Iron supplement and Liver diseases သံဓါတ်နဲ့ အသည်းရောဂါ

ကျွန်မက အိမ်ထောင်ကျတာ ၃ နှစ်ပြည့်တော့မှာပါ။ ၇ လလောက်နေတော့ ကိုယ်ဝန်ရှိလို့ ဆီးသွေးစစ်တော့ B ပိုးရှိတာ တွ

Iron supplement and Liver diseases သံဓါတ်နဲ့ အသည်းရောဂါ

ကျွန်မက အိမ်ထောင်ကျတာ ၃ နှစ်ပြည့်တော့မှာပါ။ ၇ လလောက်နေတော့ ကိုယ်ဝန်ရှိလို့ ဆီးသွေးစစ်တော့ B ပိုးရှိတာ တွေ့ရတယ်ရှင့်။ ဆေးစစ်ချက်ကဒီလိုပြပါတယ်။ ဆရာဝန်တယောက်ကတော့ မျိုးရိုးလိုက်တယ်လို့ ပြောတယ်ရှင့်။ ကျွန်မရဲ့အမကတော့ သွေးစစ်တာဘာမှမတွေ့ဘူးရှင့်။ ကျွန်မတို့က ညီအမနှစ်ယောက်ပဲရှိပါတယ်ရှင့်။ ကျွန်မ သိချင်တာက မျိုးရိုးလိုက်တယ်ဆိုတာ ဟုတ်ပါသလား။ ကျွန်မအခုထိတော့ ဘာဆေးမှမသုံးစွဲပါဘူးရှင့်။

အသည်းရောင် (ဘီ) ကမျိုးရိုးမလိုက်ပါ။ အတူနေသူတွေ အမျိုးမတော်လည်း ကူးစက်နိုင်ပါတယ်။
ဆရာရေးထားတဲ့စာတွေ အများကြီးရှိတယ်။ အတူနေသူတိုင်း ကာကွယ်ဆေးထိုးရတယ်။ ကုသနည်းတွေလည်းပါတယ်။ အတူနေတယောက်မှာ ပိုးရှင်ရင် မကူးအောင် ဘယ်လိုနေရမလည်းပါတယ်။ ဘလော့ခ်မှာဖတ်နိုင်ပါတယ်။

ဆရာမင်္ဂလာပါရှင့်။ စာဖတ်ပြီးပါပြီ။ သိချင်တာသိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ အစားသောက်တွေက သံဓါတ်ရှောင်ခိုင်းတယ်ဆရာ။

ဟုတ်တယ် အသည်းမကောင်းသူတွေ သံဓါတ်များတာ မကောင်းပါ။

နာတာရှည် အသည်းရောဂါ Chronic liver disease ဟာ သေဆုံးစေတဲ့ရောဂါတွေထဲမှာ နံပါတ် ၁ဝ ချိတ်တယ်။ Hepatitis C virus infection စီပိုးကနေ ၇၅-၈ဝ% နာတာရှည်-အသည်းရောဂါ ဖြစ်စေတယ်။ အသည်းအစားထိုးရကလဲ သူ့ကြောင့်များတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်ရေးဟာ အလွန့်အလွန် အရေးပါတယ်။ အရက်ရှောင်တာကနေ စရမယ်။ စီပိုး ရှိနေသူမှာ Hepatitis A အေ ရော Hepatitis B ဘီပါ ထပ်ဝင်လာတတ်လို့ ကာကွယ်ဆေးတွေ ထိုးရပါမယ်။ Weight reduction ကိုယ်အလေးချိန် ချပါ။ Exercise ကိုယ်လက်-လေ့ကျင့်ခန်း လုပ်ပါ။ မတည့်တဲ့ဆေးတွေရှောင်ပါ။

