ဆယ်နှစ်ကြာမှ အဖေနဲ့ ပြန်လည်တွေ့ဆုံခြင်း

Comments · 7936 Views

လူ့ဘဝတုန်းက ဦးဇင်းအမည်က " ဟွန်ဇစ်" Ashin Sarana ပေါ့။ ချက်ဇ်သမ္မတနိုင်ငံမှာနေပါတယ်။ Son who when out to look for Buddha path to enlightenment Then Reunited with his father After 10 Years

myanma social network

ဆယ်နှစ်ကြာမှ အဖေနဲ့ ပြန်လည်တွေ့ဆုံခြင်း

Son who when out to look for Buddha path to enlightenment Then Reunited with his father After 10 Years

လူ့ဘဝတုန်းက ဦးဇင်းအမည်က " ဟွန်ဇစ်" ပေါ့။ ချက်ဇ်သမ္မတနိုင်ငံမှာနေပါတယ်။ လွန်းခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ရဟန်းဝတ်ဖို့အဖေ့ဆီမှာ ခွင့်တောင်းခဲ့ပါတယ်။ အမေကတော့ ဦးဇင်းအသက်က ၅နှစ်မှာ ဆုံးသွားပါတယ်။ ဦးဇင်းက တက္ကသိုလ်ဘွဲ့ရအောင် ကြိုးစားပါမယ်လို့ ကတိပေးပြီး အဖေဆီက ရဟန်းဝတ်ဖို့ခွင်တောင်းပါတယ်။ စာရွက်တစ်ရွက်ပေါ်မှာ ဓမ္မလမ်းကို ရှာဖွေသူတစ်ယောက်အတွက် အချိန်အကန့်အသတ်မထားဘဲ ရဟန်းဝတ်ချင်တဲ့အချိန်ဝတ်ဖို့ ခွင့်ပေးပါ၏လို့ ဦးဇင်းက ရေးပြီး အဖေ့ကို လက်မှတ်ထိုးခိုင်းပါတယ်။ အဖေကလည်း လက်မှတ်ထိုးပေးပါတယ်။ အဲဒီမှာ ဦးဇင်းရဲ့ဆယ်နှစ်ကြာမပြန်တော့မယ့် ဓမ္မခရီး စတင်ခဲ့တယ်။ ခရီးမထွက်ခင် အဖေနဲ့ လည်းချစ်ချစ်ခင်ခင်ဖက်ပြီး နှုတ်ဆက်ခဲ့တယ်။

