Baby health ကလေးကျန်းမာရေး

မင်္ဂလာပါဆရာ ကျွန်မသားလေးက ၈ လရှိပါပြီဆရာ။ ၂၂ ပေါင်ရှိပါတယ်။ ၆ လကျော်မှအစာစကျွေးပါတယ်။ ထမင်း/ပဲ/အသား/ဥ/တ

 

မင်္ဂလာပါဆရာ ကျွန်မသားလေးက ၈ လရှိပါပြီဆရာ။ ၂၂ ပေါင်ရှိပါတယ်။ ၆ လကျော်မှအစာစကျွေးပါတယ်။ ထမင်း/ပဲ/အသား/ဥ/တခါတရံအရွက်ကို blender နဲ့ကြိတ်ကျွေးပါတယ်။ အစာသိပ်မစားချင်ဘူးဖြစ်နေပါတယ်။ ကလေးအသက် ၈ လအရွယ်လိုအပ်တဲ့ အစာ/ အားဆေး/ ကာကွယ်ဆေးတွေသိလိုပါတယ်ဆရာ။ ကျန်းမာရေးဌာနက ထိုးပေးတဲ့ ကာကွယ်ဆေးတွေတော့ထိုးနေပါတယ်။ ပြီးတော့ ဝမ်းလျောကာကွယ်ဆေးလဲတိုက်ထားပါတယ်။ တခြား လိုအပ်တာတွေ လမ်းညွှန်ပေးပါဦးရှင့်။ သားလေးကချောင်းခဏခဏဆိုးတော့ Amoxicillin 125mg ကို ၅ ရက်ပြည့်အောင် ခဏခဏတိုက်တာ side effect ရှိမရှိသိလိုပါတယ်ရှင့်။

ကာကွယ်ဆေးက ၆ လဆိုရင် မထိုးမဖြစ်တာတွေ ပြည့်သလောက်ပါ။ နိုင်ငံအလိုက် ထိုးတာတွေတော့ရှိတယ်။
အစာမစားချင်တာအတွက် စာတပုဒ်ပို့ပါတယ်။ ပါးစပ်ထဲဝင်တာကိုသာ ဂရုစိုက်ပါ။ ပိုးသေဆေးကို အမြဲတန်း တိုက်ဘို့မလိုပါ။ များသောအားဖြင့် ဖျားတာ၊ နာတာ၊ ဝမ်းပျက်တာတွေက ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်။ ပိုးသေဆေးမလိုပါ။ Cypon syrup (ဆိုက်ပွန်) ဆေးရည် အကြောင်းပို့လိုက်ပါတယ်။

