ပါရမီျပည့္ေအာင္ ေစာင့္ပါ

ေဒါက္တာအရွင္သုနႏၵာလကၤာရ (ဆြီဒင္) လူတခ်ဳိ႕က ၀ိပႆနာတရားေတြ အားထုတ္တာ ၾကာလာရင္ ပါရမီဆိုတဲ့ စကားကို ပိုေ

Zawgyi Unicode

 


ပါရမီျပည့္ေအာင္ ေစာင့္ပါ
ေဒါက္တာအရွင္သုနႏၵာလကၤာရ(ဆြီဒင္)

လူတခ်ဳိ႕က ၀ိပႆနာတရားေတြ အားထုတ္တာ ၾကာလာရင္ ပါရမီဆိုတဲ့ စကားကို ပိုေျပာတတ္ၾကတယ္။ မိမိတို႔တစ္ေတြဟာ တရားေတြ ဒီေလာက္ အားထုတ္ ပါလ်က္နဲ႔ ဘာလို႔ တစ္မဂ္တစ္ဖုိလ္ကို မရႏိုင္ၾကေသး တာလဲဆိုၿပီးလည္း မခ်င့္မရဲ ျဖစ္လာတယ္။ ပါရမီရဲ႕ သဘာ၀က ႏုၿပီး စိမ္းလြန္းေနတဲ့ သစ္သီး တစ္လံုးကို အခ်ိန္မတန္ဘဲ မွည့္ခုိင္းလုိ႔မရသလုိပါပဲ၊ အခုေခတ္လို ဆုိးေဆးနဲ႔ ရခဲ့ရင္လည္း သဘာ၀မွည့္ သလုိ ခ်ဳိမွာ မဟုတ္ပါဘူး။ သဒၶါ, ၀ီရိယေတြ သတိ, သမာဓိေတြ ျပည့္စံုလာမွ ပညာကလည္း သူ႔ကိစၥ သူ လုပ္ပါလိမ့္မယ္။ ပယ္စရာရွိတာ ပယ္မယ္၊ ျဖတ္စရာရွိတာ ျဖတ္ေပး လိမ့္မယ္ေပါ့။

ေရွးေရွး ဆရာေတာ္ႀကီးေတြကေတာ့ ပါရမီဆုိတာ ကို (၅၀/၅၀) ရာခိုင္ႏႈန္းလို႔ သတ္မွတ္ၾကတယ္။ အတိတ္ကံက (၅၀)ရာခုိင္ႏႈန္းပဲ အားကိုးလို႔ရတာ၊ လက္ရွိဘ၀မွာ ႀကိဳးစားမႈ ၀ီရိယနဲ႔ ကာလ၊ ေဒသ အေျခအေနကို သိတတ္တဲ့ဉာဏ္ပညာတို႔ရဲ႕ အေရးပါမႈက (၅၀)ရာခိုင္ႏႈန္းလို႔ ဆံုးမေလ့ရွိၾကတယ္။ ေက်းဇူးေတာ္ရွင္ တိပိဋက ေယာဆရာေတာ္ႀကီးကေတာ့ ““ ၀ီရိယ-ဉာဏ္၊ မကူျပန္၊ ေရွးကံ မပြင့္လင္း””ဆုိၿပီး လကၤာေလး စပ္ဆုိေတာ္မူတယ္။ ဒါဟာ လူတိုင္းအတြက္ ျဖစ္ႏိုင္ေျခ သတ္မွတ္ခ်က္ပါပဲတဲ့။

႐ုပ္ပိုင္းဆုိင္ရာ အလုပ္မွန္သမွ် တစ္ေန႔တာ အတြက္ ဘယ္ေလာက္ၿပီးၿပီလို႔ တုိင္းတာလုိ႔ ရႏိုင္ေပမဲ့ စိတ္ပိုင္းဆိုင္ရာ က်င့္စဥ္မွာေတာ့ မရႏိုင္ပါဘူး။ မွန္းဆၿပီးေတာ့ သိႏိုင္တာပဲ ရွိတယ္။ ဒါကို အႏုမာန ဉာဏ္လို႔ ေခၚပါတယ္။ ၾကက္ဥေတြမ်ားစြာကို မိခင္ ၾကက္မႀကီးက အေကာင္ေပါက္ေအာင္ ကိုယ္ေငြ႕ေပး ၀ပ္ေပးရတယ္။ တစ္ရက္ၿပီးတစ္ရက္အေနနဲ႔ ရက္ေပါင္း မ်ားစြာ ၀ပ္ေနရေပမဲ့ ၾကက္ဥထဲက အကာေတြ နည္းနည္းခ်င္း ခန္းေျခာက္ေနၿပီလား၊ ဘယ္ေလာက္ အတိုင္းအတာအထိ ပါးလႊာေနၿပီလဲဆိုတာ မသိႏိုင္ေပမဲ့ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္က်ရင္ေတာ့ ဒီၾကက္ဥေတြဟာ အေကာင္ေပါက္လာမွာပဲဆိုတဲ့ မွန္းဆစိတ္နဲ႔ပဲ ၀ပ္ေပး ရပါတယ္။

