Baby Care ကလေးဗိုက်နာရင်

ဆရာရှင့် သမီးလေးက ၁ဝ ကျော်ပါပြီရှင့်။ ၃ လနောက်ပိုင်းလောက်မှာ လေပါလို့ကလေးက ညနေဆိုအချိန်မှန် ငိုပါတယ်။ ဒါပေမယ့် နောက်ပိုင်း တဖြည်းဖြည်းသက်သာလာပါတယ်။ ဒါပေမယ့်ဆရာ အခုတစ်ခါတစ်ခါပြန်ဖြစ်နေပါတယ်။ ဖြစ်ရင် ညဘက်တွေဖြစ်တာ များပါတယ်။ အိပ်ခါနီးဂျီသလိုလို လေအောင့်သလိုလို ငိုပါတယ်။ ညနေ စာထမင်းစားပြီးတိုင်း နာနာကစ် တိုက်ရတယ်။ သမီး အဲလေဆေးတွေကိုအမြဲမတိုက်ချင်ဘူး။ ကလေးအတွက် အန္တရာယ်ဖြစ်စေနိုင်လားဆရာ။

Baby Care ကလေးဗိုက်နာရင်

 
 
Q: 3:57am Sep 15
ဆရာရှင့် သမီးလေးက ၁ဝ ကျော်ပါပြီရှင့်။ ၃ လနောက်ပိုင်းလောက်မှာ လေပါလို့ကလေးက ညနေဆိုအချိန်မှန် ငိုပါတယ်။ ဒါပေမယ့် နောက်ပိုင်း တဖြည်းဖြည်းသက်သာလာပါတယ်။ ဒါပေမယ့်ဆရာ အခုတစ်ခါတစ်ခါပြန်ဖြစ်နေပါတယ်။ ဖြစ်ရင် ညဘက်တွေဖြစ်တာ များပါတယ်။ အိပ်ခါနီးဂျီသလိုလို လေအောင့်သလိုလို ငိုပါတယ်။ ညနေ စာထမင်းစားပြီးတိုင်း နာနာကစ် တိုက်ရတယ်။ သမီး အဲလေဆေးတွေကိုအမြဲမတိုက်ချင်ဘူး။ ကလေးအတွက် အန္တရာယ်ဖြစ်စေနိုင်လားဆရာ။ ကလေးရဲ့အစာအိမ်က ဒီဆေးမတိုက်ရင် ကောင်းကောင်းအလုပ်မလုပ်နိုင်တာမျိုး ဖြစ်နေမှာကို အရမ်းစိုးရိမ်မိပါတယ်။ အလိုမျိုးတွေရော ဖြစ်နိုင်လားဆရာ။


A: 11:25am Sep 15, 2013
၁ဝ ကျော်ဆိုတာ၊ ၁ဝ လ လား၊ ၁ဝ နှစ်လား။ ဆေးနာမည်ကို အင်္ဂလိပ်စာလုံးပေါင်းရေးမှ သိမယ်။ တလုံးကလေးလွဲရင် မရပါ။ ရောင်းကုန်နာမည်ကို အမျိုးမျိုးပေးတာမို့ နိုင်ငံတိုင်းမှာ မရှိလို့ မှားပြောမိရင် မကောင်းပါ။

Q: 11:30am Sep 15
10 လကျော်ပါဆရာ။ ဆေးနာမည်က nana kid ပါဆရာ။

A: Nana Kid ဆိုတာကို ဂူဂယ်လ်မှာရှာရင် မဆိုင်တာတွေသာတွေ့တယ်။ လေပါတယ်ဆိုတာ လေနာ-လေအောင့်တာလို့ မှတ်ယူပြီး ရေးထာတဲ့စာတပုဒ် ပို့လိုက်ပါတယ်။

