Ovarian masses မျိုးဥအိမ် အစိုင်အခဲများ
ဆရာ ဟိုနေ့က ဆရာရေးတဲ့ Ovary မှာတွေ့ရတဲ့ အကျိတ်တွေမှာ solid mass မတွေ့ရဘူးနော်။
မျိုးဥအိမ်မှာ Cyst အရည်အိတ်သာမက Solid mass အစိုင်အခဲအကျိတ်လည်းဖြစ်နေနိုင်တယ်။ အာလ်ထွာဆောင်းရိုက်ရင်
(က) အရည်အိတ်ဖြစ်ဖြစ်၊ အစိုင်အခဲဖြစ်ဖြစ် အနည်းဆုံး အချင်း ၄ စင်တီမီတာရှိရင်၊
(ခ) အဆီမပါ၊ အစိုင်အခဲ၊ ၂၈ မီလီမီတာထက်ကြီးရင်၊
(ဂ) အရည်အိတ်ထဲမှာ အပင်လေးတွေပေါက်နေသလို၊ နံရံနဲ့ အကန့်တွေကကထူထဲပြီး ၃ မီလီမီတာမကရှိရင်၊
ကင်ဆာဖြစ်မလားလို့ စဉ်းစားရမယ်။
Benign Ovarian Conditions ကင်ဆာမဟုတ်တဲ့ မျိုးဥအိမ်ရောဂါများ
၁။ Cystic Lesions ရိုးရိုးအရည်အိတ် အများဆုံးတွေ့တယ်။
(က) PCOS မျိုးဥအိမ်မျာ အရည်အိတ်လေးတွေအများကြီးရှိတာဟာ သွေးမဆုံးခင်အမျိုးသမီး ၂ဝ% မှာတွေ့နိုင်တယ်။ ၂-၈ မီလီမီတာအရွယ် အိတ် ၁ဝ လုံးမကတွေ့မယ်။ ကင်ဆာမဟုတ်ပါ။
(ခ) Endometrioma သားအိမ်ပြင်ပမှာ သားအိမ်တစ်ရှူးတွေရောက်နေတာကိုခေါ်တယ်။ ကင်ဆာမဟုတ်ပါ။
(ဂ) Peritoneal Inclusion Cyst ဗိုက်အတွင်းဖုံးလွှာအရည်အိတ် ကင်ဆာမဟုတ်ပါ။
၂။ Solid and Solid/Cystic Lesions အစိုင်အခဲ (သို့) အစိုင်အခဲ + အရည်
(က) Adnexal Torsion အညှာလိမ်ခြင်း = ကင်ဆာမဟုတ်။
(ခ) Pelvic Inflammatory Disease (PID) တင်ပါးဆုံတွင်းအင်္ဂါတွေရောင်ခြင်း = ကင်ဆာမဟုတ်။
၃။ Neoplastic Benign Conditions ကင်ဆာဖြစ်နိုင်တဲ့ ရိုရိုးမျိုးဥအိမ်ရောဂါများ
(က) Cystic Tumors အရည်အိတ်တွေထဲမှာ Mature Cystic Teratoma (Dermoid Cyst) မျိုးဥအိမ်အအလုံးတွေထဲမှာ ၂၆-၄၄% ရှိတယ်။ Cystadenomas ကင်ဆာနဲ့တူတဲ့ ရိုရိုးမျိုးဥအိမ်ရောဂါတွေထဲမှာ ၂၅% ရှိတယ်။
(ခ) Solid and Solid/Cystic Tumors အမျိုးအစားထဲမှာ Fibroma, Thecoma, and Fibrothecoma က အဖြစ်အများဆုံး မျိုးဥအိမ်အစိုင်အခဲအကျိတ်ဖြစ်တယ်။ Sclerosing Stromal Tumors ကရှားတယ်။ Brenner Tumor ကလည်းရှားတယ်။ Cystadenofibroma ကလည်းရှားတယ်။ Struma Ovarii ကလည်းရှားတယ်။
အဲတာကြောင့် အာလ်ထွာဆောင်းမှာ မျိုးဥအိမ် အိတ်-အကျိတ် တခုခုတွေ့ရင် MRI ရိုက်သင့်တယ်။ CT ရိုက်စစ်တာက ဓါတ်ရောင်ခြည်နည်းနည်းသုံးရတယ်။ MRI ရိုက်ရင် သွေး၊ အဆီနဲ့ ကိုလာဂျင်တစ်ရှူးခွဲခြားသိမယ်။ ကင်ဆာကို ၈၈%-၉၃% သိနိုင်တယ်။ ခွဲစိတ်မှုလုပ်ပြီး အသားစကို ဘိုင်အော့ပ်စီ စစ်ဆေးမှသာ ကင်ဆာ မဟုတ် မဟုတ်သေချာပါမယ်။
ဒေါက်တာတင့်ဆွေ
၁၇-၁ဝ-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/10/ovarian-masses.html