၀ိပႆနာတရားေတြ အားထုတ္တဲ့ ေယာဂီေတြမွာ လည္း ဒီလုိပါပဲ။ ကိုယ့္ရင္ထဲမွာ အရင္ကလို ေလာဘ, တဏွာေတြ သိပ္အားမေကာင္းေတာ့ဘူး၊ မၾကမ္းတမ္း ေတာ့ဘူး၊ ေဒါသေတြကို ထိန္းခ်ဳပ္ႏိုင္လာတယ္၊ မာနေတြ, မနာလိုစိတ္, မစၦရိယစိတ္ေတြလည္း နည္းနည္း လာတယ္၊ ပါးပါးလာတယ္ဆုိရင္ ဒါလက္ေတြ႕ ေအာင္ျမင္မႈလုိ႔ သတ္မွတ္ႏိုင္ပါတယ္။

တခ်ဳိ႕က ၀ိပႆနာတရားကို (၃)လေလာက္ တစိုက္မတ္မတ္ လုပ္ၿပီး ဥေပကၡာဉာဏ္ေလာက္ ေရာက္ၿပီဆုိတာနဲ႔ အပါယ္တံခါးပိတ္ဖုိ႔ ဆႏၵျပင္းျပ ေနၾကၿပီ၊ အေၾကာင္းေတြ ျပည့္စံုမွ, ဣေျႏၵေတြ ညီၫြတ္ မွ်တပါမွ တရားထူးဆိုတာ ရႏိုင္တာမ်ဳိးပါ။

တရားထူးရတာနဲ႔ ပတ္သက္ၿပီး အားလံုးၾကားဖူး ၾကတဲ့ သီဟိုဠ္ဇာတ္လမ္းေလး ရွိပါတယ္။ ပိဋကသံုးပံု ေဆာင္ ဆရာေတာ္ႀကီးတစ္ပါးက ၀ိပႆနာတရား အားထုတ္တာမ်ား ဘာခက္တာမွတ္လို႔ ငါလို ဉာဏ္ ေကာင္းတဲ့သူ အားထုတ္ရင္ ရက္ပိုင္းအတြင္း ရႏိုင္ တယ္ဆိုတဲ့ အထင္နဲ႔ မာန္မာနနဲ႔ ေတာထြက္ၿပီး တရားအားထုတ္တာ ႏွစ္ေပါင္း(၃၀)ေက်ာ္မွ တရားထူး ရပါသတဲ့။ ဒီေန႔ ေယာဂီေတြက (၃)လေလာက္ အားထုတ္ၿပီး ရခ်င္ေနၾကတယ္၊ လုပ္တာက နည္းနည္း, ရခ်င္တာက မ်ားမ်ား ျဖစ္ေနပါတယ္။

တရားထူးရႏိုင္ဖုိ႔အတြက္ ယံုၾကည္ခ်က္ခိုင္မာဖုိ႔၊ က်န္းမာေရးေကာင္းဖုိ႔၊ စိတ္သေဘာထား ေျဖာင့္မတ္ဖုိ႔၊ တရားသေဘာအတိုင္း တစိုက္မတ္မတ္ အားထုတ္ဖုိ႔၊ ႐ုပ္နာမ္တရားတုိ႔ရဲ႕ အျဖစ္အပ်က္ကုိျမင္ဖုိ႔ စတဲ့အခ်က္ ေတြ ျပည့္စံုဖို႔ လုိအပ္သလို သမာဓိအားေကာင္းေနခ်ိန္ (ဥေပက္ၡာဉာဏ္ေနာက္ပိုင္း)မွာ ေမွ်ာ္လင့္ခ်က္ ေသးေသး မွ်င္မွ်င္ေလးကလည္း သမာဓိအတြက္ အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ အဲဒီအေနအထားမွာ သိပ္ဂ႐ုစိုက္သင့္ ပါတယ္။ တရားဆိုတာ မလိုခ်င္မွရ ဆုိတာမ်ဳိး အဲဒီ ဥေပကၡာဉာဏ္အရင့္ပိုင္းမွာ လုိခ်င္စိတ္ ေလာဘတဏွာ ေလး မၾကာခဏ ေပၚေပၚလာရင္ (ကပ္ပါေနရင္) မွတ္စိတ္နဲ႔ အာ႐ုံေတြ လြဲေခ်ာ္ကုန္ပါတယ္။ ေတ့လြဲေလး ေတြ လြဲၿပီး ကေမာက္ကမျဖစ္တတ္ပါတယ္။ အဲဒီအခ်ိန္ မွာ ဆက္မွတ္ေနရမွာက ကိုယ့္တာ၀န္၊ တရားက သူ႔အလုပ္ သူလုပ္သြားလိမ့္မယ္ဆုိတဲ့ ခံယူခ်က္နဲ႔ စိတ္ၿငိမ္ၿငိမ္ထားကာ ႀကိဳးစားမွသာ လမ္းေၾကာင္းမွန္ေပၚ ဆက္ေလွ်ာက္ႏိုင္မွာပါ။