Potentially hepatotoxic medications အသည်းကို ဒုက္ခပေးနိုင်တဲ့ ဆေးတွေကတော့ -
• Nonsteroidal anti-inflammatory drugs (NSAID) အများသုံး (စတီရွိုက်) မပါတဲ့ အနာသက်သာဆေးတွေ။ Paracetamol ပါရာစီတမောလို့ လူသိများပြီး အမေရိကားမှာ Acetaminophen (အစီတာမိုင်နိုင်ဖင်) ခေါ်တာကို တနေ့မှာ 2 g per day ထက်မပိုရင်တော့ ကိစ္စမရှိပါ။
• Antidepressants စိတ်မကျဆေးတွေ၊
• Muscle relaxants ကြွက်သားပျော့ဆေးတွေ၊
• Bupropion (Wellbutrin), Chlorpromazine (Thorazine), Tricyclic antidepressants စိတ်ရောဂါဆေးတွေ၊
• Phenytoin (Dilantin), Valproic acid (Depakene) အတက်ကျဆေးတွေ၊
• Statins, Nicotinic acid (Niacin; Nicolar) အဆီလျှော့ဆေးတွေ၊
• Estrogens (အီစထိုဂျင်) ဆေး၊ Anabolic steroids ကိုယ်ခန္ဓာ သန်စွမ်းစေဘို့သုံးတဲ့ စတီရွိုက်ဆေးတွေ၊
• Acarbose (Precose), Pioglitazone (Actos), Sulfonylureas ဆီးချိုဆေးတွေ၊
• Antibiotics ပဋိဇီဝဆေးစာရင်းထဲမှာ Amoxicillin–clavulanate potassium (Augmentin), Erythromycin, Isoniazid (INH), Nitrofurantoin (Furadantin), Tetracycline ဆေးတွေပါတယ်။
• Antifungal agents မှိုဆေးတွေထဲမှာ Fluconazole (Diflucan), Itraconazole (Sporanox), Ketoconazole (Nizoral) တွေပါတယ်။
• တခြားဆေးတွေကတော့ Etretinate (Tegison), Tamoxifen (Nolvadex), Testosterone, Halothane (Fluothane), Methotrexate (Rheumatrex), Selected Potentially Hepatotoxic Supplements, Amanita species, Asafetida, “Bush” herbal teas, Chaparral, Comfrey, Echinacea, Gentian, Germander, Jin bu huan, Kalms tablets, Mistletoe, Nicotinic acid, Pennyroyal oil, Valerian, Senna fruit extracts တွေ ဖြစ်ကြတယ်။ Herbal remedies အသီး-အရွက် စတာတွေကနေထုတ်တဲ့ (ဟာဗယ်) ခေါ်တာတွေလဲ စိတ်မချရတာတွေ ရှိတယ်။ Milk thistle ဆိုတာတော့ သုံးနိုင်တယ်။

ထူးခြားတာကတော့ အသည်းနာတာရှည်ဖြစ်နေသူတွေနဲ့ မတည့်တာတွေထဲမှာ Iron သံဓါတ်၊ Vitamin A ဗီတာမင် အေ၊ တခြားဗီတာမင်တွေ ပါနေတာဖြစ်တယ်။ သံဓါတ်တွေ ပိုများလာစေတာမို့ ဆင်ခြင်ရတာဖြစ်တယ်။ နဂိုကတည်းက ၃ဝ% မှာ သွေးထဲမယ် သံဓါတ်တွေ များနေပြီဖြစ်တယ်။ HBV carriers ဘီပိုး သယ်ပေးနေသူမှာ Down's syndrome ဦးနှောက်-ရောဂါပါ ရှိနေရင် Hemoglobin (ဟီမိုဂလိုဘင်) များမယ်၊ Hematocrit (ဟီမတိုခရစ်) လဲများနေတယ်၊ Serum iron levels သွေးထဲ သံဓါတ်ပါ များနေတယ်။