ကလေးအသက် ကာကွယ်ဆေးအမည်
- မွေးကာစ BCG ဘီစီဂျီ တီဘီကာကွယ်ဆေး
- မွေးကာစ OPV ပိုလီယို ၁
- မွေးကာစ Hep B အသဲရောင် ဘီ ၁
- မွေးကာစ HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (မထိုးမနေရမဟုတ်) (မိန်းကလေးများသာ)
- ၄ ပါတ် (၁ လ) Hep B အသဲရောင် ဘီ ၂
- ၆ ပါတ် (၁ လခွဲ) DPT (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ၁၆ ပါတ် (၁ လခွဲ) OPV ပိုလီယို ၂
- ၆ ပါတ် (၁ လခွဲ) Haemophilus influenzae type B vaccine (HiB) (မထိုးမနေရမဟုတ်)
- ၆ ပါတ် (၁ လခွဲ) Pneumococcal (မထိုးမနေရမဟုတ်)
- ၁ဝ ပါတ် (၂ လခွဲ) DPT (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ၂
- ၁ဝ ပါတ် (၂ လခွဲ) OPV ပိုလီယို ၃
- ၁ဝ ပါတ် (၂ လခွဲ) Pneumococcal နူမိုကော်ကယ် (မထိုးမနေရမဟုတ်)
- ၁ဝ ပါတ် (၂ လခွဲ) Haemophilus influenzae type B vaccine (HiB) (ဟေမိုဖီးလပ်စ်) (မထိုးမနေရမဟုတ်)
- ၁ဝ ပါတ် (၂ လခွဲ) Inactivited Polio Vaccine (IPV) ပိုလီယိုတမျိုး (မထိုးမနေရမဟုတ်)
- ၁၄ ပါတ် (၃ လခွဲ) DPT (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ၃
- ၁၄ ပါတ် (၃ လခွဲ) OPV ပိုလီယို ၄
- ၁၄ ပါတ် (၃ လခွဲ) Pneumococcal (မထိုးမနေရမဟုတ်)
- ၁၄ ပါတ် (၃ လခွဲ) Haemophilus influenzae type B vaccine (HiB) (ဟေမိုဖီးလပ်စ်) (မထိုးမနေရမဟုတ်)
- ၁၄ ပါတ် (၃ လခွဲ) Inactivited Polio Vaccine (IPV) ပိုလီယိုတမျိုး (မထိုးမနေရမဟုတ်)
- ၁၈ ပါတ် (၄ လခွဲ) OPV ပိုလီယို ၅
- ၆ လ Hep B အသဲရောင် ဘီ ၃
- ၆ လ Rotavirus (ရိုတာဗိုင်းရပ်စ်) ဝမ်းလျှောရောဂါ၊
- ၆ လ Influenza တုပ်ကွေး
- ၉ လ Measles ဝက်သက်
- ၁၂ လ Varicella (ဗေရီဆဲလား) ရေကျောက်၊ (မထိုးမနေရမဟုတ်)
- ၁၅ လ MMR ပသိရောင်-ဝက်သက်-ဂျာမန်ဝက်သက်၊
- ၁၅ လ Pneumococcal Booster နူမိုကော်ကယ် (မထိုးမနေရမဟုတ်)
- ၁၅ လ Inactivited Polio Vaccine (IPV) ပိုလီယိုတမျိုး (မထိုးမနေရမဟုတ်)
- ၁၈ လ DPT Booster (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ထပ်ထိုး ၁
- ၁၈ လ OPV Booster ပိုလီယို ထပ်ထိုး ၁
- ၁၈ လ Haemophilus influenzae type B vaccine (HiB) Booster (မထိုးမနေရမဟုတ်)
- ၂ နှစ် Typhoid တိုက်ဖွိုက်
- ၂ နှစ် Hepatitis A အသဲရောင် အေ
- ၄ နှစ် MMR ပသိရောင်-ဝက်သက်-ဂျာမန်ဝက်သက်၊
- ၅ နှစ် DPT Booster (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ထပ်ထိုး ၂
- ၅ နှစ် OPV Booster ပိုလီယို ထပ်ထိုး ၂
- ၁ဝ နှစ် Hep B Booster အသဲရောင် ဘီ ထပ်ထိုး
- ၁၅-၁၆ နှစ် TT မေးခိုင်ထပ်ထိုး

မှတ်ချက်။
(၁) အထက်ပါ ကာကွယ်ဆေးဇယားကို မြန်မာနိုင်ငံအခြေအနေနှင့် နီးစပ်သည့် အိန္ဒိယမှာသုံးသည်။
(၂) ကာကွယ်ဆေးဇယားသည် တိုင်းပြည်အလိုက် ကွဲပြားနိုင်သည်။
(၃) Pentavalent Vaccine ၅ မျိုး (ဆုံဆို့နာ-ကြက်ညှာ-ချောင်းဆိုး + မေးခိုင် + အသည်းရောင် (ဘီ) + ဟေမိုဖီးလပ်စ်-ဦးနှောက်အမြှေးရောင် + ဟေမိုဖီးလပ်စ်-အဆုတ်ရောင်) ကာကွယ်ဆေးသစ်ကို သုံးပြီးနောက် အထက်ပါဇယားကို အပြောင်းအလဲလုပ်ရသည်။
(၄) HPV သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အမေရိကားမှာ အသက် ၉ နှစ်မှ ၂၆ နှစ် မိန်းကလေးများသာ ထိုးသည်။

ဒေါက်တာတင့်ဆွေ
Credit: Dr. Tint Swe #DrTintSwe
Source: https://doctortintswe.blogspot.com/2014/11/baby-health.html


Baby Health

11 blog messaggi

Commenti