ဓမၼပဒမွာ လာတဲ့ ရက္ကန္းသည္မေလး ၀တ္ၳဳမွာ ပါရမီအေၾကာင္းက သိပ္ထင္ရွားပါတယ္။ ဗုဒၶျမတ္စြာဟာ ေနာင္သံုးႏွစ္ျပည့္မွ ေသာတာပန္ျဖစ္ႏိုင္မယ့္ ဆယ္ေက်ာ္သက္ မိန္းကေလးတစ္ေယာက္ကို တရားထူး ရဖုိ႔အတြက္ မိတ္ဆက္အေနနဲ႔ မရဏာႏုႆတိ ပြားမ်ား တတ္ေအာင္ သင္ေပးေတာ္မူတယ္။ ဆယ္ေက်ာ္သက္ အမ်ဳိးသမီးေလးကလည္း အနာနဲ႔ေဆး တည့္သြားတယ္၊ သံုးႏွစ္လံုးလံုး ေသျခင္းတရားကို ဆင္ျခင္ပြားမ်ားတယ္၊ ေန႔ေရာညေရာ မနားတမ္းပါပဲ။
သံုးႏွစ္ျပည့္ေတာ့ ျမတ္စြာဘုရားက အဲဒီအမ်ဳိးသမီး ေလး ပါရမီျပည့္ေနၿပီဆိုတာ သိျမင္ေတာ္မူတာနဲ႔ ဒုတိယ အႀကိမ္အျဖစ္ ေဇတ၀န္ကေန အာဠာ၀ီျပည္ကို တကူးတက ခ်ီးေျမႇာက္ေတာ္မူတယ္။ ဘုရားရွင္တုိ႔ရဲ႕ ထူးျခားခ်က္က တရားနာပရိသတ္ေတြ ဘယ္ေလာက္ မ်ားပါေစ တရားထူးရမည့္ သူကိုပဲ ဦးတည္ကာ တရား စကားမိန္႔ၾကားေတာ္မူတယ္။ အားလံုးၾကားဖူးၾကတဲ့ အတုိင္း ခ်စ္သမီး ဘယ္ကလာသလဲ၊ မသိပါဘုရား၊ ဘယ္ကို သြားမလဲ၊ မသိပါဘုရား၊ တကယ္ မသိဘူး လား၊ သိပါတယ္ဘုရား၊ တကယ္ သိသလား၊ မသိပါ ဘုရားဆိုတဲ့ ေသျခင္းဆုိင္ရာ ေမးခြန္းေလးခုနဲ႔ စလိုက္တဲ့ ေဒသနာေတာ္အဆံုးမွာ ေသာတာပန္အရိယာ ျဖစ္သြား တယ္။