• Iron overload သံဓါတ်တွေ များနေရင် Hepatitis C စီပိုးကိုဆေးကုရာမှာ Ribavirin နဲ့ Interferon (IFN) ဆေးတွေကို ခံနိုင်ရည်ဖြစ်စေနိုင်တယ်။
• Hepatitis B infection ဘီပိုးရှိနေသူမှာ သွေးထဲက သံဓါတ်ဟာ 300 ng/mL ထက်များနေရင် ၉၃% မယ် IFN ဆေးမတိုးတာကို တွေ့ရှိရတယ်။
• Hepatitis C virus ကြောင့် အသည်းထိခိုက်တာဖြစ်လာရင် Iron storage သံဓါတ်တွေ များနေတယ်။ အကောင်တွေမှာ စမ်းတဲ့အခါ သံဓါတ်ဆေးပေးရင် ရောဂါပိုဆိုးစေတာ တွေ့ရပေမဲ့ လူတွေမှာ အဲလိုဖြစ်တယ်လို့ အတိအကျ မပြောနိုင်ဘူး။
• Hemodialysis သွေးလဲပေးရတဲ့လူနာတွေကို သံဓါတ်ပေးတာ မထူးခြားဘူး။ Active hepatitis အသည်းရောင်ရောဂါ ထနေချိန်ဆိုရင်တော့ မကောင်းဘူး။ သံဓါတ်ကို သွေးကြောထဲ ထိုးပေးရင် အသည်းကို မကောင်းဖြစ်လာစေဘို့ အခွင့်အလမ်း နဲနဲလေးပိုရှိတယ်။ ဘာဘဲဖြစ်ဖြစ် ဆေးကုနေသူတွေကို သွေးထဲက သံဓါတ်အခြေအနေကို စစ်နေသင့်တယ်။
• Carriers of the hepatitis B virus ဘီပိုးသယ်ဆောင်ပေးနေသူတွေမှာ တခြားသူတွေထက် သံဓါတ်ကဲနေတာ တွေ့ရတယ်။ လူတိုင်းလဲ မဟုတ်ပြန်ဘူး။ ကင်ဆာ-အကျိတ် ကြီးစေဘို့ သံဓါတ် လိုတယ်လို့ ယူဆတယ်။
• နာတာရှည် အသည်းဝေဒနာသယ်တွေမှာ အသည်းထဲမှာရော သွေးထဲမှာပါ သံဓါတ် ကဲနေတယ်။ ဒါပေမဲ့ Hepatitis B virus (HBV) infection ဘီပိုးသယ်ပေးနေသူတွေ ဖြစ်တာတော့ ရှားပါးတယ်။
• Hepatitis B and C အသည်းရောင် ဘီပိုး နဲ့ စီပိုး ရှိသူတွေမှာ သွေးအားနည်းရောဂါ ရလာတတ်တယ်။ ဒါမျိုးကို Autoimmune hemolytic anemia လို့ခေါ်တယ်။ Aplastic anemia/pancytopenia ဆိုတာကတော့ ဖြစ်ခဲတယ်။

စားတဲ့ အစားအသောက်ထဲမှာပါတဲ့ သံဓါတ်ကြောင့် ရောဂါဆိုးတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့သေးပါ။ မေးတဲ့သူကို သံဓါတ်ဆေးတိုက်ဘို့ မသင့်ပါ။ စိတ်ချရအောင် အစားအစာကိုသာ ဂရုစိုက်စားရင် ကလေးအတွက် နည်းမှာလဲ မပူရပါ။ အမှန်က ကလေးအတွက်ကို သိပ်မပူရပါ။ ကလေးကိုလိုတာတွေ ပေးရလို့ မိခင်မှာ နည်းသွားတတ်တာသာ ရှိပါတယ်။ ကိုယ်တိုင် နေကောင်းအောင်လုပ်ပါမှ ကလေးအတွက်ပါ ကောင်းစေတယ်လို့ သဘောထားသင့်ပါတယ်။

Dr. တင့်ဆွေ
၆-၁ဝ-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/10/iron-supplement-and-liver-diseases.html


Healthy Life

253 Blog posts

Comments