သီရိလင်္ကာရောက်တော့ အဖေနဲ့ ခဏခဏ စကားပြောလေ့မရှိပါ။ လူကြီးတစ်ယောက်အနေနဲ့ခေတ်သစ် နည်းပညာဖြစ်တဲ့ ကွန်ပြူတာတွေဟာ သိပ်တော့ အဆင်မပြေဘူးလေ။ သီရိလင်္ကာမှာ တစ်နှစ်ကြာပြီး တက္ကသိုလ် (ဗုဒ္ဓဘာသာတက္ကသိုလ်) တက်ဖို့ ဝင်ကြေးတော့ အဖေ့ဆီက လှမ်းတောင်းရပါတယ်။ အဖေကလည်း လူကြုံတွေနဲ့ မရောက်ရောက်အောင် ပို့ပေးပါတယ်။ အဲ့ဒီအချိန် ဦးဇင်းက ကိုရင်ဖြစ်နေပါပြီ။ ပိုက်ဆံမကိုင်တဲ့ ဝိနည်းလိုက်နာတာမို့ အဖေပို့တဲ့ တက္ကသိုလ်ဝင်ကြေးကို ကပ္ပိယတွေကတစ်ဆင့် တက္ကသိုလ်ကိုသွင်းလိုက်ပါတယ်။
နောက်ထပ်၆-လအကြာ ဦးဇင်းသုံးနေတဲ့ လက်တော့ပ်(ရဟန်းတစ်ပါး စွန်းခဲ့တဲ့ လက်တော့အဟောင်း) က ပျက်ပြီး စာလုပ်ရတာ အဆင်မပြေတော့ဘူး။ အဖေဆီလက်တော့ပ်လိုချင်ကြောင်းမက်ဆေ့ချ်ပို့လိုက်တယ်။
အဖေက ထွက်သွားချိန်ကစလို့ တစ်နှစ်အတွင်း တောင်းခဲ့ရင်ပေးပါတယ်တဲ့။ အခု တစ်နှစ်ကျော်ပြီး ပြည်ပမှာ နေတာကြောင့်မထောက်ပံ့တော့ဘူးတဲ့။
ဦးဇင်းအဖေ့ကို ထပ်ပြောကြည့်တယ်။ ပြည်ပနေရတဲ့ အကြောင်းအရင်းလေး။ အဖေရယ် ချက်ဇ်နိုင်ငံမှာ မိစ္ဆာဒိဋ္ဌိလူဆိုးတွေ များလို့ငါက ဒီမှာ ပိုအဆင်ပြေပါတယ်။ ဒီမှာ ငါယုံကြည်တဲ့အရာ သူတို့လည်း ယုံကြည်တယ်။ အမှန်ပြောတယ် အကောင်းလုပ်တယ်။
အဖေကပြန်ပြောတယ်။ ရတယ်လေ။ ငါ တစ်ခါတစ်ရံ မကြိုက်ပေမယ့် မင်းကြိုက်တဲ့ဟာ အားလုံး ခွင့်ပြုထားတယ်လေ။
အဲဒီမေ့ဆစ်ချ်ဟာ နောက်ဆုံး မက်ဆေ့ချ်ပါ။ နောက်ပိုင်း ဦးဇင်း ဘာပဲ ရေးရေး အဖေက ပြန်မဖြေတော့ပါဘူး။ အဲဒီက စလိုက်တာ ခုချိန်ထိဆိုပါတော့။ ရှစ်နှစ်ကြာပြီး ဦးဇင်းရဲ့ ညီမနှစ်ယောက်က ချက်ဇ်နိုင်ငံမှာ တရားစခန်းလုပ်ဖို့ ပင့်ကြတယ်။ ဦးဇင်းလည်း ချက်ဇ်ကိုရောက်တော့ အဖေ့အိမ်သွားပါတယ်။
အဖေ့အိမ်သွားတဲ့အခါ ဦးဇင်းရဲ့ ညီ၊ တူမလေးတို့ သားအမိနဲ့ အဖေ့အမျိုးသမီးလည်းပါပါတယ်။
အဖေတို့တိုက်ခန်းရှေ့ အဖေက တံခါးဖွင့်ဖွင့်ချင်း
ငါ့သား ဘယ်လိုခေါ်ရမလဲ။ "ပေါစရနေးယိ" (ပုဆိုးထဲ ချေးပါတယ်) လား ။ စရဏ ဟုတ်လား လို့ စ ပါတယ်။
(ဦးဇင်းရဲ့ နာမည် မြန်မာလို သရဏ ပါဠိလိုစရဏလို့ ထွက်ရပါတယ်။ ဦးဇင်းရဲ့ အဖေက ဗုဒ္ဓဘာသာနဲ့ မရင်းနှီးတာမို့ အသံထွက်လည်း မသိပါဘူး။ ဦးဇင်းရဲ့ဘွဲ့က ချက်ဇ်ဘာသာစကားမှာ ဆိုးရွာတဲ့စကားလုံး (မတော်တဆချေးပါလိုက်တာ)နဲ့ တူပါတယ်။ အဖေက ပြန်တွေ့တွေ့ခြင်း အဲဒီလို အဲ့လိုကြမ်းကြမ်းတမ်းတမ်း စနောက်လိုက်ပါတယ်။