ဒီဇာတ္လမ္းေလးမွာ သံုးႏွစ္လံုးလံုး ပါရမီျပည့္ ေအာင္ ေစာင့္ရင္း ျမတ္စြာဘုရားက ေခ်ခၽြတ္ေတာ္မူ ပါတယ္။ စိတ္ရွည္ရွည္နဲ႔ အပင္ပန္းခံၿပီးမွ တရားေဟာ ပါတယ္။ ေနာက္တစ္ခါ ဘုရားျဖစ္ၿပီးခါစ ဥပက တကၠတြန္းႀကီးနဲ႔ ေတြ႕ဆံုခန္းမွာလည္း ထင္ရွားပါတယ္။ ဒီတကၠတြန္းႀကီးဟာ အခုခ်ိန္မွာေတာ့ ပါရမီမျပည့္ေသး ဘူး၊ ေစာင့္ရဦးမယ္၊ တရားမႏုိင္ေသးဘူး၊ အိမ္ေထာင္ ေတြ ဘာေတြ က်ဦးမယ္၊ ေနာင္တစ္ခ်ိန္မွာေတာ့ ကာမဂုဏ္အာ႐ုံေတြကို ၿငီးေငြ႕စိတ္ကုန္ၿပီး သာသနာ့ ေဘာင္ ေရာက္လာလိမ့္မယ္ ဆိုတာကို ႀကိဳတင္သိျမင္ ေတာ္မူတာေၾကာင့္ တက္ၠတြန္းႀကီး၊ ငါ့နာမည္ကို အနႏၲဇိန လို႔ ေခၚတယ္၊ မွတ္ထားပါ။ ေနာင္တစ္ခ်ိန္ အကူအညီ လုိရင္ ငါ့ဆီလာခဲ့ပါဆုိၿပီး မိတ္ဆက္အေနနဲ႔ လူခ်င္းဆံုႏိုင္ဖို႔ ဖန္တီးေတာ္မူပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ တရားဦးဓမ္ၼစၾကာကို မေဟာခင္ မိဂဒါ၀ုန္ေတာ ကို စ်ာန္နဲ႔မႂကြဘဲ ေျခလ်င္ႂကြေတာ္မူတာဟာ ဒီဥပက ႀကီးနဲ႔ ေတြ႕ဆံုဖို႔ ႂကြေတာ္မူတာလုိ႔ အ႒ကထာ ဆရာႀကီး က ဖြင့္ျပပါတယ္။
ျဖစ္ႏိုင္ေျခေနာက္တစ္ခုက သံသရာမွာ ကိုယ္က ဘယ္လုိဆုေတာင္းေတြ ရွိခဲ့လဲ မသိႏိုင္ပါဘူး။ ဘာဆု ညာဆုေတြ တစ္ခုခု ေတာင္းထားျပန္ရင္လည္း တရားက ဘယ္ေလာက္ အားထုတ္ထုတ္ မရႏိုင္ျပန္ဘူး။ တန္႔ေန ပါတယ္တဲ့။ သာဓကအေနနဲ႔ ေဇာတိက သူေဌးႀကီးရဲ႕ အတ္ၳဳပ္ၸတ္ၱိမွာ ပိုထင္ရွားပါတယ္။ ဘ၀တစ္ခုမွာ ညီအစ္ကိုႏွစ္ေယာက္ဟာ ပေစၥကဗုဒၶါတစ္ပါးကို ႀကံရည္လွဴၾကတယ္၊ အစ္ကိုလုပ္သူက နိဗၺာန္ကို ျမန္ျမန္ ေရာက္ရပါလို၏လို႔ ဆုေတာင္းတာ၊ ဒုတိယဘ၀မွာ နတ္ျပည္ ေရာက္တယ္၊ တတိယဘ၀မွာ ဘုရားရွင္နဲ႔ ေတြ႕ၿပီး တရားထူးရကာ ကၽြတ္တမ္း၀င္သြားတယ္။ ညီျဖစ္သူကေတာ့ လူနတ္စည္းစိမ္ကို စိတ္ႀကိဳက္ ခံစားၿပီးမွ နိဗၺာန္ေရာက္ရပါလို၏လုိ႔ ဆုေတာင္းတယ္။ ၀ိပႆီဘုရားရွင္နဲ႔ေတြ႕ခြင့္ရတာေတာင္ တရားထူး မရပါဘူး။ ေနာက္ပိုင္း သူ႔ဆုေတာင္းအတိုင္း စည္းစိမ္ေတြ ခံစားၿပီးမွ ဒီေဂါတမဘုရားရွင္လက္ထက္မွာ ေဇာတိက သူေဌးရယ္လုိ႔ျဖစ္လာၿပီး တရားထူးတရားျမတ္ေတြရကာ ကၽြတ္တမ္း၀င္ႏိုင္တာပါ။

အခ်ဳပ္ဆိုရရင္ ပါရမီဆိုတာကေတာ့ ကိုယ့္လက္ထဲ မွာပဲ (၅၀/၅၀)စီဆိုေတာ့ သတိ, သမာဓိေတြ ျပည့္စံုတဲ့ တစ္ေန႔ ၀ီရိယ, ပညာေတြ ထက္ျမက္တဲ့အခ်ိန္က်ရင္ ကိုယ့္ရည္မွန္းခ်က္ေတြ ျပည့္လာမွာ ေသခ်ာပါတယ္။ တစ္ခါတေလေတာ့လည္း မီးပြတ္တဲ့ ေယာက်္ားလုိ သစ္သားေခ်ာင္းႏွစ္ေခ်ာင္း(သို႔)ေက်ာက္ခဲႏွစ္လံုးကို အားသြန္ခြန္စိုက္ ပြတ္ပါတယ္၊ မီးစထြက္ခါနီးက်မွ ေမာပါတယ္၊ နားလုိက္ပါဦးမယ္ဆုိၿပီး လက္ေလွ်ာ့သြား သလိုမ်ဳိး ၀ိပႆနာတရားကို ဆက္အားမထုတ္ေတာ့ဘဲ ရပ္ထားတာမ်ဳိးလည္း အမ်ားစုက ရွိႏိုင္ပါတယ္။

