Baby Hair ကလေးဆံပင်
baby hair growth
ဒေါက်တာတင့်ဆွေ
၁၁-၉-၂ဝ၁၇
Unicode
၁။ သမီးလေးအသက်က ၁၀ လပါရှင့်။ ဆံပင်ပေါက်နည်းလို့ ဆေးလေးညွန်ပေးပါရှင့်။
၂။ ဆရာ ကျမအသက်က ၃၇ထဲမှာပါ။ သမီးတွေကတော့ ၆နှစ်နဲ့ ၄နှစ်ပါ။ ဆံပင်ပါး (နည်း) ကြတယ်။ အဲ့ဒါ ထူလာအောင် ဘယ်လိုအစားအစာ ဘယ်လိုအရာတွေများ သုံးလို့ရမလဲ ညွှန်ပေးပါလား။ ကတုံးတော့ မတုံးစေချင်တော့ဘူး။ အချိန်ရရင် ပြန်ဖြေပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။
1. Mild baby shampoo အပျော့စား ဘေဘီရှန်ပို တစက် + ရေခပ်နွေးနွေးကို ကလေးဆံပင်မှာတင်ပြီး ညင်ညင်သာသာ စက်ဝိုင်းပုံပွတ်ပေးပါ။ အညစ်အကြေးတွေနဲ့ ဆီတွေကင်းစင်စေပြီး ဆံပင်ပေါက်လာမှာကို အားပေးတယ်။ ရေနဲ့ စင်အောင်ဆေးပါ။ တဘက်နူးညံ့တာသုံးပါ။
2. Mineral oil ခေါ် သဘာဝဆီလမ်းပေးပါ။
3. Switch up the direction ကလေးညအိပ်အနေအထား ပြောင်းပေးပါ။
4. Growth stage ဆံပင်ကြီးထွားချိန် ၃ နှစ်နဲ့ Resting stage နားချိန် ၃ လကြာတယ်။ နားချိန်မှာဆံပင်တွေဟာ ဖေါ်လီကယ်ခေါ်အတွင်းမှာသာနေသေးတယ်။ နောက်ပေါက်လာ ကြီးထွားလာတယ်။ ဆံပင်စုစုပေါင်းရဲ့ ၅-၁၅% တို့က နားနေချိန်မှာနေတယ်။ နေမကောင်းတာ၊ စိတ်အလိုမကျတာ၊ ဟော်မုန်းပြောင်းလဲတာတွေကနေ သက်ရောက်နိုင်တယ်။ ဆံပင်ကျွတ်မယ်။
5. Tummy time ခေါ် ကလေးဝမ်လျှားမှောက်နေချိန်အတွက် အချိန်မနည်းစေရ။ လည်ပင်းနဲ့ ဦးခေါင်းကို သန်မာစေတယ်။
6. Cradle cap ခေါ် ပုခက်ထဲမှာသုံးတဲ့ ကလေးခေါင်းစွပ် နေ့စဉ်လဲပေးပါ။ ဆံပင်ကို နူးညံတဲ့ဘီးနဲ့ဖီးပေးပါ။ ဆံပင်ထဲမှာ အဖြူဖတ်လေးတွေရှိရင် ဆံပင်ပေါက်လားရာနဲ့ ဆန့်ကျင်ပြီး ဘီးနဲ့ဖီးပေးပါ။
7. Vitamins and minerals ဗီတာမင်နဲ့ ဓါတ်ဆားပါ ကလေးအားဆေးတိုက်ပါ။
• Babies and Vitamins ကလေးငယ်နဲ့ ဗီတာမင် http://doctortintswe.blogspot.com/2017/01/babies-and-vitamins.html
• Hair Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် http://doctortintswe.blogspot.com/2014/11/hair-health.html
• Hair Loss (1) ဆံပင်ကြွတ်ခြင်း (၁) http://doctortintswe.blogspot.com/2014/11/hair-loss.html
• Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ http://doctortintswe.blogspot.com/2014/11/hair-loss-in-women-treatments.html
• Scalp Fungus ဆံပင်မှို http://doctortintswe.blogspot.com/2016/01/scalp-fungus.html
• Tonics for Children ကလေးအားဆေး http://doctortintswe.blogspot.com/2017/06/tonics-for-children.html
ဒေါက်တာတင့်ဆွေ
၁၁-၉-၂ဝ၁၇
Credit: Dr. Tint Swe #DrTintSwe
Baby Health
11 Blog posts
Comments