Ovarian dermoid cyst ဒါးမွိုက်ဆစ်

အမျိုးသမီးတိုင်းမှာ မျိုးဥအိမ်တစုံစီပါတယ်။ အဲတာကနေ အလုံးအကျိတ်ဖြစ်တာကို Ovarian cysts လို့ခေါ်တယ်။ သေးသေးလေးက

Ovarian dermoid cyst ဒါးမွိုက်ဆစ်

အမျိုးသမီးတိုင်းမှာ မျိုးဥအိမ်တစုံစီပါတယ်။ အဲတာကနေ အလုံးအကျိတ်ဖြစ်တာကို Ovarian cysts လို့ခေါ်တယ်။ သေးသေးလေးကနေ ကိုယ်ဝန်မွေးကာနီးအရွယ်အထိကြီးနိုင်တယ်။ အရွယ်ကောင်းတွေမှာ ဖြစ်တာများတယ်။ သွေးဆုံးပြီးသူတွေ ၁၅% သာဖြစ်နိုင်တယ်။

မျိုးဥအိမ်အိတ်တွေက အမျိုးမျိုးအစားစားရှိတယ်။ အိတ်ထဲမှာရှိနေတာက အမျိုးမျိုး။ အများအားဖြင့် ခပ်ဝါဝါအရည်။ ချွေးထွက်အိတ်ထဲက အရည်မျိုးပါရင် ခပ်ပျစ်ပျစ်ဖြစ်မယ်။၊ အဆီတွေပါနိုင်တယ်။ တချို့ကြ ထူးဆန်းတာတွေ ပါနေတတ်တယ်။ ဆံပင်လို အမွှေး၊ အရိုးလို၊ သွားလို၊ အရိုးနုလိုစတာတွေပါနေမယ်။ Dermoid cyst ဒါးမွိုက်-ဆစ် ခေါ်တယ်။ အမှန်က လူ့ကိုယ်ခန္ဓာမှာရှိနေတဲ့ တစ်ရှူးအမျိုးအစားအားလုံးက ပါနေနိုင်တယ်။ မျိုးဥအိတ်သာ မဟုတ်ပါ အရေပြားမှာလည်း ဒါမျိုးဖြစ်တတ်တယ်။ မျက်နှာ၊ လည်ပင်းနဲ့ နောက်ကျော။

မျိုးဥအိမ်အရည်အိတ်အမျိုးမျိုး
- Graafian or follicular cysts အမျိုးမစားကသေးတယ်။ အလိုလိုပျောက်သွားနိုင်တယ်။ ဗိုက်စူးပြီးနာတတ်တယ်။ ၂၅% သောအမျိုးသမီးတွေမှာဖြစ်တယ်။ တဖက်တည်းမှာဖြစ်တာများတယ်။

- Corpus luteum cysts ဆိုတာ လစဉ်မျိုးဥထွက်အပြီးမှာဖြစ်တယ်။ LH ကြောင့်ဖြစ်ရတယ်။ အမှန်က ပုံမှန်ဖြစ်ရမယ့် (ဖေါ်လီကယ်) ဖြစ်တာပါ။ ဒီဟာကနေ (ပရိုဂျက်စတီရုန်း) ဟော်မုန်းထုတ်ပေးတယ်။ ကိုယ်ဝန်ဖြစ်မလာရင် ပျက်စီးသွားမယ်။ အဲတာမျိုးဖြစ်မလာရင် အလုံးလည်းမဖြစ် ဟော်မုန်းလည်းမထုတ်ပါ။ ဆက်ကြီးလာခဲ့ရင် ဗိုက်နာမယ်။ ပေါက်ထွက်ရင် စူးရှပြီးနာမယ်။ ဒီဟော်မုန်းက မျိုးဥထွက်ဘို့လုပ်ပေးတယ်။ (ကောပတ်းစ်လူတီယမ်) ဖြစ်ဘို့လုပ်ပေးတယ်။ အကျိတ်ဖြစ်ရင်တော့ ဆက်ကြီးပြီး အဲတာမျိုးမလုပ်နိုင်ပါ။

- Hemorrhagic cysts သွေးပြည့်နေတဲ့မျိုးဥအိမ်အကျိတ်
ပေါက်ထွက်ရင် ဗိုက်အောက်ပိုင်းကနာမယ်။ အကျိတ်ထဲမှာ သွေး အရည်ရောအခံပါရှိနိုင်တယ်။

- Chocolate cysts ချောကလက်ဆစ်စ်ဆိုတာကို Endometrial cysts လို့လည်းခေါ်တယ်။ Endometriosis သားအိမ်ရောဂါ ရှိနေတဲ့အမျိုးသမီးတွေမှာဖြစ်တယ်။ သားအိမ် (တစ်ရှူး) တွေက သားအိမ်မဟုတ်တဲ့နေရာတွေမှာ ရောက်နေတဲ့ရောဂါ ဖြစ်တယ်။ ရာသီဖြစ်စဉ်မှာ ပထမလဝက်မှာ တက်လာတဲ့ (အီစထိုဂျင်) ကနေသက်ရောက်တယ်။ သွေးတွေက ကြာတော့ အရောင်ပြောင်းရာကနေ ချောကလက်ရောင်ဖြစ်လာတယ်။ ဗီတာမင် (ဒီ) နည်းသူတွေမှာ ဖြစ်တယ်။ (ပရိုဂျက်စတီရုန်း) နည်းနေမယ်။