ေနာက္ဥပမာတစ္ခုအေနနဲ႔ က်ဳိက္ထီး႐ိုးဘုရားကို တက္ဖုိ႔ ေျခလွမ္းေပါင္း(၁)သိန္းျပည့္မွ ေရာက္ႏိုင္မယ္ ဆုိရင္ တစ္သိန္းျပည့္ေအာင္ ေလွ်ာက္ရမွာပါပဲ။ လမ္း တစ္၀က္နဲ႔ ဆက္မသြားဘဲ ရပ္ေနရင္ေတာ့ ပန္းတိုင္ကို ေရာက္မွာမဟုတ္ေတာ့ဘူး။ ေသခ်ာတာကေတာ့ ကိုယ့္ ဘက္က ပံုမွန္ႀကိဳးစားေနဖုိ႔ပဲ လိုအပ္တယ္လို႔ အားေပး စကားဆုိကာ တုိက္တြန္းလုိက္ပါတယ္။

ေဒါက္တာအရွင္သုႏၵာလကၤာရ(ဆြီဒင္)

 


 

/// Unicode ///

ပါရမီပြည့်အောင် စောင့်ပါ
ဒေါက်တာအရှင်သုနန္ဒာလင်္ကာရ(ဆွီဒင်)

လူတချို့က ဝိပဿနာတရားတွေ အားထုတ်တာ ကြာလာရင် ပါရမီဆိုတဲ့ စကားကို ပိုပြောတတ်ကြတယ်။ မိမိတို့တစ်တွေဟာ တရားတွေ ဒီလောက် အားထုတ် ပါလျက်နဲ့ ဘာလို့ တစ်မဂ်တစ်ဖိုလ်ကို မရနိုင်ကြသေး တာလဲဆိုပြီးလည်း မချင့်မရဲ ဖြစ်လာတယ်။ ပါရမီရဲ့ သဘာဝက နုပြီး စိမ်းလွန်းနေတဲ့ သစ်သီး တစ်လုံးကို အချိန်မတန်ဘဲ မှည့်ခိုင်းလို့မရသလိုပါပဲ၊ အခုခေတ်လို ဆိုးဆေးနဲ့ ရခဲ့ရင်လည်း သဘာဝမှည့် သလို ချိုမှာ မဟုတ်ပါဘူး။ သဒ္ဓါ, ဝီရိယတွေ သတိ, သမာဓိတွေ ပြည့်စုံလာမှ ပညာကလည်း သူ့ကိစ္စ သူ လုပ်ပါလိမ့်မယ်။ ပယ်စရာရှိတာ ပယ်မယ်၊ ဖြတ်စရာရှိတာ ဖြတ်ပေး လိမ့်မယ်ပေါ့။

ရှေးရှေး ဆရာတော်ကြီးတွေကတော့ ပါရမီဆိုတာ ကို (၅၀/၅၀) ရာခိုင်နှုန်းလို့ သတ်မှတ်ကြတယ်။ အတိတ်ကံက (၅၀)ရာခိုင်နှုန်းပဲ အားကိုးလို့ရတာ၊ လက်ရှိဘဝမှာ ကြိုးစားမှု ဝီရိယနဲ့ ကာလ၊ ဒေသ အခြေအနေကို သိတတ်တဲ့ဉာဏ်ပညာတို့ရဲ့ အရေးပါမှုက (၅၀)ရာခိုင်နှုန်းလို့ ဆုံးမလေ့ရှိကြတယ်။ ကျေးဇူးတော်ရှင် တိပိဋက ယောဆရာတော်ကြီးကတော့ ““ ဝီရိယ-ဉာဏ်၊ မကူပြန်၊ ရှေးကံ မပွင့်လင်း””ဆိုပြီး လင်္ကာလေး စပ်ဆိုတော်မူတယ်။ ဒါဟာ လူတိုင်းအတွက် ဖြစ်နိုင်ခြေ သတ်မှတ်ချက်ပါပဲတဲ့။

