Testosterone for Women အမျိုးသမီးသုံး ကျားဟော်မုနု်း

တက်စတိုစတီရုန်းကို ကျားဟော်မုန်းလို့ခေါ်တယ်။ Androgen အင်ဒရိုဂျင်လို့လည်းဖြစ်တယ်။ ယောက်ျားတိုင်းကိုယ်ထဲမ

Testosterone for Women အမျိုးသမီးသုံး ကျားဟော်မုနု်း

တက်စတိုစတီရုန်းကို ကျားဟော်မုန်းလို့ခေါ်တယ်။ Androgen အင်ဒရိုဂျင်လို့လည်းဖြစ်တယ်။ ယောက်ျားတိုင်းကိုယ်ထဲမှာ အလိုလိုရှိနေတယ်။ ခွန်အားပြည့်စေတယ်။ လိင်အစွမ်းပေးတယ်။

အမျိုးသမီးတိုင်းမှာလည်း နည်းနည်းတော့ရှိတယ်။ အသက် ၂ဝ ဝန်းကျင်မှာ အများဆုံးရှိနေပြီး လျှော့လျှောလာတယ်။ အမျိုးသမီးတွေမှာလည်း လိင်စိတ်ဖြစ်ပေါ်စေအောင်လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ပိုပြီးရှုတ်ထွေးမှုတွေပါရှိတယ်။

အမျိုးသမီးတွေမှာ လိင်စိတ်နဲ့ လိင်တုန့်ပြန်မှုကိုတိုးစေမယ်လို့ ယူဆသူတွေရှိတယ်။ တွေးတောမှုများတယ်၊ လုပ်ဆောင်မှု ပိုမယ်၊ ကျေနပ်မှုပိုကောင်းစေမယ်လို့ ယူဆကြတယ်။ သက်သေတော့ မခိုင်လုံပါ။ Methyltestosterone ဆေးနာမည် ဖြစ်တယ်။ တိတိကျကျပြောရရင် ဒီဆေးကနေ သဘာဝ တက်စတိုစတီရုန်းကို များစေတယ်လို့ သက်သေမပြနိုင်ပါ။ လက်တွေ့မှာ တက်စတိုစတီရုန်းနည်းပေမယ့် လိင်ဘဝ ပုံမှန်ရှိနိုင်တယ်။ များပေမယ့် လိင်စိတ်ဝင်စားမှုနည်းတာလည်း တွေ့ရတယ်။ အမျိုးသမီးတွေသုံးဘို့ FDA က အသိအမှတ်ပြုမထားပါ။

သုံးသင့်တဲ့နေရာတွေတော့ရှိတယ်။ မျိုးဥအိမ် ၂ ဖက်လုံးကိုထုတ်ထားရသူတွေမှာ ော်မုန်းဆက်ထုတ်မပေးတော့လိုမယ်။ ဟော်မုန်းနည်းလို့ အဲလိုဖြစ်တာကို ပြန်ရလိုသူအတွက်သာလိုမယ်။ နောက် ကျောက်ကပ်အထွက်းနားက ဟော်မုန်း ထုတ်ပေးတဲ့နေရာမှာရောဂါရှိရင်၊ ဦးနှောက်ထဲက ဟော်မုန်းတွေထုတ်ပေးတဲ့နေရာမှာ ရောဂါရှိနေရင် ဟော်မုန်း အစားထိုးဆေးပေးဘို့ လိုမယ်။

ကိုယ်ဝန်ရှိနေတုံး ဒီဆေးသောက်မိရင် တကယ်လို့အထဲကကလေးက မိန်းကလေးလည်းဖြစ်နေရင် ကလေးမှာ ယောက်ျးမိန်းလေးလိုဖြစ်လာစေနိုင်တယ်။ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာရှိနေရင် မသင့်ပါ။ ကိုလက်စထောများသူ၊ အသည်းရောဂါရှိနေသူနဲ့ နှလုံးရောဂါရှိနေသူတွေလည်း မသင့်ပါ။ သွေးမဆုံးမီအမျိုးသမီးတွေကို မပေးသင့်ပါ။

တက်စတိုစတီရုန်းဆေးမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ ရင်သားအရွယ်အစားသေးမယ်။ မ အစိကြီးလာမယ်။ မျက်နှာနဲ့ ကိုယ်မွှေးတွေ ပိုပေါက်လာမယ်။ ဆံပင်ကျွတ်မယ်။ ဝက်ခြံထွက်မယ်။

တက်စတိုစတီရုန်း ကပ်ခွါ၊ ဂျဲလ်၊ ခရင်မ်၊ စားဆေးတွေရှိတယ်။ စားဆေးကတော့ ကိုလက်စထောများစေနိုင်တယ်။
တက်စတိုစတီရုန်းဆေး ၆ လကျော်ပေးရင် ဘာတွေဆက်ဖြစ်မလည်းဆိုတာ လေ့လာမှုမစုံလင်သေးပါ။ တက်စတိုစတီရုန်းကနေ အီစထိုဂျင်ပြောရာကနေ အီစထိုဂျင်များတာနဲ့ဆက်စပ်နိုင်တဲ့ ရင်သားကင်ဆာ၊ နှလုံးရောဂါနဲ့ သွေးခဲရောဂါတွေဖြစ်မလား မဖြစ်ဘူးလား မပြောနိုင်ပါ။

ဒေါက်တာတင့်ဆွေ
၁၅-၁ဝ-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/10/testosterone-for-women.html


Healthy Life

253 Blog posts

Comments