Q: May 25, 2011 at 8:03 AM
ကလေးအတွက် Air X drop ကို အမြဲတိုက်ရင် ဘာဖြစ်တတ်ပါသလဲ။ အညွန်းထဲမှာတော့ ၂ ကြိမ်တိုက်လို့ ရတယ်လို့ ရေးထားပါတယ်။ ဆရာပြောလို ဆေးမတိုက်ဘဲ ထားကြည့်တာ မရလို့ပါ။ ရင်လူးဆေးတွေ လူးလဲမရပါဘူး။ အော်အော် နေပါတယ်။ လေလဲထုတ်ပါတယ်။ Air X တိုက်လိုက်ရင်တော့ ခဏလေးနဲ့ ငြိမ်ပြီးအိပ်သွားပါတယ်။ စိုးရိမ်တာက ဆေးက ကောင်းတာလား၊ ဒါမှမဟုတ် အိပ်ဆေးလိုဟာမျိုး ပါနေလားလို့ပါ။
A: ကလေးငယ်လေးတွေ ငိုတာဟာ ဗိုက်နာလို့သာ မဟုတ်ဘဲ မိဘတွေ၊ လူကြီးတွေကနေ ဂရုစိုက်စေချင်လို့ ငိုတာလဲ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ထင်ကြတယ်။ ကလေးတွေဟာ မိခင်နို့စို့ရင်းဖြစ်ဖြစ် နို့ဗူးစို့ရင်းဖြစ်ဖြစ် လေကိုပါ မျိုချလို့ လေအပိုတွေကြောင့် ဗိုက်နာတတ်တယ်။ ဗူးသုံးရင် Anti Colic Baby Bottles သုံးပါလို့ ညွှန်တယ်။

ကလေး ဗိုက်နာတာကို ကုစားနည်း တမျိုးထဲရှိတာတော့ မဟုတ်ပါ။ တမျိုးနဲ့ မရရင် နောက်တမျိုး လုပ်ရလိမ့်မယ်။ အဓိကကတော့ ကလေးကို ခြော့ပေးဘို့ဘဲ။ သူစိတ်ရှုတ်တာကို လျော့စေဘို့ ဖြစ်တယ်။ ဘာလို့ အော်ငိုသလဲ သိအောင် လုပ်ရမယ်။ ပြုစုသူရဲ့ စိတ်ပူပန်မှုကိုလဲ လိုတာထက် မပိုစေရပါ။ ကလေးတွေဟာ လုံးဝဆိတ်ငြိမ်နေတာ သိပ်မကြိုက်ပါ။ သီချင်းသံ ဖွင့်ထားတာမျိုး လုပ်သင့်တယ်။ ကလေး ဆာတဲ့အထိ မစောင့်ပါနဲ့။ နို့တိုက်နေရင် နို့မဝခင် ခဏနားပေးပါ။

အသုံးပြုနိုင်တဲ့ နည်းတွေ -
• Swaddling ကလေးအနှီး ထပ်ပတ်ခြင်း၊
• Side/stomach soothing ကလေးကို ဘေးတိုက် ဒါမှမဟုတ် မှောက်သိပ်ပါ၊
• Shushing sounds ကလေးကို ဗိုက်ထဲမှာနေတုံးက ကြားနေရတဲ့အသံမျိုး ကြားစေအောင်လုပ်ပါ။ ဥပမာ မောင်းနေတဲ့ ကားပေါ်တင်တာ၊ ဆံပင်ခြောက်ကရိယာကို အသံမည်စေတာ လုပ်ပါ၊
• Swinging ပုခက်လွှဲပေးတာ၊
• Sucking ကလေးပါးစပ်ထဲမှာ စုပ်စရာတခု ထည့်ထားပေးတာ လုပနိုင်တယ်။

သုံးနိုင်တဲ့ ဆေးတွေ -
• Aden + Anais 100% Cotton Muslin Swaddle Wrap, Jungle Jam, 4 Pack
• Baby SleepSack Wearable Cotton Blankets Halo Innovations
• Colic Calm All Natural Gripe Water
• Colic Gas Relief
• Dentinox Infant Colic Drops 100ml
• Enfamil Nutramigen LIPIL with Enflora Powder for Infants with Iron, 12.6-Ounce Cans (Case of 6)
• Equate – Infants’ Gas Relief Drops, Simethicone 20 mg
• Gripe Water, Gripe Mixture
• Happi Tummi Removable Waistband – Blue
• Hyosyne drops for colic
• Infacol Wind Drops
• Kids Baby Sleep Bag
• Little Tummys Gas Relief Drops for Newborns, Infants Children, Berry, 1 Ounce (Pack of 3)
• Little Tummys Gripe Water – 4 oz
• Miracle Blanket -Baby Swaddling Blanket -Pink
• Mommy’s Bliss Gripe Water, Liquid, 4-Ounce Bottles (Pack of 2)
• Newborn Rock ‘n Play Sleeper, Yellow
• Similac Alimentum Advance Protein Hypoallergenic Formula with Iron, Ready to Feed, 8-Fluid Ounces (Pack of 24)
• Ultimate Baby Music – Baby Got Colic (White Noise for Babies)

Dr. တင့်ဆွေ
၂၅-၅-၂ဝ၁၁
၁၅-၉-၂ဝ၁၃
Credit: Dr. Tint Swe #DrTintSwe

Baby Health

11 Blog posts

Comments