ရုပ်ပိုင်းဆိုင်ရာ အလုပ်မှန်သမျှ တစ်နေ့တာ အတွက် ဘယ်လောက်ပြီးပြီလို့ တိုင်းတာလို့ ရနိုင်ပေမဲ့ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်မှာတော့ မရနိုင်ပါဘူး။ မှန်းဆပြီးတော့ သိနိုင်တာပဲ ရှိတယ်။ ဒါကို အနုမာန ဉာဏ်လို့ ခေါ်ပါတယ်။ ကြက်ဥတွေများစွာကို မိခင် ကြက်မကြီးက အကောင်ပေါက်အောင် ကိုယ်ငွေ့ပေး ဝပ်ပေးရတယ်။ တစ်ရက်ပြီးတစ်ရက်အနေနဲ့ ရက်ပေါင်း များစွာ ဝပ်နေရပေမဲ့ ကြက်ဥထဲက အကာတွေ နည်းနည်းချင်း ခန်းခြောက်နေပြီလား၊ ဘယ်လောက် အတိုင်းအတာအထိ ပါးလွှာနေပြီလဲဆိုတာ မသိနိုင်ပေမဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်တော့ ဒီကြက်ဥတွေဟာ အကောင်ပေါက်လာမှာပဲဆိုတဲ့ မှန်းဆစိတ်နဲ့ပဲ ဝပ်ပေး ရပါတယ်။

ဝိပဿနာတရားတွေ အားထုတ်တဲ့ ယောဂီတွေမှာ လည်း ဒီလိုပါပဲ။ ကိုယ့်ရင်ထဲမှာ အရင်ကလို လောဘ, တဏှာတွေ သိပ်အားမကောင်းတော့ဘူး၊ မကြမ်းတမ်း တော့ဘူး၊ ဒေါသတွေကို ထိန်းချုပ်နိုင်လာတယ်၊ မာနတွေ, မနာလိုစိတ်, မစ္ဆရိယစိတ်တွေလည်း နည်းနည်း လာတယ်၊ ပါးပါးလာတယ်ဆိုရင် ဒါလက်တွေ့ အောင်မြင်မှုလို့ သတ်မှတ်နိုင်ပါတယ်။

တချို့က ဝိပဿနာတရားကို (၃)လလောက် တစိုက်မတ်မတ် လုပ်ပြီး ဥပေက္ခာဉာဏ်လောက် ရောက်ပြီဆိုတာနဲ့ အပါယ်တံခါးပိတ်ဖို့ ဆန္ဒပြင်းပြ နေကြပြီ၊ အကြောင်းတွေ ပြည့်စုံမှ, ဣန္ဒြေတွေ ညီညွတ် မျှတပါမှ တရားထူးဆိုတာ ရနိုင်တာမျိုးပါ။

တရားထူးရတာနဲ့ ပတ်သက်ပြီး အားလုံးကြားဖူး ကြတဲ့ သီဟိုဠ်ဇာတ်လမ်းလေး ရှိပါတယ်။ ပိဋကသုံးပုံ ဆောင် ဆရာတော်ကြီးတစ်ပါးက ဝိပဿနာတရား အားထုတ်တာများ ဘာခက်တာမှတ်လို့ ငါလို ဉာဏ် ကောင်းတဲ့သူ အားထုတ်ရင် ရက်ပိုင်းအတွင်း ရနိုင် တယ်ဆိုတဲ့ အထင်နဲ့ မာန်မာနနဲ့ တောထွက်ပြီး တရားအားထုတ်တာ နှစ်ပေါင်း(၃၀)ကျော်မှ တရားထူး ရပါသတဲ့။ ဒီနေ့ ယောဂီတွေက (၃)လလောက် အားထုတ်ပြီး ရချင်နေကြတယ်၊ လုပ်တာက နည်းနည်း, ရချင်တာက များများ ဖြစ်နေပါတယ်။

တရားထူးရနိုင်ဖို့အတွက် ယုံကြည်ချက်ခိုင်မာဖို့၊ ကျန်းမာရေးကောင်းဖို့၊ စိတ်သဘောထား ဖြောင့်မတ်ဖို့၊ တရားသဘောအတိုင်း တစိုက်မတ်မတ် အားထုတ်ဖို့၊ ရုပ်နာမ်တရားတို့ရဲ့ အဖြစ်အပျက်ကိုမြင်ဖို့ စတဲ့အချက် တွေ ပြည့်စုံဖို့ လိုအပ်သလို သမာဓိအားကောင်းနေချိန် (ဥပေက်္ခာဉာဏ်နောက်ပိုင်း)မှာ မျှော်လင့်ချက် သေးသေး မျှင်မျှင်လေးကလည်း သမာဓိအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ အဲဒီအနေအထားမှာ သိပ်ဂရုစိုက်သင့် ပါတယ်။ တရားဆိုတာ မလိုချင်မှရ ဆိုတာမျိုး အဲဒီ ဥပေက္ခာဉာဏ်အရင့်ပိုင်းမှာ လိုချင်စိတ် လောဘတဏှာ လေး မကြာခဏ ပေါ်ပေါ်လာရင် (ကပ်ပါနေရင်) မှတ်စိတ်နဲ့ အာရုံတွေ လွဲချော်ကုန်ပါတယ်။ တေ့လွဲလေး တွေ လွဲပြီး ကမောက်ကမဖြစ်တတ်ပါတယ်။ အဲဒီအချိန် မှာ ဆက်မှတ်နေရမှာက ကိုယ့်တာဝန်၊ တရားက သူ့အလုပ် သူလုပ်သွားလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ စိတ်ငြိမ်ငြိမ်ထားကာ ကြိုးစားမှသာ လမ်းကြောင်းမှန်ပေါ် ဆက်လျှောက်နိုင်မှာပါ။