စရဏပါ
အဖေက လက်ဆွဲနှုတ်ဆက်ဖို့ လက်ကို ကမ်းပေးလိုက်တယ်။
ရဟန်းတွေက လက်ဆွဲနှုတ်ဆက်ခြင်းကို မပြုရပါဘူအဖေ။
အဖွဲ့အစည်းသက်သက်ရှိရင် ကိုယ်ပိုင်စည်းကမ်းချက်တွေရှိမှာနားလည်ပါတယ်။ ဒါပေမယ့် လူတွေနဲ့ တွေ့တော့ လူလောကစည်းကမ်း လိုက်နာရတယ်လေ ဆိုပြီး အခန်းထဲ ဝင်ဖို့ ဖိတ်ပါတယ်။
ဦးဇင်းက မဝင်ခင် ခြေထောက်တွေ ဆေးချင်ပါတယ်လို့။ အဖေက မဆေးရဘူး ၊ ဝင် တဲ့။
ဦးဇင်းက အမြဲ ဖိနပ်မစီးလို့ မဝင်ခင် ခြေထောက်တွေ ဆေးရပါတယ်။ ရေတစ်ဖလားလောက်ရပါပြီလို့ပြောလိုက်ပါတယ်။
အဖေက နင်တို့စည်းကမ်းတွေဟာ လူ့စည်းကမ်းတွေမဟုတ်ဘူးလို့အပစ်တင်ပေမယ့် ဦးဇင်းတောင်းဆိုတာတွေ လုပ်ပေးပါတယ်။
တိုက်ခန်းထဲမှာ အားလုံးနေရာယူကြပြီး အဖေက သားကို Cheers လုပ်ချင်လို့ ဝိုင်အတု (နိုင်ငံခြားမှာ ကလေးတွေသောက်ဖို့ အရက်နည်း ဗီယာ၊ အရက်မပါတဲ့ ဝိုင် ရှိတယ်လေ) ထည့်လိုက်ဦးမယ်တဲ့။ အရက်မပါပေမယ့် ဦးဇင်းတွေဒါမသောက်သင့်ဘူးလို့ ပြန်ပြောပါတယ်။
ဒါလူ့လောကပါ။ မင်းလည်း လူပါ လို့ အဖေက ပြန်ပြောတယ်။
အဖေ ရဟန်းတွေ ဒါ မသောက်သင့်ဘူး။ ငါလည်း မသောက်ပါဘူး။
အဖေ့အမျိုးသမီးက မသောက်ချင်တာ အတင်းမတိုက်တွန်းပါနဲ့လို့ ဝင်ဖြန်ဖြေတယ်။
အဖေက ငါလည်း အတင်းတိုက်တွန်းတာမဟုတ်ပါဘူး။ လူတွေနေတဲ့နေရာ လူ့အလုပ်လုပ်ရတာပဲဟာ လို့ မကျေမနပ်နဲ့ ပြန်ပြောနေတယ်။
ဦးဇင်းညီရော တူမရော အားလုံးက မသောက်ချင်တာ မတိုက်တွန်းပါနဲ့ ။ သူ့စည်းကမ်းနဲ့ သူပဲဟာဆိုပြီး ဝိုင်းပြောကြပါတယ်။
အဖေ့အမျိုးသမီးကလည်း ဘာသောက်ချင်လဲမေးတော့
ရိုးရိုးရေဖြူဆိုရပြီ အဖေက မင်းမသောက်ချင်နေ။ ငါတို့တော့ သောက်မယ်လို့ ပြောပါတယ်။
ရဟန်းရှိရင် အရက်သောက်တာ မသင့်ပါဘူး။
အဖေက မင်းမသောက်ချင်တာ မင်းကိစ္စ။ ငါတို့သောက်တာလည်း လာမပြောနဲ့။ ဒါနဲ့ ဘာစားမလဲ။ ဂေါ်ဘီထုပ်ပူပူလေး ချက်ထားတယ်။ ငါ့အမျိုးသမီးလည်း တစ်ရက်လုံး အကောင်းဆုံး ချက်ဖို့ စီစဉ်ထားပါတယ်။
အချိန်က ညနေ ငါးနာရီလောက်....
အဖေ ရဟန်းတွေက မွန်းလွဲသွားရင် မစားရပါဘူး
ဘယ်လို ။ ဒါဆို မစားဘူးလား
ဟုတ်အဖေ။ ရဟန်းတွေဟာ ညစာမစားရပါဘူး။
သြော်.. မင်းတို့တွေက မိုးမလင်းသေးဘူး တစ်ခါ၊ မနက်တစ်ခါ၊ နေ့လည်တစ်ခါ သုံးခါတော့ စားကြတာပေါ့နော်။
မဟုတ်ပါဘူးအဖေ။ မနက်တစ်ခါပဲစားပါတယ်။ ညမှာ စားတာ မသင့်ပါဘူး။
ကောင်းတယ်။ မနက်စားပြီး ညစာမစားတာ။ ဒါနဲ့ တစ်နပ်ပဲစားရတာလား။