- Cystadenoma အကျိတ်ကတမျိုးဖြစ်တယ်။ မျိုးဥအိမ်အပြင်လွှာကနေဖြစ်တယ်။ ၃ဝ စင်တီမီတာအထိကြီးနိုင်တယ်။

- Multiple cysts အကျိတ်တွေအများကြီးလည်းရှိနိုင်တယ်။ Polycystic ovaries လို့ခေါ်တယ်။ Polycystic Ovary Syndrome (PCOS) ရောဂါနဲ့ မတူပါ။

- Polycystic Ovary Syndrome (PCOS) ဆိုတာ မျိုးဥအိမ်မှာအလုံးအကျိတ်လေးတွေ အများကြီးရှိနေတာဖြစ်တယ်။ ရာသီမမှန်တာနဲ့ ကျား-ဟော်မုန်းများနေတာ ၂ ခု ဖြစ်တယ်။ ကျား-ဟော်မုန်းများနေသူမှာ ဝက်ခြံပေါက်မယ်၊ အမွှေးပေါက် များမယ်၊ လူဝမယ်၊ အဆီပြန်မယ်၊ ကလေးမရဖြစ်မယ်။ မြန်မာအမျိုးသမီးတွေ အဖြစ်မနည်းပါ။ မကြာမကြာမေးကြတယ်။

- Ovarian cancer မျိုးဥအိမ်ကင်ဆာဆိုတာ အသက်ကြီးမှသာဖြစ်တယ်။ ပျမ်းမျှ ၆၃ နှစ်အရွယ်။ လူကဝရင်ပိုဖြစ်တယ်။ ကလေးမမွေးဘူးသူတွေမှာ ပိုဖြစ်တယ်။

နောက်ဆုံးလူနာမှာဖြစ်တဲ့ Dermoid cysts ဒါးမွိုက်ဆစ်စ်ဆိုတာ မွေးကတည်းကပါလာတာဖြစ်တယ်။ သန္ဓေသားဖြစ်စဉ်မှာ အရေပြားက တခြားနေရာထဲမှာ ပိတ်မိနေခဲ့လို့ ဖြစ်ရတယ်။ တဖြေးဖြေးကြီးကြီးလာတယ်။ ၁၅ စင်တီမီတာလောက်အထိ ကြီးနိုင်တယ်။ ရောင်ရင်တော့နာမယ်။ အထဲမှာ အသေအချာစစ်ကြည့်ရင် ဆံပင်၊ အမွှေး၊ အရည်၊ သွား၊ အရိုး၊ အရေပြား၊ အာရုံကြော၊ ချွေးထွက်အိတ်စတာတွေ ပါနေနိုင်တယ်။ ဖြေးဖြေးချင်းကြီးလာတယ်။ အပင်းလို့ ခေါ်ကြတယ်။ ပုံတွေ မတင်တော့ပါ။ လေးနေရာမှာ ဖြစ်တယ်။

(က) Dermoid cysts in the brain ဦးနှောက်မှာဖြစ်တယ်။ အဖြစ်တော့ မများပါ။
(ခ) Dermoid cysts in the nasal sinuses နှာခေါင်း-ဆိုင်းနပ်စ်မှာဖြစ်မယ်။ ခွဲထုတ်ရတာ ခက်တယ်။ ရှားတယ်။
(ဂ) Dermoid cysts of the spinal cord ခါးရိုးဆစ်ထဲက အာရုံကြောမှာဖြစ်တာ။ ပိုးဝင်တတ်တယ်။
(ဃ) Ovarian dermoid cysts မျိုးဥအိမ်မှာ ဖြစ်တယ်။ မျိုးပွါးနိုင်တဲ့အရွယ်တွေမှာဖြစ်တယ်။ အညှာနေရာလိမ်လို့နာနိုင်တယ်။ ပိုးဝင်လို့ရောင်နိုင်တယ်။ ပေါက်ထွက်နိုင်တယ်။ ခွဲထုတ်ရမယ်။ ချက်ချင်းခွဲရတတ်တယ်။ ဒီရောဂါကို ခွဲထုတ်လို့ အထဲကဟာတွေကြည့်ပြီး အပင်းလို့ ဗမာတွေကပြောကြတယ်။ ရှားရှားပါးပါး ကင်ဆာဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

Credit Source: https://doctortintswe.blogspot.com/2019/07/ovarian-dermoid-cyst.html


Healthy Life

253 בלוג פוסטים

הערות