ဓမ္မပဒမှာ လာတဲ့ ရက်ကန်းသည်မလေး ဝတ်္ထုမှာ ပါရမီအကြောင်းက သိပ်ထင်ရှားပါတယ်။ ဗုဒ္ဓမြတ်စွာဟာ နောင်သုံးနှစ်ပြည့်မှ သောတာပန်ဖြစ်နိုင်မယ့် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကို တရားထူး ရဖို့အတွက် မိတ်ဆက်အနေနဲ့ မရဏာနုဿတိ ပွားများ တတ်အောင် သင်ပေးတော်မူတယ်။ ဆယ်ကျော်သက် အမျိုးသမီးလေးကလည်း အနာနဲ့ဆေး တည့်သွားတယ်၊ သုံးနှစ်လုံးလုံး သေခြင်းတရားကို ဆင်ခြင်ပွားများတယ်၊ နေ့ရောညရော မနားတမ်းပါပဲ။

သုံးနှစ်ပြည့်တော့ မြတ်စွာဘုရားက အဲဒီအမျိုးသမီး လေး ပါရမီပြည့်နေပြီဆိုတာ သိမြင်တော်မူတာနဲ့ ဒုတိယ အကြိမ်အဖြစ် ဇေတဝန်ကနေ အာဠာဝီပြည်ကို တကူးတက ချီးမြှောက်တော်မူတယ်။ ဘုရားရှင်တို့ရဲ့ ထူးခြားချက်က တရားနာပရိသတ်တွေ ဘယ်လောက် များပါစေ တရားထူးရမည့် သူကိုပဲ ဦးတည်ကာ တရား စကားမိန့်ကြားတော်မူတယ်။ အားလုံးကြားဖူးကြတဲ့ အတိုင်း ချစ်သမီး ဘယ်ကလာသလဲ၊ မသိပါဘုရား၊ ဘယ်ကို သွားမလဲ၊ မသိပါဘုရား၊ တကယ် မသိဘူး လား၊ သိပါတယ်ဘုရား၊ တကယ် သိသလား၊ မသိပါ ဘုရားဆိုတဲ့ သေခြင်းဆိုင်ရာ မေးခွန်းလေးခုနဲ့ စလိုက်တဲ့ ဒေသနာတော်အဆုံးမှာ သောတာပန်အရိယာ ဖြစ်သွား တယ်။

ဒီဇာတ်လမ်းလေးမှာ သုံးနှစ်လုံးလုံး ပါရမီပြည့် အောင် စောင့်ရင်း မြတ်စွာဘုရားက ချေချွတ်တော်မူ ပါတယ်။ စိတ်ရှည်ရှည်နဲ့ အပင်ပန်းခံပြီးမှ တရားဟော ပါတယ်။ နောက်တစ်ခါ ဘုရားဖြစ်ပြီးခါစ ဥပက တက္ကတွန်းကြီးနဲ့ တွေ့ဆုံခန်းမှာလည်း ထင်ရှားပါတယ်။ ဒီတက္ကတွန်းကြီးဟာ အခုချိန်မှာတော့ ပါရမီမပြည့်သေး ဘူး၊ စောင့်ရဦးမယ်၊ တရားမနိုင်သေးဘူး၊ အိမ်ထောင် တွေ ဘာတွေ ကျဦးမယ်၊ နောင်တစ်ချိန်မှာတော့ ကာမဂုဏ်အာရုံတွေကို ငြီးငွေ့စိတ်ကုန်ပြီး သာသနာ့ ဘောင် ရောက်လာလိမ့်မယ် ဆိုတာကို ကြိုတင်သိမြင် တော်မူတာကြောင့် တက်္ကတွန်းကြီး၊ ငါ့နာမည်ကို အနန္တဇိန လို့ ခေါ်တယ်၊ မှတ်ထားပါ။ နောင်တစ်ချိန် အကူအညီ လိုရင် ငါ့ဆီလာခဲ့ပါဆိုပြီး မိတ်ဆက်အနေနဲ့ လူချင်းဆုံနိုင်ဖို့ ဖန်တီးတော်မူပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရားဦးဓမ်္မစကြာကို မဟောခင် မိဂဒါဝုန်တော ကို ဈာန်နဲ့မကြွဘဲ ခြေလျင်ကြွတော်မူတာဟာ ဒီဥပက ကြီးနဲ့ တွေ့ဆုံဖို့ ကြွတော်မူတာလို့ အဋ္ဌကထာ ဆရာကြီး က ဖွင့်ပြပါတယ်။

