ASCUS Pap abnormality သားအိမ်ဝစစ်ချက် ပုံမှန်မထွက်

ဆရာရှင့် သားအိမ်ခေါင်းစစ်တာ မသင်္ကာစရာတွေ့တယ်လို့ပြောပါတယ်။ ဘာကိုလည်းဆိုတာတော့ မပြောပါဘူးရှင့်။ HPV ပိ

ASCUS Pap abnormality သားအိမ်ဝစစ်ချက် ပုံမှန်မထွက်

ဆရာရှင့် သားအိမ်ခေါင်းစစ်တာ မသင်္ကာစရာတွေ့တယ်လို့ပြောပါတယ်။ ဘာကိုလည်းဆိုတာတော့ မပြောပါဘူးရှင့်။ HPV ပိုးထပ်စစ်ဖို့ချိန်းထားပါတယ်။ positive ဆိုရင်လုံးဝမကောင်းဘူးလို့ပြောပါတယ်။ positive ဖြစ်ခဲ့ရင် ဘယ်လိုကုသမှုမျိုး ပြု လုပ်ရမလဲရှင်းပြပေးစေချင်ပါတယ်။

Pap smear/Pap test ဆိုတာ သားအိမ်ဝကိုစစ်ဆေးတာ။ HPV ဆိုတာ သားအိမ်ဝကင်ဆာကိုဖြစ်စေနိုင်တဲ့ ကြွက်နို့ပိုး ဖြစ်တယ်။ စစ်တဲ့အခါမှာ အဖြေ အမျိုးမျိုးထွက်လာနိုင်တယ်။ HPV vaccine ဆိုတာ သားအိမ်ဝကင်ဆာ ကာကွယ်ဆေး ဖြစ်တယ်။ အသက် ၉ နှစ်ကနေ ၂၆ နှစ်ကြား အမျိုးသမီးတွေကို ထိုးပေးရတယ်။

သားအိမ်ဝစစ်ဆေးတာ Pap normal ပုံမှန်သာရှိပြီး၊ HPV positive for high-risk လို့လည်းအဖြေထွက်တတ်တယ်။ လူက ဘာမှမဖြစ်ပဲ HPV ပိုးကူးစက်ခံထားရသူတွေမှာ အဲလိုဖြစ်နိုင်တယ်။ သားအိမ်ဝကအကောင်းသာရှိနေမယ်။ အဲလိုဖြစ်နေသူမှာ HPV ပိုးအမျိုးအစားက အန္တရာယ်ရှိတာမျိုးဖြစ်နိုင်တယ်။ အဲလိုဖြစ်နေတဲ့ဆဲလ်တွေ တွေ့တာကို ဆိုလိုတယ်။ အဲလိုတွေ့သူကို နောက်ထပ်စစ်ရမယ်။ ဥပမာ နောက် ၃ လ။ ကိုယ်ခံအားကနေ အဲလိုဖြစ်တာကို တိုက်ထုတ်လိုက်ရင်လည်း ကောင်းလာနိုင်တယ်။

အဖြေစာမှာ ASCUS ဆိုတာ Atypical Squamous Cells of Unknown Significance ဖြစ်တယ်။ HPV-negative အနုတ်ပြတယ်ဆိုရင် ကင်ဆာဖြစ်လာနိုင်ခြေ ဖြစ်မလာနိုင်ပါ။ နောက်ထပ်စစ်လည်း မူမှန်သာဖြစ်မယ်။ အသက် ၂၅ နှစ်အောက်အမျိုးသမီးတွေ ဆေးကုသစရာမလိုပဲပျောက်တယ်။

HPV-positive အပေါင်းပြနေရင် ASCUS ကအရေးကြီးတယ်။ Colposcopy ကရိယာနဲ့စစ်ကြည့်နိုင်တယ်။

Low-Grade Squamous Intraepithelial Lesion (LGSIL) အဆင့်နိမ့်တာတွေတယ်ဆိုရင် သားအိမ်ဝရဲ့ အပြင်လွှာမှာ ကေင်ဆာမဖြစ်ခင် စောစောပိုင်းအဆင့်ဖြစ်တယ်။ သတိထားရမယ်။ အဆင့်တော့မမြင့်ပါ။ အလိုလိုပျောက်သွားနိုင်တယ်။ ၁ဝ% ကင်ဆာဖြစ်နိုင်တယ်။ Colposcopy ကရိယာနဲ့စစ်မယ်။ လိုအပ်ရင်ကုပေးတယ်။ အသက် ၂၁ နှစ်အောက် အမျိုးသမီးတွေမှာ အဲလို LGSIL တွေပေမယ့် ကင်ဆာကိုမပြောင်းပါ။ တနှစ်နေရင်တော့ Pap ထပ်စစ်သင့်တယ်။

High-Grade Squamous Intraepithelial Lesion (HGSIL) အဆင့်မြင်တာတွေ့ရင် ၂ဝ% ကင်ဆာဖြစ်နေနိုင်တယ်။ ကုသလို့ရပါတယ်။ Colposcopy ကရိယာနဲ့စစ်မယ်။ လိုရင် မကောင်းတာတွေကိုဖျက်ဆီးပေးမယ်။ Pap test ခေါ်စစ်မယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/12/ascus-pap-abnormality.html


Healthy Life

253 blog posts

Reacties