နေ့လည်ထိ ကြိုက်သလောက် စားနိုင်ပါတယ်။ တရားအားထုတ်ရတာ အဆင်ပြေအောင်လို့ တစ်နပ်ပဲ စားတာပါ။ ဒါပေမယ့် နေ့လည်နဲ့ ညနေတို့မှာ သစ်သီးဖျော်ရည်သောက်ပါတယ်။

အဲဒီအချိန်အဖေ့အမျိုးသမီးဟာ ဂက်စ်ပါတဲ့ ရေယူလာပါတယ်။ ဦးဇင်း သောက်လေ့မရှိပေမယ့် ဝိနည်းနဲ့ ညီလို့ အဲဒီတစ်ခေါက်မှာ သောက်ပါတယ်။

ငါ့သား။ ပြောပါဦး။ ရဟန်းဘဝမှာ ဘာအလုပ်တွေ လုပ်လဲ။ ဘာမှ မလုပ်ရတာနဲ့ အေးဆေးနေလိုက်တာပဲလား။
ဦးဇင်းညီနဲ့ တူမ က ဝင်ထောက်တယ်။ အဲလိုမပြောပါနဲ့။ တို့လိုလူတွေနဲ့ ဘယ်တူမလဲလေ။
ဟ. ငါက မေးတာလေ။
ညီ~ ဒါသူတို့ ဘာသာမှာ ဘဝတစ်ခုဖြစ်တယ်။ ဒီမှာ သာမန်လူ့ဘဝနဲ့ ဘယ်တူမလဲလေ။
တူမ~ ပြောပါဦး။ ကျောင်းမှာ နေရင် သာမန်တစ်ရက်မှာ ဘာလုပ်လေ့ရှိလဲ။
ဦးဇင်း~ မနက်၂ နာရီမှာ အိပ်ရာ ထပါတယ်။ အဲဒီနောက်မှ တစ်နာရီ တရားအားထုတ်တယ်။ တစ်နာရီ စာကျက်တယ်။ တစ်နာရီတရားအားထုတ်တယ်။ တစ်နာရီ စာကျက်တယ်။ ပြီးတော့ ခြောက်နာရီခွဲမှာ ဆွမ်းခံ ကြွပါတယ်။ ရွာထဲမှာ လူတွေက စားစရာ အများကြီး လှူကြတယ်။ ဆွမ်းလောင်းမယ့်သူတွေက လှူချင်လွန်းလို့ အိမ်အရှေ့မှာစောင့်နေကြတယ်။ ဦးဇင်းရထားတဲ့ ဆွမ်းမှ အပိုင်းကလေး စားပြီး ကျန်တဲ့ဟာ ဦးဇင်းတို့ ပရဟိတစာသင်ကျောင်းမှာ ကလေးတွေကို စွန့်လိုက်ပါတယ်။ ဒီလိုလူတွေအများကြီးမှာ အကျိုးကောင်းရကြပါတယ်။ အဲဒီနောက်မှာ ဦးဇင်းက တပည့်တွေကို တရားပြတယ်။ သူတို့အမေးတွေ ဖြေလိုက်ပါတယ်။ ပြီးတော့ တရားအားထုတ်တယ်၊ စာတွေ ကျက်တယ်။ စာကျက်တယ်ဆိုတာ တစ်ခါတစ်ရံ စာစီစာကုံးလည်း ပြုစုတယ် စာအုပ်တွေ ပရောဂျက်တွေ