ဖြစ်နိုင်ခြေနောက်တစ်ခုက သံသရာမှာ ကိုယ်က ဘယ်လိုဆုတောင်းတွေ ရှိခဲ့လဲ မသိနိုင်ပါဘူး။ ဘာဆု ညာဆုတွေ တစ်ခုခု တောင်းထားပြန်ရင်လည်း တရားက ဘယ်လောက် အားထုတ်ထုတ် မရနိုင်ပြန်ဘူး။ တန့်နေ ပါတယ်တဲ့။ သာဓကအနေနဲ့ ဇောတိက သူဌေးကြီးရဲ့ အတ်္ထုပ်္ပတ်္တိမှာ ပိုထင်ရှားပါတယ်။ ဘဝတစ်ခုမှာ ညီအစ်ကိုနှစ်ယောက်ဟာ ပစ္စေကဗုဒ္ဓါတစ်ပါးကို ကြံရည်လှူကြတယ်၊ အစ်ကိုလုပ်သူက နိဗ္ဗာန်ကို မြန်မြန် ရောက်ရပါလို၏လို့ ဆုတောင်းတာ၊ ဒုတိယဘဝမှာ နတ်ပြည် ရောက်တယ်၊ တတိယဘဝမှာ ဘုရားရှင်နဲ့ တွေ့ပြီး တရားထူးရကာ ကျွတ်တမ်းဝင်သွားတယ်။ ညီဖြစ်သူကတော့ လူနတ်စည်းစိမ်ကို စိတ်ကြိုက် ခံစားပြီးမှ နိဗ္ဗာန်ရောက်ရပါလို၏လို့ ဆုတောင်းတယ်။ ဝိပဿီဘုရားရှင်နဲ့တွေ့ခွင့်ရတာတောင် တရားထူး မရပါဘူး။ နောက်ပိုင်း သူ့ဆုတောင်းအတိုင်း စည်းစိမ်တွေ ခံစားပြီးမှ ဒီဂေါတမဘုရားရှင်လက်ထက်မှာ ဇောတိက သူဌေးရယ်လို့ဖြစ်လာပြီး တရားထူးတရားမြတ်တွေရကာ ကျွတ်တမ်းဝင်နိုင်တာပါ။

အချုပ်ဆိုရရင် ပါရမီဆိုတာကတော့ ကိုယ့်လက်ထဲ မှာပဲ (၅၀/၅၀)စီဆိုတော့ သတိ, သမာဓိတွေ ပြည့်စုံတဲ့ တစ်နေ့ ဝီရိယ, ပညာတွေ ထက်မြက်တဲ့အချိန်ကျရင် ကိုယ့်ရည်မှန်းချက်တွေ ပြည့်လာမှာ သေချာပါတယ်။ တစ်ခါတလေတော့လည်း မီးပွတ်တဲ့ ယောကျ်ားလို သစ်သားချောင်းနှစ်ချောင်း(သို့)ကျောက်ခဲနှစ်လုံးကို အားသွန်ခွန်စိုက် ပွတ်ပါတယ်၊ မီးစထွက်ခါနီးကျမှ မောပါတယ်၊ နားလိုက်ပါဦးမယ်ဆိုပြီး လက်လျှော့သွား သလိုမျိုး ဝိပဿနာတရားကို ဆက်အားမထုတ်တော့ဘဲ ရပ်ထားတာမျိုးလည်း အများစုက ရှိနိုင်ပါတယ်။

နောက်ဥပမာတစ်ခုအနေနဲ့ ကျိုက်ထီးရိုးဘုရားကို တက်ဖို့ ခြေလှမ်းပေါင်း(၁)သိန်းပြည့်မှ ရောက်နိုင်မယ် ဆိုရင် တစ်သိန်းပြည့်အောင် လျှောက်ရမှာပါပဲ။ လမ်း တစ်ဝက်နဲ့ ဆက်မသွားဘဲ ရပ်နေရင်တော့ ပန်းတိုင်ကို ရောက်မှာမဟုတ်တော့ဘူး။ သေချာတာကတော့ ကိုယ့် ဘက်က ပုံမှန်ကြိုးစားနေဖို့ပဲ လိုအပ်တယ်လို့ အားပေး စကားဆိုကာ တိုက်တွန်းလိုက်ပါတယ်။

ဒေါက်တာအရှင်သုန္ဒာလင်္ကာရ(ဆွီဒင်)

451 Views