကူးတယ်။ ယောက်ျား ၁ဝ ယောက်မှာ ၁ ယောက်နဲ့ မိန်းမ ၅ ယောက်တို့က ပိုးရှိနေပေမယ့် ဘာမှ မဖြစ်ကြဘူး။

ဆေးမကုပဲနေရင် အမျိုးသမီးတွေမှာ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်ပြီး နောင်မှာ ကလေးမရတာဖြစ်စေနိုင်တယ်။ မွေးလာမဲ့ကလေးကိုလည်း ကူးစက်နိုင်တယ်။

ဂိုနိုးရီးယားကုသနည်း (၂ဝ၁ဝ)
၁။ Ceftriaxone 250 mg အသားဆေးတလုံးထိုးပါ + Azithromycin 1 g တလုံးတည်း သို့မဟုတ်
Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။
၂။ Cefixime 400 mg တလုံးတည်းသောက်ပါ + Azithromycin 1 g တလုံးတည်း သို့မဟုတ်
Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။
၃။ Ceftriaxone ဆေးနဲ့မတည့်ရင် Azithromycin 2 g တလုံးတည်းသောက်ပါ။
တပါတ်နေ ဆေးထပ်စစ်ပါ။

သတင်းအရ အရင်သုံးတဲ့ Ceftriaxone ဆေးကိုယဉ်တဲ့အပြင် နောက်သုံးနေတဲ့ Azithromycin ကိုပါ ယဉ်နေတယ်။

Ceftriaxone injection ဘေးထွက်ဆိုးကျိုးများ
ဆေးထိုးတဲ့နေရာနာမယ်။ ခေါင်းကိုက်၊ ခေါင်းမူး၊ ချွေးထွက်၊ မျက်နှာနီမြန်း၊ ဝမ်းပျက်။

ဆီးစစ်လို့သိနိုင်တယ်။ ဗဂျိုင်းနား၊ သားအိမ်ဝ၊ ဆီးလမ်းအဝ၊ စအိုအဝ၊ လည်ချောင်းတွေကနေ ဂွမ်းစလေးနဲ့ယူပြီး စစ်လို့ သိတယ်။ စမ်းတွေ့လို့ရှိရင် ဆေးပေါတ်လည်ပြီးနောက် ၃ လနေတော့တခါထပ်စစ်သင့်တယ်။ ကွမ်ဒွမ်သုံးနည်းနဲ့ ကာကွယ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၉-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/09/highly-drug-resistant-gonorrhoea_18.html


Healthy Life

253 Blog posts

Comments